Monthly Archive Page

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုး၏အရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည်  ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပါသည်။

            ပခုက္ကူမြေပဲဈေးကွက်တွင် ဒီဇင်ဘာ(တတိယ)ပတ်အတွင်း မြေပဲဈေးများ ဆက်လက်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုတစ်ပတ်တွင် (၃)လ မြေပဲတောင့်(အခြောက်) များ ယောနယ်ဒေသမှ အများဆုံးဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်းသို့ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၅၀၀၀၀)ခန့်၊ အိတ်(၂၀၀၀)ခန့်ဝင်ရောက်လျက်ရှိကြောင်း၊ မြေပဲတောင့် (အခြောက်) တစ်ပိဿာ ကျပ်(၂၉၅၀/ ၃၀၀၀)ဈေးဖြင့် ပေါက်ဈေးရှိပြီး၊ မြေပဲဆံမှာ မြေပဲ(အဆံ) ဝင်ရောက်မှု နည်းပြီး မြို့ပေါ်ရှိလုပ်ငန်းရှင်များမှ မြေပဲတောင့်များကို ကြိတ်ခွဲပြီး အဆံထုတ်ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ယခုတစ်ပတ်အတွင်း မြေပဲဆံတ

        မုံရွာမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သောငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့ရှိ ပွဲရုံများမှတဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်းသိရှိရပါသည်။ မုံရွာမြို့တွင် စိုက်ပျိုးသောကျောက်စိမ်းငရုတ်သီးဈေးမှာ ယခုလက်ရှိအချိန်တွင် ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် (၈၀၀-၁၀၀၀)ကျပ်နှုန်း၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၁၀၀၀-၁၂၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်တဲ၊ ကျောက်ခွက်၊ ဘုမ္မန

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တောင်ချောင်းဘက်ရှိလိမ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာစသည့်ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဒီဇင်ဘာတတိယပတ်တွင်ကံမမြို့ပေါ်ရှိ ပွဲရုံများသို့ ပဲတီစိမ်းသီးနှံမှာ (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၆၇၅၀၀)ဖြင့်နေ့စဉ် (၁၅)အိတ်ခန့်ဝင်ရောက်ကြောင်း၊ မတ်ပဲသီးနှံမှာ (၃၀)ပိဿာဝင် တစ်အိတ် လျှင် ကျပ်(၈၄၇၅၀)ဖြင့်နေ့စဉ် (၅၀)အိတ်ခန့်ဝင်ရောက်ကြောင်း၊ ထို့အပြင် ပဲစဉ်းငုံ(အသစ်)များထွက်ပေါ် လျက်ရှိရာ (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၇၉၅၀၀)ဖြင့် (၄/၅)အိတ်ခန့် စတင်ဝင်ရောက်လျက်ရှိပါ

        ကယားပြည်နယ်တွင် စပါးနှင့်ပြောင်းကိုအဓိကထားစိုက်ပျိုးလျှက်ရှိပြီး အချို့ဒေသများ တွင် ရွေ့ပြောင်းတောင်ယာမှ နှစ်ရှည်သီးနှံပြောင်းလဲ၍ကော်ဖီသီးနှံကိုနှစ်ရှည်သီးနှံအဖြစ်စိုက် ပျိုးလာရာ ၂၀၂၁-၂၀၂၂ခုနှစ် ကော်ဖီစိုက်ဧက (၇၀၉)ဧက ၊ ရိတ်ဧက (၂၀၈)ဧကနှင့်တစ်ဧက (၁၄၆.၅၅ )ပိဿာထွက်ရှိပြီးစုစုပေါင်းအထွက်နှုန်းမှာ ( ၃၀၄၈၃ )ပိဿာထွက်ရှိကြောင်း၊ ကော်ဖီကိုဒီမောဆို၊ ဒေါဘျာကူဒေသနှင့် ဖရူဆို ၊ ဟိုယာ / ဘီယာဒေသများတွင် အများဆုံးစိုက် ပျိုးကြပြီးနည်းပညာအနေဖြင့် ဂျပန်(စိုက်၊ခူး၊သန့်စင်)နည်းဖြင့်စိုက်ပျိုး၍  ပြည်တွင်းဈေးကွက် အနေဖြင့်ရန်ကုန်မြို့သို့ တင်ပို့ပြီး ပြည်ပဈေးကွက်

      သရက်မြို့၌ ကြက်သွန်နီစိုက်တောင်သူအများစုသည် သီတင်းကျွတ်ကာလတွင် ကြက်သွန်နီများကို စတင်ပျိုးထောင်လေ့ရှိကြပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှု များသောကြောင့် ကြက်သွန်နီ ပျိုးပင်များစွာပျက်စီးခဲ့ရသဖြင့် တန်ဆောင်မုန်းလဆန်းတွင် တဖန်ပြန်လည် ပျိုးထောင်ကြပါသည်။ ၎င်းကိုတောင်သူအခေါ်ဖြင့် (ပျိုးနောက်ကျသည်)ဟုလည်းခေါ်ကြပါသည်။

         အိမ်နောက်ဖေးဈေးဆိုင်တည်ဟူသည့် ရှေးစကားအတိုင်း မိမိတို့နေထိုင်ရာ အိမ်အနောက်ရှိ မြေကွက်လပ်များတွင် စားဖိုဆောင်သီးနှံများစိုက်ပျိုးခြင်းသည် ဈေးဖိုးကုန်ကျစရိတ်ကို အတော် အသင့်ထိန်းသိမ်းရာရောက်ပါသည်။ စားဖိုဆောင်သီးနှံများအနက်မှ ခရမ်းချဉ်သီးမှာ ရာသီအချိန်အခါမရွေး စိုက်ပျိုးနိုင်ခြင်းနှင့် အိမ်၌ဟင်းချက်ရာတွင်သာမက ဈေးတွင်လည်းရောင်းချနိုင်သည့်အတွက် မိသားစုအပိုဝင်ငွေရရှိသောသီးနှံဖြစ်ပါသည်။

          ကယားပြည်နယ်တွင် ပဲအမျိုးမျိုးစိုက်ပျိုးလျက်ရှိရာပဲပုတ်ကိုလည်း အဓိကထားစိုက်ပျိုး ကြပါသည်။ ပဲပုတ်သည်လူအများစုကြိုက်နှစ်သက်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည် Protein ဓာတ်ကြွယ်ဝသော အစားအစားတစ်မျိုးဖြစ်ပြီး ဒေသထွက်ပဲပုတ်စေ့မှ ပဲပြား၊ ပဲနို၊ ပဲပုတ်ပြားများ ထုတ်လုပ်ပြီး ဈေးကွက်အတွင်းရောင်းချကြရာ ပဲပုတ်ပြားသည်ဒေသထွက် ရိုးရာအစားအစား များတွင်တစ်မျိုးပါဝင်ပြီး ဒေသတွင်စားသုံးခြင်း၊ ဒေသထွက်လက်ဆောင်ပစ္စည်းအဖြစ်လည်း ရောင်းချလျှက်ရှိပါသည်။ ပဲပုတ်ကိုလွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်အများဆုံးပြု လုပ်ရောင်းချကြပြီး ယခုလက်ရှိဒီဇင်ဘာ

        ယခုနှစ်ဆောင်းရာသီကာလ၌ အညာဒေသ၏ ရာသီစာ အစားအစာတစ်ခုဖြစ်သော ထန်းပင မြစ်များကို လှိုင်လှိုင်ရောင်းချလျက်ရှိပြီး ဝယ်ယူစားသုံးသူများပြားကာ ဈေးကောင်းရရှိနေကြောင်း သိရပါသည်။

          ကယားပြည်နယ် ဒီဇင်ဘာလစတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ဓါတ်မြေဩဇာ ဈေးနှုန်းများမှာ ယူးရီးယား(အာမို)တစ်အိတ်လျှင် (၁၁၃၀၀၀)ကျပ်၊ ယူးရီးယား(ဩဘာ) တစ်အိတ်လျှင်(၁၁၀၀၀၀)ကျပ်၊ တီစူပါ(သံကွင်း)တစ်အိတ်လျှင်(၁၃၅၀၀၀)ကျပ်၊ ပုလဲရွှေတောင် တစ်အိတ်လျှင်(၁၁၀၀၀၀)ကျပ်၊ ရွှေကောမတ်တစ်အိတ်လျှင်(၁၃၅၀၀၀)ကျပ်၊ ပိုတက်(ဂျာမနီ) တစ်အိတ်လျှင်(၁၃၅၀၀၀)ကျပ်၊ ကူကြာကူတစ်အိတ်လျှင်(၁၀၅၀၀၀)ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်ကြလျှက်ရှိပြီး ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ယူးရီးယား(အာမို) တစ်အိတ်လျှင်(၂၀၀၀)ကျပ်၊ ယူးရီးယား(ဩဘာ) တစ်အိတ်လျှင်(၅၀၀၀)ကျပ်၊ တီစူပါ(