Monthly Archive Page

       ကယားပြည်နယ်အတွင်းဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းမှာ  အောက်တိုဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ကျပ်(၉၀၀၀) အထက်တွင်ရှိခဲ့ရာမှ တဖြည်းဖြည်း ဈေးထပ်မံကျဆင်းလာကြောင်းတွေ့ရှိရာ ယခု နိုဝင်ဘာလ နောက်ဆုံးပတ်တွင်  ဖြစ်ပေါ်ခဲ့သော စားအုန်းဆီဈေးနှုန်းများမှာ (၆၅၀၀)ကျပ် နှင့် ယခင်အပတ်တွင် ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သော စားအုန်းဆီဈေးနှုန်းမှာ(၇၃၀၀)ကျပ် ဖြစ်ပြီး ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်ကြည့်လျှင် ကျပ်(၈၀၀) ထိ ကျဆင်းလာခဲ့ပါသည်။ ပြည်နယ်အတွင်း စားအုန်းဆီဈေးနှုန်း ကျဆင်းခဲ့ခြင်းမှာ ပြည်တွင်းငွေကြေး ဈေးနှုန်းအပေါ် မူတည်နေကြောင်း တွေ့ရသည်။

        ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ စတုတ္ထပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၅၈၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၄၀၀ကျပ်၊ မနောသုခ တစ်ပြည် ၁၇၀၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၄၀၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၈၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၄၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၂၅၀ကျပ်မှ ၅၅၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၈၅၀ကျပ်မှ ၄၅၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၅၀၀ကျပ်မှ ၂၀၀၀

      ကယားပြည်နယ်သည် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် ပြောင်းကို အဓိက စိုက်ပျိုးကြပြီး ယခုလအတွင်း အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၂၀) ကျပ်ခန့်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

        ကွမ်းသီးနှင့် သီဟိုစေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိကြောင်းသိရှိရပြီး ယခု နိုဝင်ဘာလ ၂၉ ရက်တွင် ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် (၆၅၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၅၀၀ဝိ/-) နှုန်းစျေးပေါက် နေကြောင်းသိရှိရပါသည်။ သီဟိ

              မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် စပါး၊ပဲ၊နှမ်း၊ငရုတ်စသည့် သီးနှံများစိုက်ပျိုးမှုများသော်လည်း ပဲမျိုးစုံအနက်မှ ပဲစဉ်းငုံသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံကို ကျောက်ဆည်မြို့နယ်တွင် (၁၃၁၂)ဧက၊ မြစ်သားမြို့နယ်တွင်(၇၀၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ယခင်နှစ်ကာလတူတွင် ကျောက်ဆည်မြို့နယ်၌ (၂၁၂၅)ဧက ၊မြစ်သားမြို့နယ်တွင် (၉၈၈)ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခုနှစ်တွင် ယခင်နှစ်အောက် လျော့နည်းစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှုနည်းပြီး  နှမ်း၊ဝါ၊ပဲတီစိမ်းသီးနှံများထဲတွင် သီးည

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ယာမြေများ၌ စက်တင်ဘာလတွင် ရွာသွန်းသောမိုးရေကြောင့် အောက်တိုဘာလဆန်းတွင် ယာမြေများ၌ ကုလားပဲကို မိုးရေအစိုဓါတ်ဖြင့် စတင်စိုက်ပျိုးပါသည်။ အချို့မှာ မိုးရေအစိုဓါတ်အပြင်ရေစက်များဖြင့် ရေတင်၍ စိုက်ပျိုးကြကြောင်း၊ ရေဖြင့်ထပ်မံတင်၍ စိုက်ပျိုးသောယာမြေများသည် မိုးရေဖြင့်စိုက်ပျိုးသော ယာမြေများထက် ပို၍ကောင်းမွန်ပြီး အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း တောင်သူများထံမှသိရှိရပါသည် ။ တောင်သူများသည် ကုလားပဲမျိုးကို မိမိ၏အိမ်တွင်သေချာစွာ သိမ်းဆည်းထားပြီး မျိုးအဖြစ်အသုံးပြုကြသလို အချို့‌တောင်သူများသည် ဝယ်ယူ၍စိုက်

       ၂၀၂၂ ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ) တစ်ပြည် ၄၅၀၀ကျပ်၊ ဧည့်မထဆန် တစ်ပြည် ၂၃၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၅၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၆၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် (ရှည်)တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၈၀၀ကျပ်၊ အာလူး တစ်ပိဿာ ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၄၀၀၀ကျပ်၊ ချင်း တစ်ပိဿာ ၂၅၀၀ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် နိုဝင်ဘာလ စတုတ္ထပတ်၌ ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင်(၉၇၀၀၀)ကျပ်၊ တီဆူပါ(လေဆာ) (50)kg တစ်အိတ်လျှင်(၁၉၀၀၀)ကျပ်၊ ယူရီယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန(သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာ ဈေးနှုန်း များမှာ ပုလဲ(၄၆%) (50)kg တစ်အိတ်လျှင် (၁၃၂၅၀၀)ကျပ်၊ ကွန်ပေါင်း(၁၅ပတ်လည်) တစ်အိတ်လျှင် (၁၂၄၄၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၄၄၀၀)ကျပ် ဖြစ်ပါသည်။

       မကွေးမြို့ ကန်သာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ် တောင်ကြီး၊ သီပေါ၊  စစ်ကိုင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်ဒေသတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၂-ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ် ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက် ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ဧရာမင်းဆန်တစ်ပြည်(၂၂၀၀)ကျပ်၊ မှော်ဘီဆန် တစ်ပြည် (၁၉၀၀)ကျပ်နှင့် ချင်း-၃ဆန်တစ်ပြည် (၁၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲ ဆီတစ်ပိဿာ (၁၂၀၀၀)ကျပ်နှင့် စားအုန်းဆီတစ်ပိဿာ(၇၇၀၀)ကျပ်  ရှိကြောင်းသိရသည်။