ဟုမ္မလင်းမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သော မြို့တစ်မြို့ ဖြစ်ပါသည်။ ယခုအချိန်သည် မိုးစပါးစိုက်ပျိုးသော ရာသီဖြစ်သောကြောင့် မိုးစပါးစိုက်ပျိုးပြီးမှုအနေဖြင့် ( ၄၃၇၉၅ ) ဧက စိုက်ပျိုးထားရှိပြီး စိုက်ပျိုးရန်ကျန်ရှိသည့် စပါးများကိုလည်း ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
Monthly Archive Page
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ စတုတ္ထပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဩဂုတ်လ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၅၆၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၃၅၀၀၀၊ တန်အားဖြင့် ၆၇၅၀တန် စီးထွက် ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၇၅၀၀၊ မန္တလေးသို့ အိတ်ရေ ၆၀၄၀၀၊ နေပြည်တော်သို့ အိတ
ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အနေဖြင့် ငရုတ်သီးခြောက် အရှည်များ ဈေးနှုန်း မြင့်တက် လျှက်ရှိပါသည်။ ယခင်က ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၇၀၀၀-၈၀၀၀ကျပ်သာရှိခဲ့ပြီး ဇူလိုင်လ တတိယပတ်မှစ၍ ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လာခဲ့ပါသည်။ ဩဂုတ်လပထမပတ်တွင် ငရုတ်သီး ခြောက်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၁၈၀၀၀-၂၀၀၀၀ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး၊ ယခု ဩဂုတ်လတတိယပတ်တွင် ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၂၃၀၀၀-၂၄၀၀၀ ကျပ်အထိ ဈေးဆက်လက်တက်လာခဲ့သဖြင့် တစ်ပိဿာလျှင် ၄၀၀၀-၅၀၀၀ကျပ် အထိဈေးမြင့်တက် လာခဲ့ပါ သည်။ ငရုတ်သီးခြောက် ဈေးနှုန်းများ မြင့်တက်လာသော်လည်း ပုံမှန်ရောင်းဝယ်မှု ရှိခဲ့ပါသည်။ ငရုတ်သီး အစိုဈ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၂.၈.၂၀၂၂) ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ဝါးခယ်မမြို့နယ် မြို့မဈေးရှိတာဝန်ခံရုံးတွင် ကုန်မျိုးစုံ ရောင်းချနေသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း သြဂုတ်လတွင် ဓါတ်မြေသြဇာစျေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်းများမှာ သံကွင်း (Yuntianhua)မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၁၇၅ဝဝိ၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင် ကျပ် ၁၁၀ဝဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၆၅ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၁၀ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို)တစ်အိတ်လျှင် ကျပ် ၁၁၈၀၀၀/-၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဒါနာဒင် ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၅၉၀၀၊ မာလာမြိုင်ဖန့်ဆို ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၃၆၀၀၊ သန်ဒါး(မြ
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက်၊ မှုံပြာ၊ လင်ဖုံလေး ကျေးရွာများမှ အများဆုံးစိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် စိုက်ပျိုးနိုင်မှုလျော့နည်းသဖြင့် ဈေးကွက် လိုအပ်ချက်ကို ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသဘက်မှ တင်သွင်းရောင်းချ လျက်ရှိကြောင်း၊ ယခု ဩဂုတ်လ စတုတ္ထပတ်တွင် ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျှက်ရှိပြီး ယခင် ဇူလိုင်လ စတုတ္ထ ပတ်တွင် တစ်ပိဿာလျှင် (၅၀၀) ကျပ် ဈေးရှိခဲ့ပြီး ယခင် ဇူလိုင်လ စတုတ္ထပတ်နှင့် ယခု ဩဂုတ်လ စတုတ္ထပတ် နှိုင်းယှဉ်လျှင် တစ်ပိဿာ (၁၀၀၀) က
ကယားပြည်နယ်တွင် အခြေခံစားကုန် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက် သွန်နီကို ပြည်နယ်အတွင်း စားသုံးမှုလိုအပ်ချက်အရ အခြားဒေသဖြစ်သည့် မိထ္ထီလာမှ အများ ဆုံးတင် သွင်းရပြီး ယခုလက်ရှိ ဩဂုတ်လ စတုတ္ထပတ်တွင် ဈေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်သွန်နီ ဈေးနှုန်းမှာ အလုံးကြီးတစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ အလုံးလတ်တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် (၂၅၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင်ဩဂုတ်လ လတတိယပတ်တွင် အလုံးကြီးတစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အလုံးလတ် တစ်ပိဿာလျှင် (၂၃၀၀) ကျပ်၊ အလုံးသေးတစ်ပိဿာလျှင်(၂၀၀၀)ကျပ် ယခင် အပတ်နှင့် ယခု အပတ်နှိုင်းယှဉ်
ကယားပြည်နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကိုလည်း မိုး၊ဆောင်း အဓိကထား စိုက်ပျိုးလျှက်ရှိပြီး မြေပဲကို လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်များတွင် အများ ဆုံးစိုက်ပျိုးကြပြီး ဒေသထွက်မြေပဲကို ဒေသတွင်း ကြိတ်ခွဲ၍ စားသုံးမှုများပြီး အခြားဒေသဖြစ်သည့် တောင်ငူနှင့် ပင်လောင်းသို့ အနည်းငယ်သာ တင်ပို့မှုရှိကြောင်း ၊ လက်ရှိ ဩဂုတ်လ စတုတ္ထပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဒေသထွက်မြေပဲဆံ နှင့် မြေပဲဆီ ဈေးနှုန်းမှာ မြေပဲဆံ တစ်ပိဿ လျှင်(၆၀၀၀) ကျပ်၊ မြေပဲဆီသန့် တစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင် ဇူလိုင
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လစတုတ္တပတ်တွင် ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၄၉၀၀၀၊ ပဲစဉ်းငုံတစ်တင်းကျပ် ၆၂၂၀၀၊ မတ်ပဲ တစ်တင်းကျပ် ၆၂၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၆၀၅၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၆၁၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၆၅၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၆၆၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

















