Monthly Archive Page

         မုံရွာဈေးကွက်အတွင်း၌ ယခင်နှစ်ကထွက်ရှိခဲ့သည့် မြေပဲများ လက်ကျန်နည်းပါးလာသည်နှင့် အမျှ မြေပဲဆံဈေးနှုန်းများမှာလည်း တစ်ရက်ထက် တစ်ရက် မြင့်တက်လျှက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီများမှာ ဒေါ်လာဈေးမြင့်တက်ခဲ့သည့်အတွက် ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း၊ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ‌ဒေသတွင်းမှ ထွက်ရှိသည့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီဈေးနှုန်းများမှာလည်း တရိပ်ရိပ်ဖြင့် မြင့်တက်လာခဲ့ကြောင်း ဆီကုန်သည်များထံမှ သိရှိရပါသည်။

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ နောက်ဆုံးပတ်တွင်  ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းလျှင် ကျပ်၄၄၅၀၀၊ ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ် ၄၆၈၀၀၊ မတ်ပဲ တစ်တင်းလျှင် ကျပ် ၅၂၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၈၇၀၀၊ ကုလားပဲ 929 တစ်တင်းလျှင် ကျပ် ၄၉၇၀၀၊ ကုလားပဲ V2 တစ်တင်းလျှင် ကျပ် ၅၃၅၀၀၊ ကုလားပဲ V3,7 တစ်တင်းလျှင် ကျပ် ၅၃၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးသည် ဇူလိုင်လ(နောက်ဆုံး)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသ များဖြစ်သော ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ် ဈေးတတ်နေပြီး၊ ကသာခရိုင်တွင် ဈေးအေးနေပါသည်။

           ကသာခရိုင်အတွင်းသို့ မန္တလေး၊ မုံရွာ၊ ခင်ဦး၊ ရေဦးဘက်များမှ ကြက်သွန်နီများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ယခုတစ်ပတ်အတွင်း မန္တလေး၊ မုံရွာဘက်မှ (၃၅)ပိဿာပါ အိတ်(၈၀)ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ (၃၅)ပိဿာပါ အိတ်(၅၀)ခန့် ဝင်ရောက်ကြောင်း သိရသည်။

         ကွမ်းသီးနှင့်သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီး အကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိကြောင်းသိရှိရပြီး ယခု ဇူလိုင် ၂၈ ရက်တွင် ဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် (၅၈၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၅၈၀ဝိ/-)နှုန်းရှိပြီး ရန်ကုန် စျ

            မော်လမြိုင်မြို့၌ ယခုဇူလိုင်လတတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန် ဖြစ်နေတဲ့ ဈေးမှာ  ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၈၅၀၀၊ ဆင်(ထိုင်း) ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၈၄၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းအနည်းငယ်တက်လာပြီး  အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရသည်။

         အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၂၁.၇.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၇.၇.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-)  ယခုအပတ် (၁၈၀၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

          ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇူလိုင်လ (တတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံအပြား မှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျှက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန်(၃) သိန်းခွဲခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇူလိုင်လ(၁၅)ရက်မှ (၂၁)ရက်ထိ (၁)ပတ် အတွင်းကုန်စည်ဒိုင်နှင့် သိုလှောင်ရုံမ

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် စစ်ဆေးရေးအရာရှိ ဦးစန်းအောင် (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်၊ သရက်တန်းကျေးရွာနှင့် ထိန်ကန်ကျေးရွာရှိ မိုးနှမ်းစိုက်ပျိုးသော တောင်သူများနှင့် (၂၅-၇-၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) နာရီချိန်တွင် ကွင်းဆင်းလေ့လာ တွေ့ဆုံခဲ့ပါသည်။

            ၂၀၂၂ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၁၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၃၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၈၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၈၀