ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူး ဦးသန့်ဇင်နှင့် မြောင်းမြမြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည်(၂၅.၆.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးဆီရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအား သွားရောက်ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။
Monthly Archive Page
ကယားပြည်နယ်တွင်စပါးကို နွေ/မိုး အဓိကစိုက်ပျိုးကြပြီး ပြည်နယ်တွင်း စိုက်ပျိုးသော စပါးများကို ဒေသတွင်းကြိတ်ခွဲကာ စားသုံးမှုမှာ အနည်းငယ်သာရှိပြီး အများအားဖြင့် မန္တလေးသို့အဓိက တင်ပို့နေကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် ၊ စပါး (နွေ၊မိုး) စိုက်ဧက (၇၂၀၉၅)၊ ရိတ်ဧက (၇၁၉၃၈)၊ အထွက်(၄၇၅၀၅၃၈) တင်းထွက်ရှိပြီး ယခုလက်ရှိ ပြည်နယ်အတွင်း စပါးလက်ကျန်မှာ တောင်သူ များထံ(၁၇၀၀၀၀၀)တင်း၊ ဆန်စက်များတွင် (၁၅၀၀၀၀)တင်း စုစုပေါင်း(၁၈၅၀၀၀၀)တင်း သာကျန်ရှိကြောင်း ၊ ယခုဇွန်လအတွင်း ဒေသထွက်စပါးဈေးနှုန်းမှာတင်း(၁၀၀)လျှင်( ၈၇၀၀၀၀ )ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်
ကယားပြည်နယ်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို လွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးနှင့် ကုန်းသာကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ယခုမိုးရာသီအချိန်တွင် ၎င်းဒေသများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ ဈေးကွက်အတွင်း အများအပြားဝင်ရောက်လာရာ ဒေသ ထွက် ဂေါ်ဖီထုပ်ဈေးနှုန်းမှာ ယခု ဇွန်လအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၅၀၀)ကျပ်၊ အသေး(၂၀၀)ကျပ်ဈေး အရောင်းအဝယ်ဖြစ်လျှက်ရှိရာ ယခင် မေလ တွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး (၈၀၀)ကျပ်၊ အသေး(၄၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခင် မေလ နှင့် ယခု ဇွန်လ နှိုင်းယှဉ်လျှင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၃၀၀)က
ရာသီအချိန်ကာလဖြစ်သော တညင်းသီးးများကို ဇွန်လအတွင်းတွင် စားသုံးသူများက ကြိုက်နှစ်သက်၍ဈေးကောင်းပေးပြီး ဝယ်ယူစားသုံးကြပါသည်။ တညင်းသီး များကို ကယားပြည် နယ် ၊လွိုင်ကော်မြို့နယ် ဒေသရှိကျေးရွာများမှ ထွက်လျက်ရှိရာ ပေါ်ဦးပေါ်ဖျား အချိန်ရာသီ ဖြစ်၍ ဈေးကောင်းရပြီး အဝယ်လည်းလိုက်နေပါသည်။ အခုအဈေးကွက်အတွင်း ရောင်းချနေ သော ကယားပြည်နယ်ထွက် တညင်းသီး များသည် အဓိကအားဖြင့် အမျိုးအစားနှစ်မျိုးတွေ့ရပြီး အလုံးအကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း သိရပါသည်။ တညင်းသီး (စာကလေး) အချော တစ်လုံး လျှင် ကျပ် ၆၀ မှ ၈၀ ကျပ်၊ တညင်းသီး (စာကလေး)အလတ် တစ်လုံးလျှင် ကျပ် ၄၀ မှ ၅၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကြက်သွန်နီစိုက်ဧက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် (၂၇၉၇၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ပါသည်။ ဆောင်းကြက်သွန်နီများကို စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးပြီး အစောဆုံးပေါ်သော ဆောင်းကြက်သွန်နီများမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် စတင်ထွက်ရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် စိုက်ဧကများအားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်ပါသည်။ ကြက်သွန်ပေါ်ဦးပေါ်စတွင် တောင်သူများအနေဖြင့် တစ်ပိဿာလျှင် (၄၀၀/-)ကျပ်မှ (၅၀၀/)ကျပ်အထိသာ ရောင်းချခဲ့ရပြီး အရှုံးမရှိခဲ့သော်လည်း တောင်သူများအနေဖြ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး၊ ၄င်းသီးနှံများအနက်မှ ပဲတီစိမ်း(မိုးကြို/မိုး)ကိုလည်း အများအပြားစိုက်ပျိုးလျှက်ရှိကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ယခင်(၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် (၄၃၁၉၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် (၂၅၆၈၀)ဧက စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် သွင်းအားစုစရိတ်များ မြှင့်တက်နေမှုကြောင့် ယခင်နှစ်ထက် လျော့နည်းစိုက်ပျိုးပြီး ပဲတီစိမ်း(မိုးကြို/မိုး)ကို မတ်လတွင် စတင်စိုက်ပျိုးကြပြီး၊ မျိုးအနေဖြင့် ကျော
မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး အလေးထားဆောင်ရွက်လျက်ရှိရာ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ရေဦးအုပ်စု၊ ရေဦးကျေးရွာမှ လယ်ယာမြေများတွင် ၂၀၂၂ခုနှစ် မေလဆန်းမှစ၍ မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့ သည့် မိုးနှမ်းနှင့် နေကြာသီးညှပ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၇)စုမှ ကျေးရွာစုစုပေါင်း(၁၈၀)ရွာ၌ စပါးစိုက်တောင်သူများ၏ နွေစပါးများစတင်ရိတ်သိမ်းလျှက်ရှိကြောင်း သိရပါသည်။မြို့သစ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် စပါးစိုက်ဧက (၁၁၆၂၀)ဧက လျာထားလျှက်ရှိသော်လည်း စိုက်ဧက(၆၁၁၂)ဧကခန့် စိုက်ပျိုးခဲ့ပြီး စိုက်ဧကအပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း သိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူသူတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ " စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး " မျှော်မှန်းချက်နှင့်အညီ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ

















