စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ မေလ ပထမပတ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနပေါင်းစုံ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေစပါးများ စတင်ရိတ်သိမ်းနေပြီး စိုက်ဧက (၃၁၅၀) ဧကရှိကြောင်း၊ ဇီးကုန်းမြို့နယ်အနေဖြင့် ဇီးကုန်းမြို့နယ် ဘုရားကြီးအုပ်စု၊ ဆိတ်ဖူးကျင်းအုပ်စု၊ ကံကြီးကျေးရွာအနီးတဝိုက် နွေစပါး စိုက်ခင်းအချို့တွင် စိုက်ပျိုးထားသော စပါးမ
Monthly Archive Page
ဈေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးခြင်းကို မကွေးတိုင်းဒေသကြီးအတွင်း နတ်မောက်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျှက်ရှိပြီး နတ်မောက်မြို့နှင့်(၂)မိုင်ခန့် ဝေးကွာသည့် အနောက်လက္ခုပ္ပင်ကျေးရွာတွင်လည်း စပျစ်စိုက်ပျိုးလာကြရာ နတ်မောက်မြို့ပေါ်သို့ ဈေးကွက် တင်ပို့ဖြန့်ဖြူးရောင်းချလျက်ကြောင်း ၊ မိသားစုဝင်ငွေရရှိနေကြောင်း သိရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံဒေါ်ဌေးဌေးဝင်းသည် ၂၇.၅.၂၀၂၂ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အတွင်းရှိ သာစည်ကျေးရွာသည် စလင်း၊ မင်းဘူးကားလမ်းဘေး မုန်းချောင်းတံတား၏ အနောက်ဘက် မင်းဘူးမှစလင်းသို့ သွားရာလမ်းတွင် တည်ရှိပြီး ရွာသူ၊ ရွာသားများသည် မုန်းချောင်းရေဖြင့် သီးနှံမျိုးစုံစိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုကြပြီး ဝင်ငွေများတိုးပွားလျှက်ရှိကြောင်း သိရှိရပြီး မုန်းချောင်းနံဘေး သာစည်ကျေးရွာအတွင်းရှိ တောင်သူဦးမြတ်ချစ်၏ ဒေသထွက်ဂန္ဓမာပန်းများစိုက်ပျိုးထားရှိမှု အခြေအနေအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ထန်းသီးများ စတင်ပေါ်လာပြီဖြစ်ရာ ဈေးကောင်းရရှိလျက်ရှိကြောင်း ထန်းသီးတင်ပို့ရောင်းချနေသူများထံမှ သိရှိရပါသည်။ ထန်းသီးတစ်လုံး လျှင်(၈၀ကျပ်မှ၁၀၀ကျပ်အထိ) ထန်းသီးအလုံး အကြီး/အသေးမျှပြီးအခိုင်လိုက်ဈေးပေး၍ ရောင်းချရ ကြောင်း၊ တစ်နေ့လျှင် ထန်းသီးအခိုင် (၃၀၀)မှ အလုံးအရေအတွက်အားဖြင့် (၅၀၀၀) လုံးခန့် ရရှိပြီး ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ဈေးကွက်တွင် ထန်းသီးတစ်လုံးလျှင်(၁၅၀/)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ထန်းသီးကုန်စိမ်းဒိုင်မှ သိရှိရပြီး ထန်းသီး များကို အုတ်ဖို
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၈.၅.၂၀၂၂) ရက်နေ့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ယောကျ်ားကြီး ငါးငပိလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ပြည်ဈေးကွက်သို့ ရှမ်းပြည်ဘက်မှ ရှမ်းအာလူးနှင့် မန္တလေးဘက်မှ တရုတ်အာလူးများ မေလတတိယပတ်အတွင်း အိတ် ၁၀၀-၁၅၀ ခန့်သာ အဝင်ရှိကြောင်း သိရှိရပါသည်။ အရောင်း အဝယ်အနေဖြင့် ပြည်ခရိုင်ရှိ မြို့နယ်များမှ ဝယ်ယူသူများ၊ ပြည်မြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့် လက်လီဝယ်ယူသူများဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (25.5.2022) ရက်နေ့တွင် ကျောက်မဲမြို့၊ ရပ်ကွက်(7)၊ မြောက်ကုန်းရပ်ရှိ ရောင်းအားကောင်းနေသော "ရွက်နုဝေ” အမှတ်တံဆိပ် အာလူးကြော်နှင့် အသားတုကြော်လုပ်ငန်းသို့ သွားရောက်၍ စားသောက်ကုန်လုပ်ငန်းရှင်ဖြစ်သည့် မပိုးအိမ်စည်နှင့် တွေ့ဆုံပြီး ထုတ်လုပ်ရောင်းချ နေမှုများကို လေ့လာကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ပြည်ကြက်သွန်နီဈေးကွက်သို့ ဆိပ်ဖြူ၊ တောင်တွင်း၊ အောင်လံဘက်မှ ကြက်သွန်နီများ ယခုတစ်ပတ်တွင် ပိဿာ(၃၀)ဝင်အိတ် ၄၅၀ခန့် အဝင်ရှိနေပြီး အရောင်းအဝယ်အနေဖြင့် ပြည်ပွဲရုံ ဈေးကွက်အတွင်း ကဆုန်လပြည့်အလှူအတန်းများကြောင့် အရောင်းအဝယ်သွက်ခဲ့ပြီး ယခုလပြည့် ကျော်နောက်ပိုင်းကာလများတွင် အရောင်းအဝယ်အေးလျက်ရှိပြီး ပြည်ဈေးကွက်မှ သာယာဝတီခရိုင်သို့ လည်းကောင်း၊ ပန်းတောင်း ဥသျှစ်ပင်သို့လည်းကောင်း၊ ဧရာဝတီတိုင်း ကြံခင်းဘက် သို့လည်းကောင်း စျေးကွက်စီးဆင်းမှုများလည်းရှိနေပါသည်။ ဈေးနှုန်းမှာ ယခင်အပတ်ကထက် တစ်ပိဿာလျှင် ကျပ် ၁၅၀နှုန်း မြင့်တက်လျက်ရှိပြီး ပွဲရုံလက်ကားဈေ
ပဲခူးတိုင်းဒေသကြီး၊ပြည်ချင်းပွဲရုံများသို့ မေလပထမပတ်တွင် ချင်းအိတ် ၂၀၀/၃၀၀ ခန့် အဝင်ရှိသည့်အတွက် ချင်းလှောင်လက်သမားများနှင့် ပွဲစားများ အရောင်းအဝယ်ဖြစ်လျက်ရှိနေပြီး ချင်းဈေးများမှာ (ပွဲရုံဈေး) တစ်ပိဿာလျှင် ၉၀၀/၁၀၀၀ကျပ် ဖြစ်ပြီး လက်လီဈေးများမှာ ၁၅၀၀/၁၈၀၀ကျပ် ဈေးဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခင်လထက် ချင်းတစ်ပိဿာ ပေါက်စျေးပေါ် ၂၀၀/၃၀၀ကျပ် ဈေးကျလာသည်ကို တွေ့ရှိရပါသည်။ ဒါးလှီးချင်း(ဖတ်) တစ်ပိဿာလျှင် ၁၇၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိနေပါသည်။
ပြည်ဈေးကွက်တွင် ၂၀၂၂ ခုနှစ် ၊ မေလတတိယပတ်တွင် နှမ်းသီးနှံဈေးများမှာ မေလ ပထမပတ် ကအတိုင်း နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ် ၊ စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် ၁၈၀၀၀၀ ကျပ်ဖြင့် စျေးငြိမ်နေခဲ့ပြီး အောင်လံနှင့် မန္တလေးဝယ်လက်များမှ နှမ်းနက်နှင့် စမုံနက် နှမ်းကို တခါတရံအဝယ်ရှိသဖြင့် အရောင်းအဝယ်ဖြစ်ပါက အိတ် ၂၀၀/၃၀၀ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ နှမ်းနီမှာ ဆီကြိတ်သည့် ဆီစက်သမားများက ဒေသတွင်းသာ ဆီကြိတ်၍ ရောင်းချရန်အတွက် အနည်းငယ်သာ အဝယ်ရှိသဖြင့် အိတ် ၄၀/၅၀ခန့်သာ အရောင်းအဝယ် ဖြစ် လျှက် ရှိပါသည်။ နှမ်းနီဈေးမှာ မေလပထမပတ်ကအ

















