Monthly Archive Page

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုး အစားများ  ဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်))တစ်အိတ် (၉၅၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း (တရုတ်))တစ်အိတ် (၈၀၀၀၀)ကျပ်၊ နိုက်ထိဖောစကာ (သြဘာ) တစ်အိတ် (၇၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုး အစားများဖြစ်သည့် ပိုး(၃)ကောင် (မြန်မာ့ သြဘာ) တစ်ထုပ် (၁၆၅၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ)တစ်ဗူး(၁၆၃၀၀)ကျပ်၊ အစီဖိတ် (သြဘာ)တစ်ဗူး (၁၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း   သိရှိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်လ စတုတ္ထပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မတ်လ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၈၅၀၀ ၊ မန္တလေးသို့ အိတ်ရေ ၃၄၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၈၇၅၀၀၊ တန်အားဖြင့် ၄၃၇၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်

       ထန်းလျက်သည် မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာတို့၏ ရိုးရာအစားအစာတစ်မျိုးဖြစ်သည်။ ထန်းလျက်ကို အစားအစာနှင့် မုန့်များတွင်ထည့်သွင်းအသုံးပြုသကဲ့သို့ ဆေးဝါးအဖြစ်လည်း အသုံးပြု ကြသည်။ ထန်းလျက်ကို သကြားအစားထိုး အချိုဓာတ်အဖြစ်လည်း အသုံးပြုကြသည်။ ထန်းလျက်ကို အညာဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း မြို့နယ်များမှ အများဆုံးထွက်ရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမှ ထွက်ရှိသောထန်းလျက်သည် လူကြိုက်များ၍ နာမည်ကြီးသည်။

             စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၂၁.၃.၂၀၂၂) ရက်နေ့ (၉:၃၀)အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်အဖွဲ့ သည် မိတ္ထီလာမြို့နယ်ရှိမွေ‌ကျေးရွာမှ ဒေါ်သန်းသန်းဆင့် နွားနို့ခဲလုပ်ငန်းသို့ သွားရောက်လေ့လာဆွေးနွေးခဲ့ပါသည်။

           စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ၊ ဦးသန်းစိုးနှင့်အဖွဲ့သည် ၂၀၂၂ခုနှစ်၊ မတ်လ (၂၃ ) ရက်နေ့တွင် သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (One Village One Product) အဖြစ်လုပ်ကိုင်သော  မီးဖိုလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။

          မုံရွာမြို့တဖက်ကမ်းရှိ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်မြေနုကျွန်းများနှင့် ရေဝင်အင်းများတွင် ဆောင်းသီးနှံ (မြေပဲ၊ ကုလားပဲ၊ ကြက်သွန်နီ၊ ပဲကြား) များရိတ်သိမ်းပြီးသည့် ရိုးပြတ်များတွင် မတ်လဆန်းမှစ၍ အစေထုတ်ပြောင်း (မိုးကြိုး)များ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအာလူးပွဲရုံများသို့ ဒေသတွင်း အဝင်မရှိဘဲ အောင်ပန်း မှ တစ်ပတ်လျှင် ၁၂ဘီးကား ၂စီးဖြင့် တအိတ်လျှင် အချိန်၄၀ပိဿာပါ အိတ် ၈၀၀-၁၀၀၀ခန့် ပုံမှန် အဝင်ရှိနေပါသည်။ အောင်ပန်းအာလူး ဆိုဒ်စုံအဝင်ရှိပြီး အရည်အသွေး အလုံးအကြီးအသေးအလိုက် ပွဲရုံဈေး၁ပိဿာ လျှင်  ၁၅၀၀- ၁၆၀၀ -၂၀၀၀ ခန့်ဖြစ်ပြီး လက်လီဈေး ၁ပိဿာလျှင် ၂၄၀၀- ၂၅၀၀ ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဒေသတွင်း အားလူးကြော်လုပ်ငန်း၊ စမူဆာကြော်လုပ်ငန်း၊ မုန့်လုပ်ငန်းရှင်များနှင့် လက်လီအရောင်းဆိုင်များမှ ဝယ်ယူသော်လည်း ယခုအခါတွင် အ‌ရောင်းအဝယ်

          စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ‌ငွေတွင်းကျေးရွာတွင် ထန်းရွက်ခမောက် လုပ်ငန်းကို ရှေးယခင်ကတည်းက မိရိုးဖလာလုပ်ကိုင်ဆောင်ရွက်လျှက်ရှိပြီး ရက်လုပ်ရာတွင်ကုန် ကြမ်း အဖြစ်အသုံးပြုသည့် ထန်းရွက်ကို အရာတော်မြို့နယ်၊ ကျေးရွာများမှ ရရှိကြောင်း၊ အဆိုပါ ထန်းရွက်ခမောက်လုပ်ငန်းကို စီးပွားဖြစ် တွင်တွင်ကျယ်ကျယ်လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း မိသားစု တစ်နိုင်တစ်ပိုင်ဝင်‌ငွေရနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ကုန်ကြမ်း ထန်းရွက်ကို ကိုယ်တိုင်ခုတ်၍ ဈေးကွက်ရာသီဖြစ်သည့် နွေရာသီတွင် အဓိကရက်လုပ်ကြကြောင်း၊ မိမိတို့ မိသားစုဝင်ငွေကိ

         ပြင်ဦးလွင်မြို့သည် တောင်ပေါမြို့ဖြစ်ပြီး ရာသီဥတုအနေဖြင့် အေးမြသောကြောင့် မြို့နေတောင်သူအများစုမှာ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံနှင့်ပန်းမာလ်၊နှစ်ရှည်သီးနှံများအား အဓိကထားစိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်လျက်ရှိပါသည် ။ ၄င်းသီးနှံများအနက်မှ မက်မန် စိုက်ပျိုးမှုအား ပြင်ဦးလွင်မြို့နယ်တွင်(၉၅၃)ဧကစိုက်ပျိုးထားကြောင်း သိရှိရပါသည်။အဓိကစိုက်ပျိုးသောကျေးရွာများမှာ ပန်းဦးတောင်၊ ကုန်ကော်၊ ဆင်ဖြူအင်း၊ အင်းထိပ်၊ ညောင်ကုန်း၊ မျှော့တော တို့တွင် အများဆုံးစိုက်ပျိုးထွက်ရှိပြီး ကျန်ကျေးရွာများတွင်လည်း စိုက်ပျိုးထွက်ရှိလျှက်ရှိပါသည်။ မက်မန်းပင်များကို ဇ

         နတ်ဆေးပင် (ခေါ်) ရှားစောင်းလက်ပပ်အပင်ကို ကျမတို့ စစ်ကိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ နေအိမ်များတွင် အများအပြား စိုက်ပျိုးလာကြသည်ကို တွေ့ရှိ ရပါတယ်၊ ရှားစောင်း လက်ပတ်အပင်သည် မြေကြီးအစိုဓာတ်အသင့်အတင့်ရရှိရုံဖြင့် စိုက်ပျိုးနိုင်ပြီး နေ့စဉ်လုပ် အားခမကုန်၊ ရင်းနှီးစရိတ်မကုန်ဘဲ ဝင်ငွေရရှိနိုင်တဲ့ အပင်လည်း ဖြစ်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ စိုက်ထား သင့်တဲ့ အပင်ဖြစ်ပြီး နတ်ဆေးပင်(ခေါ်) ရှားစောင်းလက်ပတ် အစွမ်း အံ့မခန်းပုံကို တွေ့ရှိရမှာ ဖြစ်ပါတယ်။