ကယားပြည်နယ်တွင် ဒေသအခြေအနေအနည်းငယ်တည်ငြိမ်လာ၍ ပြည်နယ်တွင်းမှ အခြားဒေသသို့ ပြောင်းတင်ပို့မှုများရှိနေပြီး ဖေဖော်ဝါရီလအတွင်း ပြောင်းတင်ပို့နိုင်မှုမှာ (၃၀၇၀)အိတ်(၁၅၀)တန် တင်ပို့နိုင်ခဲ့ကြောင်း၊ ယခင်ဇန်နဝါရီလ တင်ပို့နိုင်မှုမှာ (၂၆၄၆၀)အိတ် (၁၂၉၆)တန် တင်ပို့နိုင်ခဲ့သဖြင့် ယခင်လနှင့် ယခုလနှိုင်းယှဉ်လျှင် ပြောင်းတင်ပို့နိုင်မှုမှာ (၂၃၃၉၀)အိတ်(၁၁၄၅)တန် လျှော့နည်းရခြင်းဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်စည်စီးဆင်းမှုလျှင်မြန်ချောမွေ့မှုမရှိသေးသဖြင့် တင်ပို့မှုလျော့နည်းခဲ့ရခြင်းဖြစ်ကြောင်း၊ ပြောင်းတင်ပို့မှုများမှာ လွိုင
Monthly Archive Page
လူသားတို့၏ဘဝရပ်တည်မှု၌ အဓိကလိုအပ်ချက်သုံးမျိုးဖြစ်သည့် “စားရေး၊ ဝတ်ရေးနှင့် နေရေး” တို့တွင် “စားရေး”သည် အသက်ရှင်မှုအတွက်အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင် လျှက်ရှိရာ လူတို့စားသောက်ရန် ရည်ရွယ်၍ ထုတ်လုပ်ထားသော စားသောက်ကုန်များ၏ အရည် အသွေးမြင့်မားမှုကလည်း ကျန်းမာသက်ရှည်ရေးကိုများစွာ အထောက်အကူပြုလျှက်ရှိပါသည်။
မြန်မာနိုင်ငံတွင် စားသုံးဆီထုတ်ယူရန်အတွက် ဆီထွက်သီးနှံအုပ်စုဟု သတ်မှတ်ထားသော မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီအုန်း နှင့် ပန်းနှမ်း စသည့်အပင်များမှ ထုတ်လုပ်ရရှိသော စားသုံးဆီများ အပြင် ပြည်ပမှ တင်သွင်းလာသော စားအုန်းဆီ၊ ဖွဲနုဆီ၊ ကနိုလာ (မုန်ညင်း)ဆီ နှင့် ပြောင်းဖူးစေ့ဆီ များကို ဟင်းချက်ရာတွင်ဖြစ်စေ၊ ဆီစိမ်းအတိုင်းဖြစ်စေ၊ အိုးကပ်ကြော်၊ နှစ်ကြော်ရန် အတွက်ဖြစ်စေ အမျိုးမျိုး အဖုံဖုံအသုံးပြုလျက်ရှိကြပါသည်။
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂၄)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၅၀၀ မှ ၁၀၀၀ အတွင
အပူပိုင်းဒေသဖြစ်သောမုံရွာနယ်တွင် ခရမ်းချဉ်သီးကို မိုးအကုန်ဆောင်းအကူးတွင် အဓိကထား စိုက်ပျိုးကြခြင်းဖြစ်၍ စက်တင်ဘာလမှစပြီး ဖေဖော်ဝါရီလအလွန်ဆုံးထား စိုက်ပျိုးကြပါသည်။ ထို့ကြောင့် နှစ်စဉ် ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် ဒေသစိုက်ထွက်ရှိမှုမရှိဘဲ ရှမ်းပြည်အင်းသီးများဝယ်ယူသုံးစွဲရပြီး ဈေးနှုန်းအမြင့်ဆုံးအချိန်ဖြစ်ပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၊ ဒီဇင်ဘာလတုန်းက တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ထိ ဝယ်ယူစားသုံးခဲ့ရာက ဇန်နဝါရီလတွင် ၁၅၀၀ ကျပ်၊ ယခင်ပတ်က ၁၀၀၀ ကျပ်ခန့်မှ ယခုလက်ရှိ ခရမ်းချဉ်သီး ရွာဈေးက ၃၀၀ ကျပ်သာရှိပါတော့သည်။ မြို့ဈေးတွင်းလက်လီဝယ်စားရင်တော့ ၇၀၀ ကျပ်ပေးရသ
ကယားပြည်နယ်၏ နယ်မြေဒေသအခြေအနေအနည်းငယ် ပြည်လည်တည်ငြိမ်လာသဖြင့် ပြည်နယ်အတွင်း အခြားဒေသများမှ ကုန်စည်စီးဆင်းမှုများနှင့် ပြည်နယ်မှအခြားဒေသများသို့ ကုန်စည်တင်ပို့မှုများဖြင့် ကုန်သွယ်မှုပြုလုပ်ရောင်းချလျက်ရှိကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရှိရပါသည်။ အဆိုပါမြို့ဦးဂိတ်စာရင်းအရ (၂၂-၂-၂၀၂၂) ရက်နေ့တွင် ကုန်စည်ကားအဝင်များမှာ ကုန်စုံကား(၂)စီး၊ ကွမ်းကား(၂)စီး၊ အချိုရည်ကား(၁)စီးနှင့် ကုန်စည်ကားအထွက်မှာ အချိုရည်ကား(၁)စီး တို့ကိုလည်းကောင်း၊ (၂၃-၂-၂၀၂၂)ရက်နေ့ တွင်ကုန်စည်ကားအဝင်များမှာ ကုန်စုံကား(၂)စီး၊ ငှက်ပျောသီးကား(၂)စီး၊ အချိုရည်ကား(၂)စီးနှင့် ကုန်စည်ကားအထွက
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်အတွင်း အင်းစိန်မြို့နယ် ရှိ အင်းစိန်ဈေးအတွင်းရောင်းချနေသော ရွှေသံလွင်ဆန်ဆိုင်မှ ဆန်ဈေးနှုန်းများကို နေ့စဉ်(၁၀:၀၀) နာရီအချိန်တွင် စုံစမ်းမေးမြန်းကောက်ယူလျက်ရှိပြီး ယင်းဆိုင်တွင် ငစိန်၊ ဧည့်မထ၊ ဇီယာ၊ မနောသုခ၊ ပေါ်ကျွဲ၊ ပေါ်ဆန်းမွှေးနှင့် ရွှေဘို ပေါ်ဆန်းမွှေးဆန်စသည့် ဆန်အမျိုးအစား(၆)မျိုးအား ရောင်းချလျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဖေဖော်ဝါရီ (၈) ရက်နေ့မှ (၁၄)ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာခရမ်း ဖရဲ(885) အကြီးတစ်လုံးကျပ် ၅၀၀၀၊ အလတ်ကျပ် ၄၀၀၀၊ အသေးကျပ် ၃၅၀၀၊ ဘီးလင်းမှ ဖရဲ(211) အကြီးတစ်လုံးကျပ် ၂၀၀၀ ၊ အလတ် ကျပ် ၁၅၀၀၊ အသေး ကျပ် ၈၀၀ နှင့် မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး (ကီလို) အကြီးတစ်လုံး ကျပ် ၄၀၀၊ အလတ် ကျပ် ၃၀၀၊ အသေး ကျပ် ၂၀၀ တို့ရှိကြောင်းသိရသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့်ဝန်ထမ်းများသည် (၂၂.၂.၂၀၂၂) ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ရန်ကုန်-မော်လမြိုင်အဝေးပြေး ကားလမ်းမဘေးရှိ ရောင်းချနေသော ဖရဲသီးအရောင်းဆိုင်များသို့ သွားရောက်၍ ဖရဲသီးဈေးနှုန်း/ဈေးကွက် ရောင်းချနေမှုအခြေအနေကို သွားရောက်လေ့လာခဲ့ကြသည်။

















