ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် စပါးများမှာ ယခင်လထက် ဈေးမြင့်တက်လာကြောင်းကိုသိရှိရသည်။ သနပ်ပင်မြို့နယ်တွင်မိုးစပါး (၁၇၉၀၄၆) ဧက စိုက်ပျိုးခဲ့ပြီး ၊ တစ်ဧကလျှင်ပျမ်းမျှ ၆၁.၆၄တင်းနှုန်း ထွက်ရှိ်ကြောင်းသိရှိရပါသည်။ ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်း စပါးတင်း (၁၀၀) လျှင် (၆၀၀၀၀၀_၆၅၀၀၀၀)ထိ သာဈေးရရှိ၍ တချို့တောင်သူကြီးများမှာ စပါးများကို ထုတ်မရောင်းဘဲ ဈေးကောင်းစောင့် ၍လက်ဝယ် သိုလှောင်ထားကြောင်းကိုသိရှိရသည်။
Monthly Archive Page
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ဒေသထွက်ခရမ်းချဉ်သီး စံချိန်တင် စျေးကောင်း ရရှိသော်လည်း အထွက်နှုန်း နည်းပါးချိန် ရောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ကိုဗစ်ကာလအတွင်း ငှက်ပျောဈေးကွက် အနည်းငယ် အေးစက်နေခဲ့ပြီး ယခုအခါ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။ ကိုဗစ်ကာလအတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများ၊ အလှူပွဲ၊ မင်္ဂလာပွဲများနှင့် ပွဲလမ်းသဘင်များနည်းပါးခြင်းကြောင့် ငှက်ပျောသီး ဈေးနှုန်း ကျဆင်းခြင်း၊ အရောင်းအဝယ်အေးစက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပဲခူးမြို့၊ ညောင်ဝိုင်း၊ ဈေးကြီးတွင် ငှက်ပျောသီးရောင်းဝယ်သူ ကုန်သည်တစ်ဦးကပြောကြားခဲ့ပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ ချင်းများ ရာသီပေါ်ထွက်ရှိ သော်လည်း ကုန်စည်ဒိုင်မရှိ၍ မြို့မဈေးကြီးတွင်သာ ကျပန်းစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေ ကြောင်းနှင့် ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်အုပ်စုများဖြစ်သော လွိုင်မွေအုပ်စု၊ ကတ်ထိုက်အုပ်စုနှင့် ပင်းတောက်အုပ်စုများတွင် ချင်းကို မိုးဥတုနှင့်ဆောင်းဥတု တစ်နှစ်လျှင် နှစ်ကြိမ်ကျ အများဆုံး စိုက်ပျိုးလျှက်ရှိကြောင်းနှင့် ကျိုင်းတုံမြို့နယ်မှ ပိုလျှံသောချင်းများကို မိုင်းခတ်မြို့နှင့် မိုင်းလားမြို့သို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။ ယခင်အောက်တိုဘာလတ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၏ ဒေသခံအများစုသည် တောတောင်ရေမြေသဘာဝကောင်းမွန်၍ ရာသီသီးနှံအလိုက် စိုက်ပျိုးရေးအဆင်ပြေသောကြောင့် လယ်ယာနှင့် ရော်ဘာစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်ကြသည်။ ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ခုနှစ် တွင် မိုင်းယောင်းမြို့ရှိ ရော်ဘာစိုက်ဧက (၁၇၈၆၇)ဧကခန့်ရှိပြီး ရိတ်ဧက(၅၂၀၄)ဧက အစေးခြစ်၍ (၂၇၃၀၅၅၆)ပေါင်ထွက်ရှိကြောင်း သိရှိရပါသည်။ နှစ်စဉ် ဧပြီလ (တတိယပတ်)မှ နိုဝင်ဘာလကုန် အထိ ရော်ဘာအစေးခြစ်ခြင်းကိုလုပ်ကိုင်ပြီး ကျန်(၄)လအတွင်း နှစ်ရှည်ပင်များ ဖြစ်သည့်အလျှေက် ပေါင်းရှင်းပေးခြင်းနှင့် သဘာဝမြေဩဇာ(နွားချေး၊ ဝက်ချေး) စသည်များထည့်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရပါ
လွိုင်ကော်မြို့အတွင်း လက်ရှိဖြစ်ပေါ်နေသော (မိုး) စပါးဈေးနှုန်းမှာအနည်းငယ်ကျဆင်း လျက်ရှိပါသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင် တင်း (၁၀၀) လျှင် (၇၄၁,၂၄၀)ကျပ်ဖြစ်၍ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင်တင်း (၁၀၀) လျှင် (၇၀၂,၉၀၀) ကျပ်သို့ ဈေးနှုန်းကျဆင်းလာပြီး ယခင်လနှင့် ယခုလ နှိုင်းယှဉ်မည်ဆိုလျှင် (၃၈,၃၄၀) ကျပ် ကွာဟလျက်ရှိပြီး ပြည်နယ်အတွင်းမှာလည်း အရောင်းအဝယ်အေးနေကြောင်း၊ စပါး ဈေးနှုန်း အနည်းငယ်ကျဆင်းရခြင်းမှာ ပြည်တွင်းတွင် (မန္တလေး၊ မူဆယ်)ဘက်မှ ဆန်ဝယ်ယူမှုလျော့နည်းခြင်းကြောင့်ဖြစ်ကြောင်း စက်ပိုင်ရှင်တစ်ဦးထံမှသိရ
မော်လမြိုင်မြို့၌ ယခုအပါတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးတည်ငြိမ် နေကြောင်းသိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ ဈေးမှာ ကြံ့နှစ်ကောင် (အနီ) ၇၃၀၀ကျပ်၊ ဆင်(ထိုင်း) ၇၆၀၀ ကျပ် ၊ ကြံ့တံဆိပ်(အဝါ) ၆၇၀၀ ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ပုံမှန်ရှိကြောင်းသိရှိရသည်။ အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပါတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ၇၅၄၀၀ ကျပ် ၊ ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ၇၂၂၀၀ကျပ်၊ ကွန်ပေါင်း(Thai Grow How)
မကွေးမြို့၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကောက်ယူရရှိသော ဈေးနှုန်းစာရင်းများမှာ လက်လီရောင်းချမှုအနေဖြင့် ပေါ်ဆန်းဆန်(ရွှေဘို) တစ်ပြည်လျှင်(၂၆၀ဝိ/-)၊ ပေါ်ဆန်းဆန်(ဖျာပုံ) တစ်ပြည် လျှင်(၂၀၀ဝိ/-)၊ ဧည့်မထဆန် တစ်ပြည်လျှင်(၁၄၅ဝိ/-)၊ ရောင်းချလျှက်ရှိပြီး စားသုံးဆီများအနေဖြင့် ပဲဆီ တစ်ပိဿာ(၆၅၀ဝိ/-)၊ နှမ်းဆီတစ်ပိဿာ(၇၀၀ဝိ/-)၊ စားအုန်းဆီတစ်ပိဿာ (၄၆၀ဝိ/-)၊ စားဖိုဆောင်သုံးအနေဖြင့် ငရုပ်သီးခြောက်အရှည် တစ်ပိသာ(၃၉၀ဝိ/-)၊ ငရုပ်သီးခြောက်အပု တစ်ပိဿာ(၅၀၀ဝိ/-)၊ ကြက် သွန်နီ တစ်ပိဿာ(၈၀ဝိ/-)၊ ကြက်သွန်ဖြူ(ရှမ်း/ဗမာ) တစ်ပိဿာ(၅၀၀ဝိ/-)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ(၅၀၀ဝိ/-)၊ နနွင်းတက်တစ်ပိဿာ(၃၅၀ဝိ/

















