Monthly Archive Page

          စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးကျော်စိန်ဌေးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ကသာမြို့နယ်၊ အင်းတော်သွားသည့် ကားလမ်းနဘေးတွင် တည်ရှိသော ဒေါ်နန်းခင်အုန်း(နရိန္ဒရာ ကုမ္ပဏီ)၏ မျှစ်ခြောက်လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။

     ၃.၁၂.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊မြောင်မြို့နယ်တာဝန်ခံသည် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အလားအလာရှိသော ဒေသတွင်းထုတ်ကုန်တစ်မျိုးဖြစ်သည့် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်လျှက်ရှိသော မြင်းမူမြို့နယ်၊ ကြော့မင်းကျေးရွာရှိ ကြက်သွန်စိုက်တောင်သူများအား သွားရောက်တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ပါသည်။

          ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာရှိ တောင်သူများသည် ပြောင်း ဈေးကွက်ကောင်း မရရှိသဖြင့် အချိန်တိုအတွင်း တွက်ချေကိုက်သော နေကြာဆီသီးနှံများအား အစားထိုးစိုက်ပျိုးလာကြောင်း သိရှိရပါသည်။ နေကြာဆီသီးနှံမျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးမျိုးစေ့ဌာနရုံးမှ ချိတ်ဆက်မှာယူ၍ တောင်သူများထံသို့ လက်ဝယ်ရောက်ဖြန့်ချိပေးနေကြောင်း သိရပါသည်။ မျိုးစေ့မှာ ရေဆင်းစပ်မျိုးဖြစ်ပြီး ကျောက်မဲမြို့နယ်တွင် နေကြာဆီသီးနှံ စိုက်ဧကမှာ မိုးနေကြာ(၁၈၀)ဧကနှင့် ဆောင်းနေကြာ(၈၀)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ နေကြာဆီသီးနှံတစ်ဧ

      အစေ့ထုတ်ပြောင်းသည် ပြည်တွင်းမွေးမြူရေးအစားအစာနှင့် ပြည်ပသို့တင်ပို့ရောင်းချရန်   အတွက်အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ပြောင်းဟာ အာရှတိုက်မှ အရင်းအမြစ်မဟုတ်ဘဲ အမေရိကတိုက်မှာ အများဆုံးစိုက်ပျိုးကြ၍  မြေ အနေအထားအရ အာရှတိုက်မှတစ်ဆင့် မြန်မာနိုင်ငံမှာ စိုက်ပျိုးဖြစ်ထွန်းလာသည့် သီးနှံဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ကသာအဓိကထား အများဆုံးစိုက်ပျိုးသည့် သီးနှံဖြစ်ကြောင်း သိရှိရပါတယ်။ ရှမ်းပြည်နယ်တွင်ပြောင်းကို ဧက(၇)သိန်းဝန်းကျင်ခန့်စိုက်ပျိုး၍ တန်ချိန်၁၁သိန်းကျော်ထွက်ရှိခဲ့ပါတယ်။

          ရာသီပေါ်သီးနှံတစ်မျိုးဖြစ်တဲ့ ထောပတ်သီးဟာ အအေးပိုင်းဒေသမှာ ပေါက်ရောက်တဲ့အသီး ဖြစ်ပါတယ်။ ထောပတ်သီးမှာ ဗီတာမင် K ၊ ဗီတာမင် C၊ ဗီတာမင် B5၊ ဗီတာမင် B6၊ ဗီတာမင် E တို့ အပြင် အခြားဗီတာမင်ဓါတ်တွေလည်း များစွာပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံအားကို digital digia ကောင်းစေသည့်အပြင် ခန္ဓာကိုယ်ကို များစွာအကျိုးပြုတဲ့အသီးဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါကို ကုသရာမှာ အထောက်အကူပြုတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

      ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်များဖြစ်သော တောင်ကြီး၊ အောင်ပန်း၊ ရပ်စောက်၊ ကလော၊ ညောင်ရွေ၊ ရွာငံမြို့များမှ ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီ၊ မြင်းခြံ၊ နေပြည်တော်၊ မုံရွာ၊ ပြည်၊ စစ်တွေ၊ တပ်ကုန်း၊ မိတ္ဃီလာ၊ သာစည်၊ တောင်ငူနဲ့ပဲခူးမြို့များသို့ သီးနှံနှင့် သစ်သီးဝလံ၊ ကုန်စိမ်းမျိုးစုံစီးထွက်လျက်ရှိရာ အောင်ပန်း ကုန်စည်ဒိုင်၏ ပေးပို့သောစာရင်းများ အရ အစေ့ထုတ်ပြောင်းတစ်ပိဿာ ၃၅ဝ ကျပ်မှ ၃၈ဝ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပန်းနှမ်းတစ်ပိဿာ ၁၄ဝဝကျပ်မှ ၁၅ဝဝကျပ် နှုန်းဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၅ဝဝကျပ်မှ ၂၅ဝ