Monthly Archive Page

          ၂၀၂၀ ပြည့်နှစ် မတ်လ နောက်ဆုံးပတ်အတွင်း သထုံမြို့၏ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၅၆၀၀၀၀)၊ ပေါ်ဆန်း ကျပ် (၈၃၀၀၀၀) ဖြစ်ပြီး ၂၄ ပြည်ပါ ဆန်တစ်အိတ်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၂၂၀၀၀) နှင့် ပေါ်ဆန်း ကျပ် (၂၉၅၀၀) ဖြစ်ရာ မတ်လ ပထမ ပတ်နှင့် နှိုင်းယှဉ်လျှင် ဧည့်မထစပါးဈေးမှာ ကျပ် (၁၀၀၀၀) ခန့်၊ ပေါ်ဆန်းစပါးဈေးမှာ ကျပ် (၇၀၀၀၀) ခန့် ဈေးနှုန်း မြင့်တက်ပြီး ဆန်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၅၀၀) ခန့်၊ ပေါ်ဆန်း ကျပ် (၂၀၀၀) ခန့် ဈေးနှုန်း မြင့်တက်ကြောင်း သိရှိရသည်။

        သထုံမြို့နယ်၌ မျိုးကောင်းသည့် ကိုင်းကူးဒူးရင်းများကို မြို့နယ်အတွင်းရှိ ကျိုက္ကော်၊ နောင်ဘို၊ နောင်ကုလား စသည့် ကျေးရွာ ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရသည်။ ဒူးရင်းသီးများသည် မိုးရာသီဝါဆိုလပတ်ဝန်းကျင်တွင် လှိုင်လှိုင်ပေါ်ပြီး ယခုအချိန်တွင် သထုံမြို့မဈေးတွင် ဒူးရင်းသီးတစ်လုံးလျှင် (၃၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်တန်အထိ အရွယ် အစားအလိုက် ဈေးနှုန်းအမျိုးမျိုးရှိကြကြောင်း၊ တစ်ရက်လျှင် အလုံးရေ (၁၀၀) မှ (၁၅၀) ထိ ဒေသတွင်း စားသုံးသူများသို့ ရောင်းချလျှက်ရှိပြီး ယခင်နှစ်ဈေးနှုန်းများကဲ့သို့ပင် ယခုပေါ်ဦပေါ်စရာသီတွင် တစ်ကီလို (