ကျွန်းလှမြို့တွင် ရောင်းချနေသော ပိန္နဲသီးပြုတ်
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများ၊ နှစ်ရှည် သီးနှံပင်များကို စိုက်ပျိုးထားကြသည့်အနက် နှစ်ရှည်ပင်ဖြစ်သည့် ပိန္နဲပင်သည်လည်း တစ်မျိုးပါဝင် ပါသည်။ ပိန္နဲသီးပြုတ်ကို ဖေဖော်ဝါရီလ အတွင်းတွင် စတင်ပေါ်ထွက်လာပြီး ဈေးကွက် အတွင်း သို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ပိန္နဲသီးပြုတ်ကို မိမိတို့ဒေသတွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများကြသော အသီးတစ်မျိုးဖြစ်ပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ စတုထ္ထအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ပိန္နဲသီးပြုတ် ဈေးနှုန်းအနေဖြင့် ပိန္နဲသီးပြုတ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ပိန္နဲသီးပြုတ်ကို(၅၀) ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ပိန္နဲသီးပြုတ်(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ကုန်စိမ်း ဈေးသည် တစ်ဦးထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)

















