စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဝါနှင့် ဝါဂွမ်း ဈေးနှုန်းများ
ဝါသီးနှံကို ဝါကြီး၊ မလှိုင်ဝါ၊ ချည်မျှင်ရှည်ဝါ စသည်ဖြင့် ဒေသအလိုက် ခွဲခြားစိုက်ပျိုးကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်၊ စစ်ကိုင်းမြို့နယ်တို့တွင် စိုက်ပျိုးထုတ်လုပ်လျှက်ရှိသော ဝါကြီး ကို မေ၊ ဇွန်၊ ဇူလိုင် လများတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလ များတွင် ရိတ်သိမ်း သည့်အတွက် ယခုအချိန်သည် ဝါသီးနှံထွက်ရှိသည့် ကာလ ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဝါမျိုးစုံး (၉၇၀၉၂) ဧက လျာထားမှု အပေါ် (၁၅.၃.၂၀၂၅) ရက်နေ့အထိ ချည်မျှင်ရှည်ဝါ (၆၄၇၁၇) ဧက၊ ဝါကြီး (၄၉၇၉) ဧက၊ မလှိုင်ဝါ (၉၄၉၁)ဧက၊ စုစုပေါင်း ဝါမျိူးစုံစိုက်ဧက(၇၉၁၈၇)ဧက စိုက်ပျိုးရိတ်သိမ်းပြီး ပျမ်းမျှအထွက်နှုန်း (၄၅၇.၉၉)ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။ ယခု ဧပြီလ ဒုတိယအပတ်တွင် ဝါဈေးနှုန်းများအနေဖြင့် မုံရွာမြို့နယ်တွင် ဝါ တစ်ပိဿာ ဈေးနှုန်းမှာ ကျပ်(၃၀၀၀ မှ ၃၅၀၀) ၊ ဝါဂွမ်း တစ်ပိဿာဈေးနှုန်းမှာ ကျပ်(၉၅၀၀-၁၀၀၀၀)၊ ဝါစေ့ တစ်ပိဿာ ဈေးနှုန်း မှာ ကျပ် (၂၀၀၀)၊ ဝါစေ့ဆီ တစ်ပိဿာဈေးနှုန်းမှာ ကျပ်(၁၁၀၀၀)၊ ဝါစေ့ဖတ် တစ်ပိဿာ ဈေးနှုန်းမှာ ကျပ် (၁၉၀၀) အသီးသီးဈေးနှုန်းရှိနေပြီး၊ စစ်ကိုင်းမြို့တွင် ဝါ တစ်ပိဿာ ဈေးနှုန်းမှာ ကျပ် (၃၅၀၀)၊ ဝါဂွမ်း တစ်ပိဿာ ဈေးနှုန်းမှာ ကျပ် (၈၆၀၀)၊ ဝါစေ့ တစ်ပိဿာ ဈေးနှုန်းမှာ ကျပ် (၁၇၀၀)၊ ဝါစေ့ဆီ တစ်ပိဿာ ဈေးနှုန်းမှာ ကျပ်(၁၀၀၀၀)၊ ဝါစေ့ဖတ် တစ်ပိဿာ ဈေးနှုန်းမှာ ကျပ် (၁၅၀၀) အသီးသီးတို့ဖြင့် ဒေသလိုက် ဈေးနှုန်းများအနည်းငယ် ကွာဟမှုရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)

















