သစ်သီးဝလံကဏ္ဍမှ တင်ပို့မှု၊ တင်သွင်းမှုအခြေအနေ သုံးသပ်တင်ပြချက်
သစ်သီးဝလံကဏ္ဍမှ ပြည်ပတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံမှ ထွက်ရှိသည့် သစ်သီးဝလံများဖြစ်သည့် ဖရဲသီး၊ သခွားမွှေး၊ သရက်သီး၊ တစ်သျှူး ငှက်ပျောအပါအဝင် စုစုပေါင်း သစ်သီးဝလံ (၁၉) မျိုးခန့်ကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျှက်ရှိပါ သည်။ တန်ပို့မှု တန်ဖိုးအနေဖြင့် တစ်သျှူးငှက်ပျောမှာ အများဆုံးဖြစ်ပြီး ဖရဲသီးသည် ဒုတိယ၊ သခွားမွှေး သည် တတိယနှင့် သရက်သီးသည် စတုတ္ထနေရာတွင် ရပ်တည်လျှက်ရှိပါသည်။ ဘဏ္ဍာနှစ်အလိုက် သစ်သီးဝလံများ ပြည်ပတင်ပို့မှုအခြေအနေဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
သစ်သီးဝလံများ ပြည်ပမှ တင်သွင်းမှုအခြေအနေ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်စွဲပါ အမိန့် အမှတ် ၉/၉၉ ဖြင့် ထုတ်ပြန်ခဲ့သည့် သစ်သီးအစိုအမျိုးမျိုးအပါအဝင် ပစ္စည်း(၁၅)မျိုးအား နယ်စပ်ဒေသမှ တစ်ဆင့် တင်သွင်းခွင့်မပြုရန်သတ်မှတ်ထားခဲ့သော်လည်း မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိမှု နည်းပါးသည့် ပန်းသီး၊သစ်တော်သီး၊ စပျစ်သီး၊ ချယ်ရီသီး၊ မန်ကျည်းချိုသီး၊ စွန်ပလွန်သီး၊ တယ်သီး၊ သလဲသီးအစိုတို့အား တင်သွင်းခွင့်ပြုရန် ခွင့်ပြုပေးခဲ့ပါသည်။ ထို့အပြင် ဒူးရင်းသီးနှင့် ပျားလိမ္မော်သီး၊ နဂါးမောက်သီး၊ ဆန်း ကစ်သီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီး၊ လောင်ဂန်းသီး၊ ရင်ငန်းသီးနှင့် ပိန္နဲသီးများအား မြန်မာနိုင်ငံမှ ထွက်ရှိခြင်းမရှိသည့်ကာလများတွင် တင်သွင်းခွင့်ပြုပေးခဲ့ပါသည်။ ပြည်ပမှ သစ်သီးဝလံများ တင်သွင်းမှု အခြေအနေဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုတွင် သစ်သီးဝလံကဏ္ဍ၏ ပါဝင်မှု
ပြည်ပတင်ပို့မှုကဏ္ဍတွင် လယ်ယာထွက်ကုန်ပစ္စည်းများ၏ တင်ပို့မှုတန်ဖိုးသည် ဒုတိယ အများဆုံး ဖြစ်ပြီး စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ (၂၁) ရာခိုင်နှုန်းခန့်ပါဝင်လျှက်ရှိပါသည်။ လယ်ယာထွက်ကုန်များ အနက် ပဲအမျိုးမျိုး၏ တင်ပို့မှုတန်ဖိုးသည် အများဆုံးဖြစ်ကာ သစ်သီးဝလံကဏ္ဍသည် ဒုတိယအများဆုံး နေရာတွင် ရပ်တည်လျှက်ရှိပါသည်။ လယ်ယာထွက်ကုန်များတွင် သစ်သီးဝလံကဏ္ဍ၏ တင်ပို့မှုတန်ဖိုး သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် (၆) %၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် (၇) %၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် (၁၃) % ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (၁၂) % အသီးသီး ရှိကြောင်း တွေ့ရှိရပါသည်။
သုံးသပ်တင်ပြချက်
သစ်သီးဝလံကဏ္ဍသည် မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးမှုအတွက်သာမက မြန်မာ့ပို့ကုန်အတွက်ပါ ပြည်ပဝင်ငွေရရှိသည့် အလားအလာကောင်းသော ကဏ္ဍတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုး နိုင်သော မြေဧရိယာ ကြွယ်ဝခြင်း၊ ရာသီဉတု ကောင်းမွန်ခြင်းတို့ကြောင့် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်သည့် အခွင့်အလမ်းများစွာ ရှိသော်လည်း ဈေးကွက်၏ လိုအပ်သည့် အရည်အသွေးနှင့် ပမာဏအတိုင်း တင်ပို့ ရောင်းချနိုင်မှု အားနည်းနေသေးသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ဖရဲ၊ သခွားမွှေးကဲ့သို့သော သီးနှံများ အနေဖြင့် ပြည်ပဈေးကွက်တွင် တရုတ်နိုင်ငံတစ်ခုတည်းကိုသာ အားထားနေရဆဲဖြစ်ပါသည်။ လက်ရှိ အချိန်၌ ဖရဲသီး၊ ထောပတ်သီး အစရှိသော သီးနှံများကို သက်ဆိုင်ရာ အသင်းအဖွဲ့များ၏ ကြိုးပမ်းမှုဖြင့် ကမ္ဘာ့ဈေးကွက်နိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်တင်ပို့မှုများ စတင်နိုင်ခဲ့သည်မှာ မြန်မာ့သစ်သီးဝလံကဏ္ဍ အတွက် အားရစရာပင် ဖြစ်ပါသည်။
ဆက်လက်၍ မြန်မာ့သစ်သီးဝလံကဏ္ဍ အောင်မြင်မှုများရရှိရေးအတွက် ပြည်ပဈေးကွက်နိုင်ငံများ၏ လိုအပ်သောအရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များအတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်ရန် ထုတ်လုပ်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနများက ရေရှည်အစီအမံများချမှတ်၍ ပေါင်းစပ်ဆောင်ရွက် ကြရန်လိုအပ်ပြီး ပြည်တွင်းစားသုံးမှုမြင့်မားရေး၊ ပြည်ပဈေးကွက် တိုးချဲ့တင်ပို့နိုင်ရေးအတွက်လည်း သစ်သီးဝလံကဏ္ဍ၌ ပါဝင်ပတ်သက်ကြသူအားလုံးက စည်းလုံးညီညွှတ်စွာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြ ရန် လိုအပ်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

















