နိုင်ငံတော်အနေမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အထူးဖွံ့ဖြိုးရေးဒေသ ခရိုင်(၇)ခုအနက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့ ပါဝင်လျက်ရှိရာ အဆိုပါခရိုင်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်ပံ့ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အဆိုပါခရိုင်(၂)ခုမှ ဒေသတွင်းထွက်ရှိသောသီးနှံများ သိုလှောင်ရာတွင် သီးနှံများ လေလွင့်ပျက်စီးမှုမရှိစေရေးနှင့်သိုလှောင်မှုနည်းစနစ်များသိရှိစေရေးသီးနှံသိုလှောင်မှု နည်းပညာ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို နိုဝင်ဘာ(၁၁)ရက်နေ့ နံနက်(၉
သတင်းနှင့်လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်းနှင့် ဝန်ထမ်းများသည် ၂၃-၁၀-၂၀၂၆ ရက်၊ သောကြာနေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ် ဦးစီးမှူးရုံး၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။ အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ဦးဉာဏ်လင်းက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိသော အစား အသောက်နှင့်ကုန်စည်များကို
ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၃/၂၀၂၆)ကို(၂၀-၁၀-၂၀၂၆)မှ(၂၁-၁၀-၂၀၂၆) ရက်နေ့ (၂) ရက်တာ ကာလကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် နည်းပြဆရာများအဖြစ် မိတ်ဖက်ဌာနများဖြစ်ကြသည့် စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့က ဌာနအလိုက် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာ(၂၀-၁၀-၂၀၂၆) မှ (၂၁-၁၀-၂၀၂၆)ရက်နေ့ထိ (၂)ရက်တာ သင်တန်း ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲ အခမ်းအနားအား (၂၁-၁၀-၂၀၂၆) ရက်နေ့ (၁၆:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင
ကရင်ပြည်နယ်အတွင်း ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် မြန်မာ့ရိုးရာ မုန့်ဆန်း (ကောက် ညှင်းမုန့်ဆန်း)များမှာ ဒေသတွင်းသာမက ပြည်နယ်အပြင်ဘက်သို့ပါ ဈေးကွက်ထိုးဖောက်လျက် ရှိသည်။ ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့မြို့နယ်များဘက်တွင် ကောက်ညှင်းစပါး များကို အဓိကထား စိုက်ပျိုးကြပြီး ရိုးရာမုန့်ဆန်းများကို မိရိုးဖလာနည်းအတိုင်း မောင်ညိုမဖြစ် တဖြစ်ရိတ်ထားသော ကောင်ညှင်းကို တုတ်ဖြင့်ရိုက်ချွေပြီး ရလာသောကောင်ညှင်းကို ဒယ်အိုးဖြင့် ဆယ်မိနစ်ခန့်လှော်ပေးရသည်။ လှော်ထားသော ကောင်ညှင်းဆန်ပူပူကို ဆုံတွင်ထည့်ထောင်းပေးရ မည်။ ရရှိလာသောမုန့်ဆန်းပြားကို ဆန်ကွဲနှင့် အမှိုက်များစင်အောင် စကောဖြင့် ပြာပေးရပါသ
ပန်းတနော်မြို့နယ်တွင် အိမ်တွင်းမှုသင်တန်းသူများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်း များ ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမ၌ ၂၀၂၆ခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့ နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က သင်တန်းသူ ၂၀ ဦးအား အွန်လိုင်းမှတစ်ဆင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ရောင်းချရာတွင် မှတ်ပုံတင
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် မအူပင်နှင့် ပန်းတနော်မြို့နယ်တို့ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များအား မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ မအူပင်မြို့နယ်ရှိ ထွန်းလင်းကျော် (အိုင်ဝိုင်း) နှင့် ရတနာစံ (သိုက်ကုန်းလမ်း) စိုက်ပျိုးရေးဆိုင်များ၊ ပန်းတနော်မြို့နယ်ရှိ ဦးသိန်းညွန့် (ဘုရင့်နောင်လမ်း) နှင့် စိမ်းရွက်နု (ရန်ကုန်-ပုသိမ်ကားလမ်းဘေး) စိုက်ပျိုးရေးဆိုင်များကို စစ်ဆေးခဲ့သည်။ မအူပင်မြို့နယ်ရှိ ထွန်းလင်းကျော်ဆိုင်တွင် ကောမတ်ပုလဲတစ်အိတ်လျှင
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဆန်းဝင်းစိုး၏ ရွှေပဲကြော်လုပ်ငန်းသို့ ဈေးကွက်မရောက်မီ ကုန်စည်စစ်ဆေးခြင်းကို မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးက ကွင်းဆင်းစစ်ဆေးခဲ့သည်။ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဒေသတွင်း ထုတ်လုပ်သူလုပ်ငန်းများမှ ထုတ်လုပ်သော ကုန်စည်များကို ဈေးကွက်အတွင်းသို့ မဖြန့်ဖြူးမီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု၊ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်များ၏ ကုန်အညွှန်းအမှတ်အသား ဖော်ပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ရှိ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ စားသုံးသူကာကွယ် ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများကို သိရှိနားလည်စေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မအူပင်မြို့အကျဉ်းဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မအူပင်ခရိုင် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ အကျဉ်းထောင် ဝန်ထမ်းနှင့် မိသားစုများကို စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်မျ
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ( ၂၀ )ရက်နေ့ ( ၁၄:၃၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်း ချနေသော ရွှေကယား၊ စိမ့်စမ်းမိုး သောက်ရေသန့်စက်ရုံများသို့လည်းကောင်း၊ အောက်တိုဘာလ ( ၂၁ )ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် Guardian၊ ဇမ္ဗူ သောက်ရေသန့်စက်ရုံများသို့လည်းကောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရှိ/မရှိ တို့အားသက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ က
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်တာဝန်ခံ ဒေါ်ရည်မွန်သန့်နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူပေါင်း၍(၁၉.၁၀.၂၀၂၆)ရက်နေ့၊ နေ့လည်(၁;၃၀)အချိန်တွင် ကြက်ဥရောင်းချ သည့်အရောင်းဆိုင်များတွင် ဈေးနူန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ ကြက်ဥအရောင်းဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော ကြက်ဥဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိ၊ ထိုရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် (ရုံးအုပ်) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၂၃-၁၀-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ ဟေရီ(ဆေးဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “သိဒ္ဓိဝင်” အမှတ်တံဆိပ်ပါ အရိုးကြီးပ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၉.၁၀.၂၀၂၆)ရက်နေ့ မွန်းလွှဲ(၁၃;၀၀)နာရီက အိမ်မဲမြို့နယ်၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် တောင်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ ပါသည်။ ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော တောင်သူများအား မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ဌာန၏ လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွ
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၂/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက စားအုန်းဆီတင်သွင်းဖြန့်ဖြူး ခြင်းလ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံဒေါ်ရည်မွန်သန့် နှင့်ဝန်ထမ်းများသည်(၁၉.၁၀.၂၀၂၆)ရက်နေ့ နံနက် (၁၁;၀၀) နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး တွင်ဆီစာအုပ်ဖြင့်ဖြန့်ဝေပေးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံသည် ဌာနမှထုတ်ပေးထားသောစားသုံးဆီ ဝယ်ယူခွင့်စာအုပ်များဖြင့်ရပ်ကွက်၊ကျေးရွာအုပ်စုများရှိ ပြည်သူများအား သတ်မှတ်ဆီဆိုင်များတွင် သတ်မှတ်ထားသော နှုန်းထားဖြင့် အဆင်ပြေစွာဝယ်ယူနေမှု
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုံး(ရုံးအုပ်) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၂-၁၀-၂၀၂၆ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင် (၁)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍(၁၉.၁၀ .၂၀၂၆) ရက်နေ့ ၊နံနက်(၁၀;၀၀)နာရီက မော်ကျွန်းမြို့၊ ဗိုလ်ချုပ်ဈေးနှင့် ဆိပ်ကမ်းသာဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိမရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်မှ မော်ကျွန်းမြို့၊ ဗိုလ်ချုပ်ဈေးနှင့် ဆိပ်ကမ်းသာဈေးအတွင်းရှိ ကုန်မျိုးစ
ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များကို ဝယ်ယူစား သောက်စေရန် ရည်ရွယ်၍ ဖျာပုံမြို့နယ်အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မုန့်နှင့် စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရိ/ မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆ
ဖျာပုံခရိုင်၊ ဖျာပုံမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသော ဟင်းသီးဟင်းရွက် ဘူးဆီများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန် ရည်ရွယ်၍ စားသုံး သူရေးရာဦးစီးဌာန၊ ဆီလုပ်ငန်းရှင်အသင်းနှင့်အတူပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ( ၁၂ )ရက်နေ့၊ နံနက်(၁၀) နာရီတွင် ဖျာပုံမြို့ပေါ်ရှိ ကုန်ခြောက်ဆိုင် များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်အတွင်းရှိအရောင်းဆိုင်များတွင် ဘူးဆီများတွင် ကုန်အညွှန်း အမှတ်သားဆိုင်ရာ ဖော်ပြချက်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်ဖြူသွယ်လင်း ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၂၂-၁၀-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ စိမ်းတောင်ရပ်ကွက်ရှိ ဒေါ်မတူး (ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက် စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “PUMA” အမှတ်တံဆိပ်ပါ အားဖြည့်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် အသေးစား၊ အလတ်စား၊အငယ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ၊ ထုတ်ကုန်များပိုမို ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ပိုမိုရရှိနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့၊ (၁၇)ရပ်ကွက်၊ ပုလဲလမ်းရှိ “လင်းလင်းဇော်” အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်နေသော မုန့်မျိုးစုံလုပ်ငန်းတွင် စားသုံးသူကာကွယ်ရေး ဉပဒေ ပြဌာန်းချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်တွင်

















