Main menu

ကုန်ပစ္စည်း ဝယ်ယူလျှင် စစ်ဆေးဖွယ်အချက်များ

Powered by Drupal
  • (က) သက်ဆိုင်ရာကုန်စည်၏ သတင်းအချက်အလက် သို့မဟုတ် တံဆိပ်အမှတ်အသားပေါ်တွင် ဖော်ပြထားသော အခြေအနေ ၊ အာမခံချက်၊ ထူးခြားချက်၊ အကျိုးသက်ရောက်မှု၊ အသားတင်အလေးချိန်၊ အသားတင်ထုထည်၊ စုစုပေါင်းပမာဏ၊ အရည်အသွေး၊ အဆင့်အတန်း၊ ဖွဲ့စည်းပုံ ၊ပြုလုပ်ပုံနည်းလမ်း၊ ပုံစံတို့နှင့် ကိုက်ညီမှုမရှိသော ကုန်စည်။
  • (ခ) တံဆိပ်အမှတ်အသားပါ အချက်အလက် သို့မဟုတ် ကြော်ငြာနှင့် အရောင်းမြှင့်တင်ရေးတို့တွင် ပါဝင်သော ဖော်ပြချက်တို့နှင့် ကိုက်ညီမှု မရှိသောကုန်စည်။
  • (ဂ) အမည်၊ အရွယ်အစား၊အသားတင် အလေးချိန်၊ ထုထည်၊ဖွဲ့စည်းပုံ၊ညွှန်ကြားချက်၊ ထုတ်လုပ်သည့်ရက်စွဲနှင့် ထုတ်လုပ်သည့် အမှတ်စဉ်၊နောက်ဆုံးသုံးစွဲရမည့်ရက်စွဲ၊ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့် ကြောင်း ဖော်ပြချက်၊ ထုတ်လုပ်သည့် ကုမ္ပဏီအမည် နှင့် လိပ်စာ၊ ရောင်းချဖြန့်ဖြူးသူအမည်၊ အမှတ်တံဆိပ်၊ သတင်းအချက်အလက်နှင့် ကြိုတင်သတိပေးချက်တို့မပါရှိသောကုန်စည်။
  • (ဃ) သုံးစွဲပုံနှင့် ပတ်သတ်သော သတင်း အချက်အလက် သို့မဟုတ် ညွှန်ကြားချက်များကို ဗဟိုကော်မတီက သတ်မှတ်ထားသောနေ့ရက်မှစ၍ မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာနှင့် အခြားဘာသာတွဲလျက် ဖြစ်စေ ဖော်ပြထားခြင်းမရှိသော ကုန်စည်။
  • (င) မူလထွက်ရှိသည့်နေရာ သို့မဟုတ် ထုတ်လုပ်သည့်နေရာနှင့် စပ်လျဉ်း၍ မမှန်မကန် ဖော်ပြထားသည့် ကုန်စည်။
  • (စ) ပြည်တွင်းပြည်ပ အသိအမှတ်ပြုဌာန သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၏ထောက်ခံချက်အရဖြစ်စေ၊ သတ်မှတ်ထားသောစံသတ်မှတ်ချက်များအရဖြစ်စေ ကိုက်ညီမှုမရှိသောကုန်စည်။
  • (ဆ) သက်ဆိုင်ရာ အဖွဲ့အစည်းက သိပ္ပံနည်းကျ သုတေသနပြုဆောင်ရွက်ချက်၊တွေ့ရှိချက် အထောက်အထားများမရှိဘဲ ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ အာမခံချက်များ ဖော်ပြထားသည့်ကုန်စည်။
  • (ဇ) သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသောကုန်စည်။
  • (စျ) သက်ဆိုင်ရာ ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်တွင် ဖော်ပြထားသော အခြေအနေ၊ အာမခံချက်၊ ထူးခြားချက်၊ ကာလသတ်မှတ်ချက်၊ အကျိုးသက်ရောက်မှုတို့နှင့်ကိုက်ညီမှုမရှိသော ကုန်စည်။
  • (ည) ကြော်ငြာနှင့် အရောင်းမြှင့်တင်ရေးတို့တွင် ပါဝင်သော ဖော်ပြချက်တို့နှင့် ကိုက်ညီမှုမရှိသော ဝန်ဆောင်မှု။