သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၃-၁၂-၂၀၂၂)ရက်နေ့တွင် မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်ရှိ “ကြယ်စင်မင်း” စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်း၍ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဖြစ်သည့် စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခြင်း၊ အသေးစား၊ အလတ်စား၊ အငယ်စား (MSME) စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များထံသို့ ကွင်းဆင်းတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်
“မြန်မာဆန်စပါးညီလာခံ ၂၀၂၂” တွင် ဖော်ထုတ်ချက်(၄၃)ချက်အနက် ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိဆောင်ရွက်နေသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံ များနှင့်ပတ်သက်၍ ကုန်စည်ဒိုင်လုပ်ငန်းများဖွံ့ဖြိုးရေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်းကာ ဦးစားပေးဆောင်ရွက်ရန် အချက်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များမှ တာဝန်ရှိသူများနှင့်တွေ့ ဆုံ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စားသုံးသူရေးရာဦ
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ)သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၄-၁၂-၂၀၂၂) ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်တွင် စားသုံးသူအကာအကွယ်ပေးရေး Talk Show အစီအစဉ်အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ဈေးကွက်အတွင်း ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့်ဓါတ်မြေဩဇာများအား ထိုင်းနိုင်ငံ ပြည်တွင်းသုံး "မြင်းပျံ"အိတ်ခွံများဖြင့် ပြန်လည်ထုပ်ပိုး၍ “အိုင်စီပီ” မြင်းပျံမြေဩဇာအတုများပြုလုပ်၍ လိမ်လည်ဖြန့်ဖြူးရောင်းချမှုများရှိနေသည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)နှင့် ဌာနမှဝန်ထမ်းများသည် ကသာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ၂၀၂၂ ခ