သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Jan 2021

        COVID 19 ရောဂါဖြစ်ပွားနေသောကာလအတွင်း မွန်ပြည်နယ်အတွင်းမှာရှိသော ငါးဖမ်းလုပ်သားများ၏ ငါးဈေးကွက်များ ရပ်တန့်နေရခြင်းသဘောဖြစ်နေသည့်အတွက် ရောင်းချရန် အခက်အခဲများ ဖြစ်ပေါ်နေခြင်းအပေါ် မွန်ပြည်နယ် သမဝါယမဦးစီးဌာန မှတဆင့် ငါးဈေးကွက် တိုးချဲ့ဖြန့်ဖြူးနိုင်ရေးအတွက် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် သမဝါယမအသင်းစုတို့နှင့်ချိတ်ဆက်ပြီး အမြတ်မယူဘဲ တစ်မြို့နယ်လျှင် ငါး ပိဿာချိန် ၅၀ မှ ပိဿာချိန် ၁၀၀ အထိ စားသုံးသူပြည်သူများထံ မိုဘိုင်းစနစ်ဖြင့် တိုက်ရိုက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရ

18 Jan 2021

        မိုးညှင်းခရိုင်၊ မြို့နယ်အဆင့် COVID–19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းဆပ်ကော်မတီအလိုက် တာဝန်ခွဲဝေပေးအပ်ခဲ့ရာ မိုးညှင်းမြို့စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစိုးလွင်(လ/ထကြီးကြပ်ရေးမှူး)သည် အဖွဲ့ဝင်အဖြစ် ပါဝင်ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

18 Jan 2021

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်  ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ၁/၂၀၂၁ ကြိမ်မြောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကို Zoom Application    အသုံးပြု၍  ၅.၁.၂၀၂၁ မှ ၆.၁.၂၀၂၁ ရက်‌နေ့ထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းပို့ချသူ အရာထမ်းများနှင့် ခရိုင်များမှ သင်တန်းသား / သူ(၁၄)ဦး ၊ လေ့လာသူ(၃) ၊ စုစုပေါင်း(၂၃)ဦး တက်ရောက်ခဲ့ပါသည်။

15 Jan 2021

       စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်အတွင်း ဝဥအခြောက်ခံစက်ရုံ(၆)ရုံသို့ သွားရောက်လေ့လာခဲ့ရာ မွန်ပြည်နယ်ဒေသအတွင်းတွင် စိုက်ပျိုးသည့် သဘာဝ ဝဥ ထုတ်လုပ်မှုတိုးတက်လာခြင်းကြောင့် စက်ရုံများအနေဖြင့် ဝဉကို ယခင်နှစ်ထက် ပိုမိုဝယ်ယူရရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကုန်ကြမ်းပိဿာချိန် ၈၉၀,၀၀၀ခန့် ဝယ်ယူရခဲ့ပြီး ယခုနှစ်တွင် ၁,၀၃၀,၀၀၀ ပိဿာချိန် ဝယ်ယူရရှိခဲ့ရာ ပိသာချိန်(၁၀၄,၀၀၀)ခန့်  ပိုမိုတိုးတက် ဝယ်ယူရရှိခဲ့ကြောင်း၊ သို့ရာတွင်လည်း ဈေးနှုန်းအနေဖြင့် ၂၀၁၉ခုနှစ် ရာသီအစ

15 Jan 2021

နေပြည်တော်၊ (၁၅.၁.၂၀၂၁)

       အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းတို့နှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် စည်းမျဉ်း ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းဝေးခန်းမ၌ ကျင်းပသည်။

Pages