Main menu

စားသုံးသူကာကွယ်ရေးဥပဒေ (သို့မဟုတ်) လုပ်ငန်းရှင်များလိုက်နာရန်

Powered by Drupal

စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • (၁) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အရောင်းအဝယ် ပြုလုပ်ရာတွင် သဘောတူညီချက်များ၊ တန်ဖိုးများနှင့်အညီ ငွေပေးချေမှု လက်ခံရယူခြင်း။
  • (၂) စားသုံးသူအငြင်းပွားမှုတွင် ဥပဒေအရ ကာကွယ်ခုခံ ချေပခွင့် ရရှိခြင်း။
  • (၃) စားသုံးသူ၏ ဆုံးရှုံးနစ်နာမှုသည် မိမိ၏ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကြောင့် မဟုတ်ပါက နာမည်ကောင်းပြန်လည် ရရှိရေး ဆောင်ရွက်နိုင်ခြင်း။
  • (၄) စားသုံးသူ၏ ဆုံးရှုံးနစ်နာမှုသည် ၎င်းဝယ်ယူသောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကြောင့် မဟုတ်ကြောင်း ဥပဒေနှင့်အညီ သက်သေပြနိုင်ပါက နာမည်ကောင်းကို ပြန်လည် ရရှိနိုင်ခြင်း။

စီးပွားရေးလုပ်ငန်းရှင်သည် အောက်ပါတို့ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ဆောင်ရွက်ခြင်းမပြုရ။

  • (က) သက်ဆိုင်ရာကုန်စည်၏ သတင်းအချက်အလက် သို့မဟုတ် တံဆိပ်အမှတ်အသားပေါ်တွင် ဖော်ပြထားသော အခြေအနေ၊ အာမခံချက်၊ ထူးခြားချက်၊ အကျိုးသက်ရောက်မှု၊ အသားတင်အလေးချိန်၊ အသားတင် ထုထည်၊ စုစုပေါင်းပမာဏ၊ အရည်အသေးွ ၊ အဆင့်အတန်း၊ ဖွဲ့ စည်းပုံ၊ ပြုလုပ်ပုံနည်းလမ်း၊ပုံစံတို့နှင့်ကိုက်ညီမှု မရှိသော ကုန်စည်။
  • (ခ) တံဆိပ်အမှတ်အသားပါ အချက်အလက် သို့မဟုတ် ကြော်ငြာနှင့် အရောင်းမြှင့်တင်ရေး တို့တွင်ပါဝင်သော ဖော်ပြချက်တို့နှင့် ကိုက်ညီမှု မရှိသော ကုန်စည်။
  • (ဂ) အမည်၊ အရွယ်အစား၊ အသားတင် အလေးချိန်၊ ထုထည်၊ ဖွဲ့စည်းပုံ၊ ညွှန်ကြားချက်၊ ထုတ်လုပ်သည့် ရက်စွဲနှင့် ထုတ်လုပ်သည့်အမှတ်စဉ်၊ နောက်ဆုံးသုံးစွဲရမည့် ရက်စွဲ၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ထုတ်လုပ်သည့် ကုမ္ပဏီအမည်နှင့် လိပ်စာ၊ ရောင်းချ ဖြန့်ဖြူးသူအမည်၊အမှတ်တံဆိပ်၊ သတင်းအချက်အလက်နှင့် ကြိုတင် သတိပေးချက်တို့မပါရှိသောကုန်စည်။
  • (ဃ) သုံးစွဲပုံနှင့် ပတ်သက်သော သတင်း၊ အချက်အလက် သို့မဟုတ် ညွှန်ကြားချက်များကို ဗဟို ကော်မတီက သတ်မှတ်ထားသော နေ့ရက်မှစ၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတွလဲ ျက် ဖြစ်စေ ဖော်ပြ ထားခြင်းမရှိသောကုန်စည်။
  • (င) မူလထွက်ရှိသည့်နေရာ သို့မဟုတ် ထုတ်လုပ်သည့်နေရာနှင့် စပ်လျဉ်း၍မမှန်မကန် ဖော်ပြထားသည့် ကုန်စည်။
  • (စ) ပြည်တွင်းပြည်ပ အသိအမှတ်ပြုဌာန သို့မဟုတ် အဖွဲ့ အစည်းတစ်ခုခု၏ထောက်ခံချက် အရဖြစ်စေ၊ သတ်မှတ် ထားသော စံသတ်မှတ်ချက်များအရဖြစ်စေ ကိုက်ညီမှုမရှိသော ကုန်စည်။
  • (ဆ) သက်ဆိုင်ရာ အဖွဲ့ အစည်းက သိပံ္ပနည်းကျ သုတေသနပြု ဆောင်ရွက်ချက်၊တွေ့ရှိချက် အထောက်အထားများ မရှိဘဲ ကျန်းမာရေး နှင့် အာဟာရဆိုင်ရာအာမခံချက်များ ဖော်ပြထားသည့် ကုန်စည်။
  • (ဇ) သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော ကုန်စည်။
  • (ဈ) သက်ဆိုင်ရာ ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်း အချက်အလက် တွင်ဖော်ပြထားသော အခြေအနေ၊ အာမခံချက်၊ ထူးခြားချက်၊ ကာလသတ်မှတ်ချက်၊ အကျိုးသက်ရောက်မှုတို့နှင့် ကိုက်ညီမှုမရှိသော ဝန်ဆောင်မှု။
  • (ည) ကြော်ငြာနှင့် အရောင်းမြှင့်တင်ရေးတို့တွင် ပါဝင်သော ဖော်ပြချက်တို့နှင့်ကိုက်ညီမှု မရှိသော ဝန်ဆောင်မှု။

စီးပွားရေး လုပ်ငန်းရှင်သည် အောက်ပါ အခြေအနေများတွင် ဝယ်ယူသူ သို့မဟုတ် အသုံးပြုသူအား ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်၍ ရောင်းချရန် ကမ်းလှမ်းခြင်းသော်လည်းကောင်း၊ အရောင်းမြှင့်တင်ခြင်းသော် လည်းကောင်း၊ ကြော်ငြာခြင်း သော် လည်းကောင်းမပြုလုပ်ရ။

  • (က) ထုတ်ဖော်ညွှန်းဆိုထားသော အရည်အသွေးစံချိန်စံညွှန်း၊ ပုံစံ သို့မဟုတ် နည်းလမ်း၊ ထူးခြား သောလက္ခဏာ၊ အသုံးပြုမှုတို့နှင့် ကိုက်ညီမှု မရှိသည့်ဈေးနှုန်းလျှော့ပေးထားသော ကုန်စည် သို့မဟုတ် အထူးဈေးနှုန်းသတ်မှတ်ထားသော ကုန်စည်ဖြစ်ခြင်း။
  • (ခ) သစ်လွင်ကောင်းမွန်သော အခြေအနေတွင် မရှိသော ကုန်စည်ဖြစ်ခြင်း။
  • (ဂ) အခြားကုမ္ပဏီ တစ်ခုခု၏ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ခိုင်မာသောထောက်ပံ့မှုနှင့် အာမခံမှုပြုခြင်း။
  • (ဃ) အသုံးမပြုနိုင်သော သို့မဟုတ် မရရှိနိုင်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း။
  • (င) အပြစ်အနာအဆာ၊ ချွတ်ယွင်းချက်များကို ဖုံးကွယ်ထားသည့် ကုန်စည် သို့မဟုတ်ဝန်ဆောင်မှု ဖြစ်ခြင်း။
  • (စ) အခြားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ချိုးနှိမ် ဖော်ပြခြင်း။
  • (ဆ) သတင်းအချက်အလက် အပြည့်အစုံ ခိုင်မာမှုမရှိသော ချဲ့ကား ဖော်ပြမှုများကိုအသုံးပြုခြင်း။
  • (ဇ) မသေချာ မရေရာသော ကတိကဝတ်ပြုမှုများဖြင့် ကမ်းလှမ်း၍ ရောင်းချသောသို့မဟုတ် ပေးအပ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ဖြစ်ခြင်း။

စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းဝယ်မှုပြုလုပ်ရာတွင် စားသုံးသူအား အောက်ပါအခြေအနေတစ်ခုခုဖြင့် လိမ်လည် လှည့်ဖြားမှုမပြုရ။

  • (က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုသည် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးတို့နှင့် ကိုက်ညီသည်ဟု မမှန်မကန် ဖော်ပြခြင်း။
  • (ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ ချွတ်ယွင်းချက်ကို ဖုံးကွယ် ဖော်ပြခြင်း။
  • (ဂ) ကမ်းလှမ်းထားသော ကုန်စည်မဟုတ်ဘဲ အခြားကုန်စည်ကို အစားထိုးရောင်းချခြင်း။
  • (ဃ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအား အရောင်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်မီ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ ဈေနှုန်းများကို တိုးမြှင့်ခြင်း။
  • (င) နောက်ဆုံး သုံးစဲရွ မည့် ရက်စွဲကျော်လွန်နေသော ကုန်စည်ကို ပြုပြင်မွမ်းမံ၍ရောင်းချ ခြင်း၊ ရောနှော ရောင်းချခြင်း။
  • (စ) အမျိုးအစားတူ အရည်အသွေးနိမ့် ကုန်စည်ကို ရောနှောရောင်းချခြင်း နှင့်အမျိုးအစားမတူ စားသုံးရန် မသင့်သော ကုန်စည်ကို ရောနှော ရောင်းချခြင်း။

စီးပွားရေးလုပ်ငန်းရှင်သည် မူလကကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို သတ်မှတ်ထားသောကာလအတွင်း ရောင်းချရန် သို့မဟုတ် ကမ်းလှမ်းထားသော၊ အရောင်းမြှင့်တင်ထားသော၊ကြေညာထားသော ပမာဏ အရေအတွက်အတိုင်း ရောင်းချရန် အစီအစဉ်မရှိဘဲ ယင်းတို့ကိုအချိန်ကာလတစ်ခုအတွင်း အထူး ဈေးနှုန်းဖြင့် ရောင်းချရန် ကမ်းလှမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် ကြေညာခြင်းတို့ မပြုရ။

စီးပွားရေးလုပ်ငန်းရှင်သည် အခြားကုန်စည်ကို ဆုကြေးအနေဖြင့်ပေးရန် သို့မဟုတ်အခမဲ့ ဝန်ဆောင်မှုပေးရန် ကတိပြုထားသော်လည်း အမှန်တကယ် ပေးအပ်နိုင်ခြင်း မရှိပါကကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းချရန် ကမ်းလှမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်း သို့မဟုတ်ကြေညာခြင်း မပြုရ။

စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်း ဆိုင်ရာကိုဖြစ်စေ အနှောင့်အယှက်ဖြစ်စေမည့် နည်းလမ်းတစ်ခုခုဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအားရောင်းချရန် ကမ်းလှမ်းခြင်း သို့မဟုတ် ကြေညာခြင်းမပြုရ။

စီးပွားရေးလုပ်ငန်းရှင်သည် အောက်ပါကြော်ငြာ အမျိုးအစားများကို ကြော်ငြာခြင်း မပြုလုပ်ရ။

  • (က) ကုန်စည်၏ အရည်အသွေး၊ အရေအတွက်၊ ကုန်စည်တွင်ပါဝင်သော ပစ္စည်းများ၊ကုန်စည်အား အသုံးပြုပုံ၊ ကုန်စည်၏ ဈေးနှုန်း၊ ဝန်ဆောင်မှုနှုန်းထားနှင့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ် နိုင်သည့် အချိန်တို့နှင့်စပ်လျဉ်း၍စားသုံးသူများအား လိမ်လည် ထားသော ကြော်ငြာများ။
  • (ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံပေးထားမှုအပေါ် လိမ်လည်ထားသော ကြော်ငြာများ။
  • (ဂ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်း အချက်အလက် များ ပါဝင်သည့် ကြော်ငြာများ။
  • (ဃ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုအားအသိပေးခြင်း မရှိသော ကြော်ငြာများ။
  • (င) သက်ဆိုင်သူ၏ ခွင့်ပြုချက်မရရှိဘဲတစ်စုံတစ်ဦး သို့မဟုတ် အဖြစ်အပျက်တစ်ခုအပေါ် အသုံးပြု ထားသော ကြော်ငြာ များ။
  • (စ) ဥပဒေပြဋ္ဌာန်းချက်များ၊ လူမှုကျင့်ဝတ်များကို ဖောက်ဖျက်သည့် ကြော်ငြာများ။

စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် ကြော်ငြာလုပ်ငန်း ဆောင်ရွက်သူတို့သည် မိမိတို့ကြော်ငြာ၏ အကျိုးဆက်များကို တာဝန်ယူရမည်။