Main menu

ဆိုင်ကယ်အရောင်းဆိုင်နှင့်ပတ်သက်၍ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ဆိုင်ကယ်အရောင်းပြခန်းမှ ၁၉-၅-၂၀၂၂ ရက်နေ့တွင် TVS Dazz (အနက်) ယာယီ 05xxxx ကို ကနဦးငွေကျပ် ၇၃၅၀၀၀ နှင့် တစ်လလျှင် ၂၁၅၀၀၀ ကျပ်ဖြင့် (၈) လ အရစ်ကျဝယ်ယူခဲ့ကြောင်း၊ ယခုအချိန်တွင် ငွေအကြေအလည် ပေးချေပြီးသော်လည်း ရောင်းချသော ကုမ္ပဏီအနေဖြင့် ဆိုင်ကယ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို အကြိမ်ကြိမ် သွားရောက်ညှိနှိုင်းတောင်းခံသော်လည်း လက်ဝယ်သို့ ပေးအပ်ခြင်းမရှိပါသဖြင့် ၁၃-၂-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှတဆင့် တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီး ၃၁-၃-၂၀၂၃ ရက်နေ့တွင် တိုင်ကြားသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အား သဘောတူညီချက်ရယူခဲ့ရာ လုပ်ငန်းရှင်မှ ၂၀-၄-၂၀၂၃ ရက်နေ့ အတွင်း ဆိုင်ကယ် Owner Book မူရင်း၊ ဆိုင်ကယ်လိုင်စင်မူရင်းနှင့် စာရွက်စာတမ်းများအား တိုင်ကြားသူလက်ဝယ်ရရှိအောင် ဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း ၃၁-၃-၂၀၂၃ ရက်နေ့တွင် ညှိနှိုင်းသဘောတူညီခဲ့ပါသည်။ ၁၉-၄-၂၀၂၃ ရက်နေ့တွင် စီးပွားရေးလုပ်ငန်းရှင်သည် ဆိုင်ကယ် Owner Book မူရင်း၊ ဆိုင်ကယ်လိုင်စင်မူရင်းနှင့် စာရွက်စာတမ်းများအား စားသုံးသူ‌ရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး ဦးစီးမှူးရုံး၏ တာဝန်ရှိသူများရှေ့မှောက်တွင် တိုင်ကြားသူထံ လာရောက်ပေးအပ်ခဲ့ပါသဖြင့် တိုင်ကြားသူမှ ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)