Main menu

မျှစ်အကြောင်းသိကောင်းစရာ

Powered by Drupal
Thu, 01/26/2023 - 14:34 -- consumer_admin

            ဝါးမျိုးနွယ်ဝင်မျှစ်ကို အင်္ဂလိပ်အခေါ်အဝေါ်အရ Bamboo Shoots (Bamboo Sprouts) ဟုခေါ်ပြီးရုက္ခဗေဒအရ Bambusa vulgaris, Phyllostachys edulis ဟုခေါ်ပါသည်။ ဝါးအဖြစ်သို့မရောက်မှီ ရက်သတ္တပတ်နှစ်ပတ်သားအရွယ်မတိုင်မှီမှာပင် ချိုးယူ၍စားသောက် ကြပါသည်။ ဝါးအမျိုးမျိုးရှိသကဲ့သို့ မျှစ်အမျိုးအစားအမျိုးမျိုးရှိပါသည်။ မျှစ်တွင်ကယ်လစီယမ်ဓါတ်( ၄ )ရာခိုင်နှုန်းနဲ့အမိုင်နိုအက်စစ်အမျိုးပေါင်း(၁၇)မျိုးပါဝင်ပြီး အသားဓါတ် (၅ ) ရာခိုင်နှုန်းပါသည့်အတွက်မျှစ်တွင်အာဟာရတန်ဖိုးမြင့်မားစွာပါဝင်ပါသည်။ ထိုအပြင်မျှစ် တွင်ဆယ်လူလို့စ်ခေါ် အမျှင်ဓါတ်၊ ဗီတာမင်ဘီ၊ ဗီတာမင်အေ၊ သံဓါတ်၊ သွပ်ဓါတ်၊ ဖောလစ်အက်စစ်ဓါတ်၊ နစ်ကိုတင်းနစ်အက်စစ်၊ ဆီလီနီယံဓါတ်၊ ပိုတက်ဆီယမ်ဓါတ်များလည်း ကြွယ်ဝစွာပါရှိပါသည်။ မျှစ်တွင်ပါဝင်သောအမျှင်ဓာတ်သည် ကင်ဆာရောဂါကိုမဖြစ်ပွား အောင်လည်းတားဆီးကာကွယ်ပေးပါသည်။  မျှစ်တွင်နှလုံးကျန်မားရေးအတွက်အထောက် အကူပြုသောပိုတက်ဆီယမ်ဓာတ်များစွာပါရှိ‌သောကြောင့် နှလုံးကျန်းမာရေးကိုလည်းများ စွာအထောက်အကူပြုစေပါသည်။ မျှစ်တွင်အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့်အစာကြေစေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါသည်။ အူမကြီးလှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းချုပ်မှု ကိုပျောက်ကင်းစေနိုင်သောကြောင့် အစာခြေစနစ်ကျန်းမာစေဖို့စားပေးသင့်သောဓာတ်ဆာတစ်မျိုးလည်းဖြစ်ပါသည်။ မျှစ်သည်ခန္ဓာကိုယ်အရေပြား၏ဆဲလ်အသစ်များကိုထုတ်လုပ် ခြင်းကိုအားပေးသောကြောင့် အသားအရေကောင်းလိုသူများ မျှစ်စားပေးသင့်ပါသည်။ မျှစ်တွင်သံဓာတ်ပါရှိသောကြောင့်  သွေးအားနည်းရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ပါသည်။ မျှစ်ထဲတွင် anti-inflamatory ဂုဏ်သတ္တိများပါရှိပါသည်။ ထိုဂုဏ်သတ္တိများက ဘက်တီးရီးယားနှင့်ကူးစက်ရောဂါပိုးအန္တရာယ်ကြောင့်ဖြစ်တတ်သော ခန္ဓာကိုယ်၏ကိုယ်တွင်းကိုယ်ပယောင်ရမ်းနာများကိုလျှော့ချပေးနိုင်စွမ်းရှိပါသည်။ မျှစ်ထဲတွင်အမျှင်ဓာတ်မြင့် မားစွာပါရှိသောကြောင့် အစာစားပြီးနောက်သွေးထဲရှိ သကြားဓာတ်ကိုပုံမှန်ဖြစ်စေသည်။ ထို့ကြောင့်မျှစ်သည်ဆီးချိုရောဂါသည်များအတွက်လွန်စွာကောင်းကျိုးပြုပါသည်။ မျှစ်သည် ကိုယ်တွင်းရှိဖရီးရက်ဒီကယ်ဓါတ်များကို လျော့ချပေးနိုင်သောကြောင့် မျှစ်ကိုရေရှည်စားသုံး ပေးပါကနုပျိုပြီးအသက်ပိုရှည်နိုင်သည်။ မျှစ်တွင်ပါဝင်သောပိုတက်စီယမ်ဓါတ်ကသွေးတိုး ကိုလျှော့ချပေးနိုင်ပါသည်။ မျှစ်တွင်ပါဝင်သောဗီတာမင်ဘီနဲ့နီကိုတင်းနစ်အက်စစ်တို့က အဆီချပေးနိုင် သည်။ မျှစ်သည်ကို်ခံအားကောင်းမွန်စေသည် ၊ ကိုလက်စရောကိုထိန်းညှိပေးပြီးနှလုံးကျန်းမာရေးကိုအထောက်အကူပြုစေပြီး အဆိပ်ပြေစေသည်။ အသက်ရှုလမ်းကြောင်းကိုကျန်းမာစေပြီး နကျင်ယောင်ရမ်းမှုကိုသက်သာစေပါသည်။ ထိုကြောင့် မျှစ်သည် ကျန်းမာရေးအတွက်အထောက်အကူပြု ဗီတာမင်နှင့်သတ္တုဓာတ်များစွာပါရှိသော ကြောင့်ခန္ဓာ ကိုယ်အကျိုးပြုဓာတ်စာအဖြစ်စားသုံးပေးသင့်ပါသည်။

DOCA(ကယား)