နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အား ၈.၁၀.၂၀၂၂ ရက်နေ့တွင် အောက်ဖော်ပြပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်-
| ၁။ |
ပြည်ထောင်စု၀န်ကြီး စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန |
ဥက္ကဌ |
| ၂။ |
ဒုတိယ၀န်ကြီး ပြည်ထဲရေး၀န်ကြီးဌာန |
အဖွဲ့ဝင် |
| ၃။ |
ဒုတိယ၀န်ကြီး စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန |
အဖွဲ့ဝင် |
| ၄။ |
အမြဲတမ်းအတွင်းဝန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
| ၅။ |
ညွှန်ကြားရေးမှူးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်ထဲရေး၀န်ကြီးဌာန |
အဖွဲ့ဝင် |
| ၆။ |
ညွှန်ကြားရေးမှူးချုပ် ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ဥပဒေရေးရာဝန်ကြီးဌာန |
အဖွဲ့ဝင် |
| ၇။ |
ညွှန်ကြားရေးမှူးချုပ် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
| ၈။ |
ညွှန်ကြားရေးမှူးချုပ် မူပိုင်ခွင့်ဦးစီးဌာန စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
| ၉။ |
ညွှန်ကြားရေးမှူးချုပ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန |
အဖွဲ့ဝင် |
| ၁၀။ | စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ (၁) ဦး | အဖွဲ့ဝင် |
| ၁၁။ |
ညွှန်ကြားရေးမှူးချုပ် စားသုံးသူရေးရာဦးစီးဌာန စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
အတွင်းရေးမှူး |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၀-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၅/၂၀၂၁ နှင့် ၃၁-၁၀-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၄၅/၂၀၂၁ တို့ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည။
