
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ လိုင်းပေါင်းစုံကားဂိတ်ရှိ အများပြည်သူသုံးသယ်ယူ ပို့ဆောင်ရေးယာဉ်လိုင်း လုပ်ငန်းရှင်များအား သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကိစ္စနှင့် စပ်လျဉ်း၍ မိတ်ဖက်ဌာနများဖြစ်သည့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီတို့နှင့်ပူးပေါင်းပြီး အသိပညာပေး တွေ့ဆုံဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန မှ ဦးမိုးညွန့်ဦး(ပြည်နယ်ဦးစီးမှူး) က ယာဉ်လိုင်းလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အရမှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသောဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝ စွာပေးရမည်ဖြစ်ကြောင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံရမည်ဖြစ် ကြောင်း၊ စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိအောင် ဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း၊ မိမိ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များကို စားသုံးသူများသိရှိစေရန် ကြိုတင်သတိပေး စည်းကမ်းချက်များကို ကားလက်မှတ်ပြေစာနှင့် တန်ဆာခပြေစာများတွင် မဖြစ်မနေ ထည့်သွင်းဖော်ပြ သွားရမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိ ပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အကျယ်တဝင့်အသိပညာ ပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ယာဉ်လိုင်းလုပ်ငန်းရှင်များမှ သိရှိလိုသည်များအားမေးမြန်း ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများအနေဖြင့် ပြန်လည်ဖြေကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအား ( ၁၁:၀၀ )နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)
