Main menu

ရေသန့်ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် သောက်ရေသန့် စက်ရုံတစ်ခုမှ သောက်ရေသန့် (၇) ဘူးမှာယူခဲ့ရာ အဆိုပါရေဘူးများတွင် ရေညှိပါသောကြောင့် ဖုန်းဆက်အကြောင်းကြား၍ ပြန်လည် လဲလှယ်ခိုင်းရာ ရေသန့်သမားလွှတ်၍ ပြန်လည်လဲလှယ်ပေးခဲ့ သော်လည်း ရေဘူးများတွင် ရေညှိများထပ်ပါလာသဖြင့် ထပ်မံ ၍ ရေဘူးလဲလှယ်ခိုင်းရာတွင် ရေသန့်ဘူးအလုံအလောက် မပါ သောကြောင့်နောက်ရက်မှလဲလှယ်ပေးမည်ဟု ပြောကြားသဖြင့် နောက်ရက်၌ ဖုန်းဆက်လဲလှယ် ခိုင်းရာတွင် ဖုန်းလက်ခံ ဖြေကြားသူမှာ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခဲ့ပါကြောင်း၊ အဆင်မပြေလျှင် သောက်ရေသန့်ကို မသုံးချင်လျှင်မသုံးနိုင်ကြောင်း မချေမငံပြောဆိုဆက်ဆံပါသဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။

 ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။   တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား သူနှင့် တိုင်ကြားခံရသူတို့အား ကနဦးစိစစ်ခြင်းများဆောင်ရွက်ခဲ့ရာ ရေသန့်တွင် ရေညှိပါဝင်နေခြင်း၊ စားသုံးသူအား ဆက်ဆံရေးပြေပြစ်မှုမရှိသည့်အတွက် တိုင်ကြားခြင်းဖြစ်ကြောင်းနှင့် တိုင်ကြားခံရ သည့် သောက်ရေသန့်စက်ရုံသို့ ကွင်းဆင်းစိစစ်ရာတွင် သောက်ရေသန့်လုပ်ငန်းမှာ FDA Guidelines နှင့်အညီ ထုတ်လုပ်နေကြောင်း တွေ့ရှိရပြီး သောက်ရေသန့်အား ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်း (Public Health Laboratory)သို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတုဗေဒစစ်အဖြေကောင်းမွန်ကြောင်း အကြောင်းပြန်ကြားလာသော်လည်း သောက်ရေသန့်တွင် ရေညှိပါဝင်ခြင်းနှင့် ဆက်ဆံရေးအားနည်း ခြင်းတို့ကြောင့် တိုင်ကြားခံရသည့်သောက်ရေသန့်စက်ရုံအား စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၂၁ (ဃ)ကို ဖောက်ဖျက်သည့်အတွက် နောက်နောင် ယခုကဲ့သို့ ဖြစ်စဉ်မျိုးမဖြစ်စေရေး မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူကာကွယ် ရေးဥပဒေပုဒ်မ ၅၂(က)အရ စီမံခန့်ခွဲရေးဆိုင်ရာအမိန့်  “သတိပေးခြင်း” အမိန့်အား ချမှတ်ခဲ့ပြီး တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့သည်။