Main menu

အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်းဆန်ဝယ်ယူမှု တန်ချိန် ၄.၁၁ သန်းအထိ ရောက်ရှိ

Powered by Drupal

       အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရအာဏာပိုင်များသည် အောက်တိုဘာ ၈ ရက်အထိ ပြည်တွင်း တောင်သူများထံမှ ဆန်တန်ချိန် ၄.၁၁ သန်း ဝယ်ယူစုဆောင်းနိုင်ခဲ့ပြီး တစ်နှစ်တာအတွက် သတ်မှတ်ထားသော ဆန်ဝယ်ယူမှုပစ်မှတ် တန်ချိန် ၄ သန်းကို ကျော်လွန်ခဲ့ကြောင်း နိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ Bulog က အောက်တိုဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

        Bulog ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Ahmad Rizal Ramdhani ၏ ပြောကြားချက်အရ ၂၀၂၆ ခုနှစ်အတွက် အစိုးရက သတ်မှတ်ပေးထားသော ဆန်ဝယ်ယူမှုပစ်မှတ်၏ ၁၀၂ ရာခိုင်နှုန်းအထိ ဝယ်ယူစုဆောင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

        ၂၀၂၆ ခုနှစ် ဆန်ဝယ်ယူမှုပမာဏသည် ၂၀၂၅ ခုနှစ်တွင် ရရှိခဲ့သော တန်ချိန် ၃.၁၉ သန်းထက် ပိုမိုများပြားခဲ့သည့်အပြင် Bulog ကုမ္ပဏီ၏ ယခင်စံချိန်ဖြစ်သော ၂၀၁၂ ခုနှစ်က ဆန်တန်ချိန် ၃.၆၅ သန်း ဝယ်ယူနိုင်ခဲ့မှုကိုလည်း ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

     ထို့အပြင် Bulog သည် ဆန်ဝယ်ယူစုဆောင်းမှုလုပ်ငန်းများကို ပိုမိုထိရောက်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းအတွက် စပါးထွက်ရှိရာဒေသများတွင် ဝယ်ယူရေးကွန်ရက်များကို အားကောင်းလာစေရန်နှင့် သိုလှောင်ရုံများကို အဆင့်မြှင့် တင်ရန် စီစဉ်ထားကြောင်း သိရသည်။

         အဆိုပါလုပ်ငန်းစဉ်များမှတစ်ဆင့် ရိတ်သိမ်းရာသီများအတွင်း ဆန်နှင့်စပါး ဝယ်ယူစုဆောင်းမှုကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်နှင့် တောင်သူများအတွက် စပါးဈေးနှုန်း တည်ငြိမ်စေရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA (ရန်ကုန်)