Main menu

မြန်မာ့မြေထည်အကြောင်းတစ်စေ့တစ်စောင်း

Powered by Drupal
Fri, 10/02/2026 - 15:55 -- consumer_admin

             ကြွေထည်မပေါ်သေးမီအခါက လူတို့သည် မြေထည်ဖြစ်သော မြေအိုးမြေခွက်များကိုသာ လျှင်သုံးစွဲခဲ့ကြသည်။ မြေထည်ကိုရှေးနှစ်ပေါင်း ၅၀၀ ခန့်က ပင်ပေါ်ပေါက်လာခဲ့သည်ဟု ခန့်မှန်း သိရှိရသည်။ ရှေးခေတ်က ကမ္ဘာသူကမ္ဘာသားတို့သည် ဝါးဆစ်ဗူး၊ သစ်ရွက်၊ ကျောက်ခွက် စသည် တို့ကို ထည့်စရာအဖြစ် သုံးစွဲကြရာမှအိုးကို တီထွင်ဖန်တီးခဲ့ခြင်းဖြစ်လေသည်။

        မြန်မာနိုင်ငံတွင်ရှေးအခါက ထမင်စားသုံးသော မြေစလုံ၊ ပန်းကန်လုံးအကြီး၊ အငယ်၊ မြေအိုး၊ မြေစလောင်းဖုံး၊ မြေပန်းကန်၊ မြေစလုံတို့ကို ထမင်းဟင်းလျာ များထည့်၍ စားသောက် အသုံးပြု ခဲ့ကြသည်။ အိုးသည် လူသားတို့အဖို့မရှိလျှင် မဖြစ်သော ပစ္စည်းတစ်ခုဖြစ်လေသည်။ မျက်မှောက် ခေတ်တွင် ဒန်အိုး၊ သတ္တုအိုး စသည်တို့ပေါများလာသည်နှင့်အမျှ မြန်မာလူမျိုးတို့သည်  မြေအိုးကို လက်မလွှတ်ကြသေးချေ။ မြေထည်ဖြင့် ထမင်းဟင်းချက်ခြင်း၊ ရေနွေးအိုးကျိုခြင်း ဟူသော မီးဖိုချောင်သုံး အတွက်အသုံးပြုကြသည်။

         ယနေ့ခေတ်အထိ အသုံးပြုလျက်ရှိသော မြန်မာလူမျိုးများ၏ အိမ်တိုင်း၌ အစားထိုး၍ မသုံးစွဲသော နေရာတစ်နေရာမှာ မြေသောက်ရေအိုးဖြစ်လေသည်။ မြန်မာ့ယဉ်ကျေးမှုအရ စေတီ ပုထိုးများတွင် ဘုရားပန်းအိုးထိုးခြင်း၊ ရေချမ်းဆပ်ကပ်သည့်နေရာများ၌ မြန်မာ့လုပ်ရေအိုး သည် ပနံအရဆုံးဖြစ်လေသည်။ သပြေပန်းထိုး၍ အောင်နိမိတ်ဆင်ကြသည့် ရေချမ်းအိုးမှာ မြေအိုး ပင်သည်။ နှစ်သစ်ကူးသင်္ကြန်ပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်စသော နေ့ထူးရက်မြတ် အခါ များတွင် မြန်မာအမျိုးသမီးများနှင့် ကလေးများသည် ကျောင်းကန်ဘုရားများသို့ ရေအိုးများကို ရွက်၍ ယနေ့ခေတ်အထိ အသုံးပြုကြသည်။

          မြေထည်ကိုအသုံးပြုရာတွင် အဓိကအားသာချက်မှာ မြေအိုးနှင့် ချက်ပြုတ်သောထမင်းနှင့် ဟင်းလျာများမှာ ရနံ့မွှေးပျံ့၍ ထူးခြားသောအရသာကို ပေးစွမ်းပေသည်။ ယနေ့ခေတ်တွင် မြေအိုး ထမင်းဟင်းဆိုင်များ ပေါ်ပေါက်လာသည်မှာ ကျန်းမာရေးနှင့် ညီညွတ်ပြီး မြန်မာ့ရိုးရာ အစားအစာ နှင့် အရသာကို မြတ်နိုးခြင်း၊ ထူးခြးသော အရသာရှိခြင်းနှင့် မြေအိုးငယ်လေးများဖြင့် ချက်ပြုတ်ပေးခြင်းက ပူပူနွေးနွေး စားသုံးနိုင်ခြင်း   မြေအိုး၏သဘာဝရိုးရာ မွှေးရနံ့များ ကြောင့်မြန်မာ့ဈေး ကွက်တွင် စားသုံးမှုများပြားလာပြီး ရိုးရာအနုပညာကို  ထိန်းသိမ်းခြင်းဖြင့် မြန်မာ့မြေထည်များသည်  ယနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိကြောင်း တွေ့ရှိရသည်။

DOCa(မန္တလေး)