Main menu

အွန်လိုင်းမှ ကုန်ပစ္စည်းဝယ်ယူရာတွင် စားသုံးသူများ သတိထားသင့်သည့်အချက်များ

Powered by Drupal
Thu, 09/24/2026 - 15:47 -- consumer_admin

       အွန်လိုင်းပေါ်မှ ကုန်ပစ္စည်းများကို အချိန်နှင့်တပြေးညီ လွယ်ကူစွာ ဝယ်ယူနိုင်လာခြင်းနှင့်အတူ အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းဝယ်ယူသုံးစွဲသူများလည်း တိုးပွားလာလျက်ရှိသည်။ ထို့ကြောင့် စားသုံးသူများအနေဖြင့် အွန်လိုင်းမှ ကုန်ပစ္စည်းဝယ်ယူရာတွင် မိမိတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်နိုင်ရန် သတိပြုစစ်ဆေးဝယ်ယူရန် လိုအပ်ကြောင်းသိရသည်။

         အွန်လိုင်းမှ ကုန်ပစ္စည်းဝယ်ယူမည်ဆိုပါက ပထမဦးစွာ ရောင်းချသူ၏ အချက်အလက်များ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ လိပ်စာနှင့် ရောင်းချသည့်စာမျက်နှာတို့ကို စစ်ဆေးသင့်သည်။ ထို့အပြင် ကုပစ္စည်း၏ အမျိုးအစား၊ အရည်အသွေး၊ အရွယ်အစား၊ အရေအတွက်၊ ဈေးနှုန်းနှင့် ပို့ဆောင်ခများကို ကြိုတင်သိရှိအောင် စုံစမ်းသင့်သည်။

        အစားအသောက်နှင့် သုံးစွဲရန်အတွက် ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများကို ဝယ်ယူရာ တွင်လည်း ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူအမည်၊ ပါဝင်ပစ္စည်းများနှင့် အသုံးပြုရန် သတ်မှတ်ချက်များကို စစ်ဆေးပြီးမှ ဝယ်ယူသင့်သည်။

        အွန်လိုင်းဈေးဝယ်ရာတွင် ကြော်ငြာထားသည့် ပစ္စည်းနှင့် လက်ခံရရှိသည့်ပစ္စည်း မတူညီခြင်း၊ အရည်အသွေးမပြည့်မီခြင်း၊ ဈေးနှုန်းမမှန်ကန်ခြင်း သို့မဟုတ် မှာယူထားသည့်ပစ္စည်း မရရှိခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်နိုင်သဖြင့် ငွေပေးချေမှုမပြုမီ ရောင်းချသူ၏ ပြန်လည်လဲလှယ်ပေးမှု၊ ပြန်အမ်းပေးမှုနှင့် ပစ္စည်းပို့ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များကိုလည်း သေချာစွာ ဖတ်ရှု့သင့်သည်။

         ထို့ပြင် ကုန်ပစ္စည်းဝယ်ယူပြီးနောက် ငွေပေးချေမှုမှတ်တမ်း၊ အော်ဒါအတည်ပြုချက်၊ ရောင်းချသူ နှင့် ဆက်သွယ်ထားသည့် စာများ၊ ကုန်ပစ္စည်းကြော်ငြာထားသည့် အချက်အလက်များကို သိမ်းဆည်း ထားသင့်သည်။ ယင်းအချက်အလက်များသည် ကုန်ပစ္စည်းနှင့်ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေနိုင်သည်။

         စားသုံးသူများအနေဖြင့် အွန်လိုင်းမှ ကုန်ပစ္စည်းဝယ်ယူရာတွင် မိမိတို့ဝယ်ယူမည့် ကုန်ပစ္စည်းနှင့် ရောင်းချသူ၏ အချက်အလက်များကို သေချာစွာ စစ်ဆေးပြီးမှ ဝယ်ယူခြင်းဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။

          ထို့ကြောင့် အွန်လိုင်းဈေးဝယ်မှုများ ပြုလုပ်ရာတွင် စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့် အရေးနှင့် အကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် သတိပြုစစ်ဆေးဝယ်ယူကြရန် လိုအပ်ကြောင်း သိရသည်။

DOCA(မန္တလေး)