Main menu

နည်းပညာသစ်များရရှိရေး အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်

Powered by Drupal
Thu, 09/17/2026 - 13:54 -- consumer_admin

          ကရင်ပြည်နယ်၊ ဘားအံမြို့၊ စက်မှုဇုန်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာစေရေးနှင့် ထုတ်ကုန်အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ခေတ်မှီနည်းပညာနှင့် စက်ကရိယာများ အသုံးပြု၍ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

          အဆိုပါလုပ်ငန်းတွင် CNC Router စက်များကို အသုံးပြု၍ သစ်သားနှင့် အခြားကုန်ကြမ်းများ ကိုပုံဖော်ဖြတ်တောက်ကာ ဘုရားရုပ်ပွားတော်များ၊ အလှဆင်ပစ္စည်းများနှင့် အခြားထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသည်။ ယခင်ကလက်ဖြင့် ထုဆစ်ပုံဖော်သည့် ပန်းပုလုပ်ငန်းများမှ ခေတ်မီစက် ပစ္စည်းများအသုံးပြုသည့် စက်ပန်းပုလုပ်ငန်းသို့ ပြောင်းလဲဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုအချိန် လျော့ချနိုင်ပြီး ထုတ်ကုန်များ၏ အရည်အသွေးနှင့် တန်ဖိုးမြှင့်တင်နိုင်ရေးအတွက် အထောက်အကူ ပြုလျက်ရှိသည်။  ခေတ်မီနည်းပညာနှင့် စက်ကိရိယာများ အသုံးပြုခြင်းဖြင့် ထုတ်လုပ်မှုလုပ်ငန်းစဉ် ပိုမိုမြန်ဆန်တိကျလာပြီး ထုတ်ကုန်အရည်အသွေး မြှင်တင်နိုင်သည့်အပြင် ဈေးကွက်လိုအပ် ချက်နှင့် ကိုက်ညီသော အမယ်သစ်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် လုပ်ငန်းရှင်များ၏ ဝင်ငွေတိုးတက် ရေးအတွက်လည်း အထောက်အကူပြုလျက်ရှိသည်။

          အသေးစားစက်မှုလက်မှုလုပ်ငန်းများအနေဖြင့် နည်းပညာသစ်များနှင့် ခေတ်မီစက်ကိရိယာ များရရှိအသုံးချနိုင်ရေး ပူးပေါင်ဆောင်ရွက်ခြင်းဖြင့် လူအင်အားအသုံးပြုရမှု လျော့နည်းစေပြီး အလုပ်သမားအင်အားကို ထိရောက်စွာ အသုံးချနိုင်ခြင်း၊ ထုတ်လုပ်မှုစွမ်းအား မြှင့်တင်နိုင်ခြင်းနှင့် ထုတ်ကုန်များ၏ အရည်အသွေးနှင့် တန်ဖိုးမြှင့်တင်နိုင်ခြင်းတို့ကို ရရှိစေကာ ဒေသတွင်း MSME လုပ် ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။

DOCA(ကရင်)