Main menu

ကယားပြည်နယ်တွင် စိုက်ပျိုးလျှက်ရှိသောငရုတ်သီး

Powered by Drupal
Thu, 09/17/2026 - 13:08 -- consumer_admin

 

          ကယားပြည်နယ်အတွင်း ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကအသက် မွေးဝမ်းကျောင်းလုပ်ငန်းတစ်ရပ်အဖြစ်လုပ်ကိုင်လျက်ရှိပြီး ဒေသနှင့်ကိုက်ညီသည့် ဟင်းသီးဟင်း ရွက်နှင့်စားသုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းသိရပါသည်။ အဆိုပါ သီးနှံများအနက် ငရုတ်သီးသည် အိမ်တွင်းစိုက်ပျိုး၍စားသုံးမှုရရှိသည့်အပြင် ဒေသအတွင်းစျေး ကွက်တွင်ရောင်းချမည့်သီးနှံတစ်မျိုးဖြစ်သဖြင့် တောင်သူများအတွက်ဝင်ငွေရရှိစေမည့်အလားအ လာရှိသည့် သီးနှံတစ်မျိုးဖြစ်သည်။ ကယားပြည်နယ်တွင် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံတို့ကို အဓိကထား၍စိုက်ပျိုးကြသည်။ ထိုသီးနှံများအပြင် ဒေသအလိုက်ဟင်းသီးဟင်းရွက်နှင့် စားဖို ဆောင်သီးနှံများကိုလည်းစိုက်ပျိုးကြပြီး ငရုတ်သီးသည် ထိုစားဖိုဆောင်သီးနှံများထဲမှစျေးကွက်လို အပ်ချက်ရှိသည့် သီးနှံတစ်မျိုးဖြစ်သည်။

          ကယားပြည်နယ်အတွင်း လွိုင်ကော်မြို့၊ လောပိတမြို့အနီးရှိကျေးရွာများနှင့် ဒီမောဆိုမြို့ နယ်နှင့် ကယားပြည်နယ်နေရာအနှံ့အပြားတွင် ငရုတ်သီးကို အိမ်တွင်း စားသုံးရန်အတွက်အိမ်ခြံဝန်း အတွင်း တနိုင်တပိုင်စိုက်ပျိုးကြသကဲ့သို့ ‌စျေးကွက်သို့တင်ပို့‌ ရောင်းချရန်အတွက် စီးပွားဖြစ်လည်း စိုက်ပျိုးထုတ်လုပ်ကြကြောင်းသိရသည်။ ၂၀၂၆ ခုနှစ်ကယား ပြည်နယ်တွင် ငရုတ်သီးစိုက်ခင်း ဧရိ ယာစုစုပေါင်းမှာ ၁၄၁၇ ဧရိယာ ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်း အရသိရှိရပါသည်။ ကယားပြည် နယ်မှထွက်ရှိလာသည့် ငရုတ်သီးများကိုလတ်ဆတ်သော အသီးအဖြစ်စားသုံး နိုင်သည့်အပြင်အ ခြောက်ခံ၍လည်းအသုံးပြုနိုင်ပါသည်။ ကယားပြည်နယ်၊ လွိုင်ကော် မြို့ရှိ စားဖိုဆောင်စျေးကွက် တွင် ငရုတ်သီးခြောက်များရောင်းဝယ်နေကြပြီး သြဂုတ်လ တတိယအပတ်အတွင်း ငရုတ်သီး ခြောက် (အပု) တစ်ပိဿာ ၄၀၀၀၀ ကျပ်နှင့် ငရုတ်သီးခြောက် (အရှည်) တစ် ပိဿာ ၁၇၀၀၀ ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

ကယားပြည်နယ်တွင် ငရုတ်သီးထုတ်လုပ်မှုကို စိုက်ခင်းမှထွက်ကုန်ရောင်းချသည့် အဆင့် တွင်သာမထားဘဲ ငရုတ်သီးခြောက်၊ ငရုတ်သီးမှုန့်နှင့် အခြားငရုတ်သီးအခြေခံစားသောက်ကုန်များ အဖြစ်တန်ဖိုးမြှင့် ထုတ်လုပ်လျက်ရှိကြောင်းဒေသခံတောင်သူများထံမှသိရှိရပါသည်။ လတ်ဆတ် သည့်ငရုတ်သီးများကို‌ စျေးကွက်သို့ချက်ချင်းတင်ပို့ရောင်းချနိုင်သော်လည်း ထွက်ရှိမှုများသည့်အချိန် တွင် အားလုံးကိုလတ်ဆတ်သော အသီးအဖြစ်ရောင်းချရန်အခက်အခဲရှိနိုင်သည်။ ထိုအခြေအနေ တွင် ငရုတ်သီးကိုအခြောက်ခံခြင်းသည် ထုတ်ကုန်ကိုအချိန်ကြာကြာထိန်းသိမ်းထားနိုင်စေသည့် နည်းလမ်းတစ်ခုဖြစ်သည်။ အခြောက်ခံထားသောငရုတ်သီးများကို နောက်ပိုင်းတွင် ငရုတ်သီးမှုန့်ပြုလုပ်ခြင်း၊ ဟင်းခတ်အမွှေးအကြိုင်များထုတ်လုပ်ခြင်းနှင့် အခြားစားသောက်ကုန်များတွင်ထည့် သွင်းအသုံးပြုကြသည်။ ထိုသို့ကုန်ကြမ်းတန်ဖိုမြှင့်ထုတ်ကုန်အဖြစ်ပြောင်းလဲနိုင်ခြင်းသည်ငရုတ်သီး စိုက်ပျိုးသူများနှင့် ပြုပြင်ထုတ်လုပ်သူများအတွက် စျေးကွက်အခွင့်အလမ်းတစ်ရပ် ဖြစ်လာနိုင်ပါ သည်။ ငရုတ်သီးကိုစီးပွားဖြစ်စိုက်ပျိုးရာတွင် ပထမဦးစွာ မြေယာကို သင့်တော်အောင် ပြုပြင်ပေး ပြီး ပျိုးခင်းတွင်ပျိုးပင်များကို ပြုစုပျိုးထောင်ကာ အပင်ငယ်များအရွယ်ရောက်လာသည့် အခါစိုက် ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးကြသည်။ အပင်များကောင်းမွန်ကြီးထွားလာစေရန်အတွက် ရေ ရရှိမှု၊ မြေ ဆီလွှာအခြေအနေ၊ မြေသြဇာအသုံးပြုမှုနှင့် ပိုးမွှားရောဂါကာကွယ်ရေးတို့ကို စနစ်တကျဆောင် ရွက်ရန် လိုအပ်ပါသည်။ ငရုတ်သီးသည် အပူပိုင်းနှင့် သမပိုင်းရာသီဥတုများတွင် စိုက်ပျိုး နိုင်သည့် သီးနှံဖြစ်ပြီး ရာသီနှင့်ဒေသအလိုက် စိုက်ပျိုးချိန်ကွာခြားနိုင်သည်။

          မြန်မာနိုင်ငံတွင် ငရုတ်သီးသည် ပြည်တွင်း စားသုံးမှုအတွက် အရေးပါသည့်သီးနှံတစ်မျိုးဖြစ် သည့်အပြင် လတ်ဆတ်သော ငရုတ်သီး၊ ငရုတ်သီးအခြောက်နှင့် ငရုတ်သီးအမှုန့် တို့အဖြစ် တန်ဖိုး မြှင့်ထုတ်လုပ်နိုင်သည့်အတွက် စိုက်ပျိုးထုတ်လုပ်မှုမှ ဈေးကွက်အထိ စနစ်တကျချိတ်ဆက်နိုင်ပါက တောင်သူများအတွက်ပိုမိုကောင်းမွန်သော စီးပွားရေးအခွင့်အလမ်းများ ရရှိလာနိုင်မည်ဖြစ်သည်။

DOCA(ကယား)