
ညာဟုဆိုသည်နှင့် ပုဂံ၊ ညောင်ဦးဒေသကို လူတိုင်းပြေးမြင်မိကြမည်ထင်ပါသည်။ ပုဂံညောင်ဦးဒေသဟာဆိုရင် ရှေးဟောင်းစေတီပုထိုးများ၊ ဘုရားကျောင်းကန်များ လက်ညှိးထိုးမလွဲ တွေ့မြင်ရမည်အပြင် ယွန်းထည်လက်မှုလုပ်ငန်းနှင့် ဒေသထွက်စားသောက်ကုန်အဖြစ် ပုန်းရည်ကြီး လုပ်ငန်းကိုလည်းတွေ့မြင်ရမည်ဖြစ်ပါသည်။ ပုန်းရည်ကြီးလုပ်ငန်းသည် ပုဂံဒေသ၏ မိရိုးဖလာ လုပ်ငန်းတစ်ခုပင်ဖြစ်ပါသည်။ အဟာရပြည့်ဝပြီး အရသာရှိသည့် ပုန်းရည်ကြီးကို အသင့်သုံး စားသောက်ကုန်အဖြစ်လည်းကောင်း၊ ဘုရားဖူးအိမ်ပြန် လက်ဆောင်အဖြစ်လည်းကောင်း ရောင်းဝယ်ဖောက်ကားလျက်ရှိသော ဒေသထွက်ကုန်တစ်ခုပင်ဖြစ်သည်။
သမိုင်းကြောင်း
Glycine max (Soybean) ပဲပိစပ် (ဘရားဇီး၊ အမေရီကန်၊ အာဂျင်တီးနား၊ ပါရာဂွေး၊ ကနေဒါ၊ ရုရှား စသည့်နိုင်ငံများတွင် စိုက်ပျိုးလျက်ရှိပြီး အာရှမှာဆိုရင် တရုတ်၊ အိန္ဒိယတို့တွင် အများဆုံး စိုက်ပျိုးကြကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြကြောင်းသိရသည်။ ပုဂံဒေသ၏ ရိုးရာပုန်းရည်ကြီးကို လွန်ခဲ့သောနှစ်ပေါင်း (၁၀၀)ကျော်ခန့်ကပင် ထုတ်လုပ်သုံးစွဲလာခဲ့ပါသည်။ ယခင်က ပဲပြုတ်ရည်ကို ကျိုပြီးသောက်သုံးရာမှ အဟာရ ရရှိခဲ့သဖြင့် ပုန်းရည်ကြီးဖြစ်ပေါ်လာသည် ဟု ထုတ်လုပ်မှု နှစ်(၁၀၀)သက်တမ်းရှိပြီးဖြစ်သော ဇီးကွက်ပုန်းရည်ကြီးပိုင်ရှင် ပြောကြားချက်အရ သိရှိခဲ့ရပါသည်။
ကုန်ကြမ်းရရှိမှု
ပုန်းရည်ကြီးကို ပဲအမျိုးမျိုးမှ ထုတ်လုပ်နိုင်သော်လည်း ပဲပိစပ်ကိုသာ အဓိကကုန်ကြမ်း အဖြစ်အသုံးပြုကြသည်။ ပုန်းရည်ကြီးထုပ်ကုန်၏ အဓိကကုန်ကြမ်းဖြစ်သော ပဲပိစပ်ကို နေပြည် တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ သာဝတ္ထိ၊ ရေနီ၊ မြင်းခြံ၊ ရှမ်းပြည်နယ် ၊ အောင်ပန်း၊ ပင်းတယ ၊ ရွာငံ၊ ဟိုပုံး စသည့်ဒေသများမှ ဝယ်ယူပြီးထုပ်လုပ်လျက်ရှိသည်။ ဒေသတွင်းထွက်ရှိသောပဲများမှာ ပဲပြုတ်ရာတွင် ယခင်ထင်းအသုံးပြုမှုနှင့် အချိန်ကြာမြင့်သည့်အတွက် နေပြည်တော်ဘက်မှ ထွက်ရှိ သော ပဲများကို ပိုနှစ်ကြသော်လည်း ကုန်းပဲမှာ အရသာတွင်လေးလေးပင်ပင်ရှိပြီး ပဲအရသာ ပို၍ပေါ်လွင်ကြောင်းသိရသည်။ ကုန်ကြမ်းဖြစ်သော ပဲပိစပ် ပိဿာချိန်(၃၀)ပိဿာ တစ်အိတ်လျှင် (၁၈၀၀၀၀) ကျပ်ခန့်မှ(၂၀၀၀၀၀) ကျပ်ထိ ဝယ်ယူရကြောင်း သိရသည်။
၂
လောင်စာကုန်ကြမ်း
လောင်စာကုန်ကြမ်းအဖြစ် ထင်းနှင့်မြေပဲခွံကိုသာ အသုံးပြုကြပြီး မြေပဲခွံလောင်စာ ဝယ်ယူ မှုအနေဖြင့် ပဲခွံလှိုင်လှိုင်ပေါ်ချိန်တွင်(၁၄)ပေ ကား(၁)စီး ၂၀၀၀၀ဝိ/ကျပ်၊ ယခု (၁၄)ပေကား တစ်စီး ၂၇၀၀၀ဝိ/ ကျပ်ဖြင့် ဝယ်ယူရကြောင်းသိရသည်။
အကျိုးကျေးဇူး
- ပုန်းရည်ကြီးသည် ပရိုတင်းဓာတ်၊ ဗီတာမင်နှင့်သံဓာတ်၊ လက်စီတင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သည့်အတွက် ကျန်းမာရေးကိုလည်း အထောက်အကူပြုသည့် အစားအစာဖြစ်ခြင်း
- ပုန်းရည်ကြီးမှာပါဝင်သည့် ပရိုတင်းဓာတ်သည် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရန်အတွက် အထောက်အကူပြုခြင်း
- လက်စီတင်ဓာတ်သည်ဦးနှောက်ရဲ့မှတ်ဉာဏ်၊ စဉ်းစားဉာဏ်များကို ကောင်းစေပြီး အယ်ဇိုင်း မားရောဂါ ဖြစ်နိုင်ချေများကို လျော့နည်းစေနိုင်ခြင်း
- ခန္ဓာကိုယ်တွင်းရှိ မကောင်းသောအဆီဓာတ် (ကိုလက်စထရော)ကို ကျစေသည့်အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ချေကို လျော့ကျစေနိုင်ခြင်း
- ပုန်းရည်ကြီးစားခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ ဝမ်းမာခြင်းကင်းဝေးပြီး ဝမ်းပျော့ပျော့သွားစေ နိုင်သည့်အတွက် အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးကို ကောင်းစေနိုင်ခြင်း
- ပုန်းရည်ကြီးမှာပါဝင်သည့် အန်တီအောက်ဆီးဒန့်ဓာတ်တစ်မျိုးသည် ကင်ဆာဆဲလ်တွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပြီး မကြာခဏစားပေးခြင်းဖြင့် သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေနိုင်ခြင်း
ထုတ်လုပ်မှုလုပ်ငန်းစဉ်
- Boiler စနစ်ဖြင့် ကျိုချက်ထုတ်လုပ်ခြင်းကို (၂၀၁၈ ခုနှစ်ခန့်ကစတင်လည်ပတ် အသုံးပြုခဲ့သည်)
- မိရိုးဖလာနည်းဖြင့် ကျိုချက်ထုတ်လုပ်ခြင်းကို (လွန်ခဲ့သော နှစ်တစ်ရာခန့်က စတင် အသုံးပြုလာခဲ့ကြောင်းသိရသည်။
၃
Boiler စနစ်ဖြင့် ပုန်းရည်ကြီးထုတ်လုပ်ပုံအဆင့်ဆင့်
- ပထမအဆင့်အနေဖြင့်
- ပဲပိစပ်မှာရောနှောပါဝင်တဲ့ အမှိုက်သရှိုက်တွေရှင်းမယ်၊ ခဲ့ကောက်မယ်၊ ပြီးရင်ရေဖြင့် (၃)ကြိမ် ဆေးကြောသန့်စင်ပြီး ပေါင်းအိုးအတွင်း၍ ပဲပိစပ်(၁)ဆနှင့်ရေ(၃)ဆခန့် ရောနှော၍ အပူချိန်(၁၂၀°C)ခန့်ဖြင့် (၄၅)မိနစ်ခန့် ပေါင်းရပါသည်။
- ဒုတိယအဆင့်အနေဖြင့်
- ပေါင်း၍ရရှိလာသောပဲပြုတ်ရည်အချို့အား စဉ့်အိုးများအတွင်းထည့်ကာ အချဉ်ရည် ရရှိစေရန်(၂)ရက်ခန့်ထားရပါသည်။ ပဲပြုတ်ဖက်များအား ဝက်/နွား အစာအဖြစ်အသုံး ပြုပါသည်။
- ပေါင်းအိုးမှရရှိလာသောပဲပြုတ်ရည်နှင့် ပဲအချဉ်ရည်တို့အား အချိုးကျရောစပ်ပြီး အရသာအတွက် ဆားထည့်ကာ ခမ်းအိုးအတွင်းသို့ထည့်၍အပူချိန်(၆၀°C-၈၀°C) ခန့်ဖြင့် (၄)နာရီခန့်အကြာထည့်၍ ကိုယ်လိုချင်သော အနေအထားရောက်သည်အထိ ကျိုချက်ရပါသည်။
- တတိယအဆင့်အနေဖြင့်
- ခမ်းပြီးအဆင့်မှ ပုန်းရည်ကြီးအဆင့်သို့ရောက်ရှိစေရန် ကျိုအိုးအတွင်း၌ အပူချိန် (၁၁၀°C) ခန့်ဖြင့် (၄)နာရီအကြာထပ်မံကျိုချက်ရပါသည်။
- ကျိုချက်ပြီးရရှိလာသည့် ပုန်းရည်ကြီးများကို(၁)ညအိပ် အအေးခံသိမ်းဆည်း ထားရပါ သည်၊၊
- အအေးခံပြီးပုန်းရည်ကြီးများကို ပါကင်စက်၊ လေစုတ်ပိတ်စက်များအသုံးပြု၍ ပါကင် ထုတ်ပိုးပြီး ဖြန့်ဖြူးရောင်းချပါသည်။
မိရိုးဖလာနည်းဖြင့် ပုန်းရည်ကြီးထုတ်လုပ်ပုံအဆင့်ဆင့်
- ဆေးကြောသန့်စင်ခြင်း
- ပြုတ်ခြင်း
- အချည်ဖောက်ခြင်း
- ပဲအရည်ခမ်းခြင်း
- ကျိုချက်ခြင်း
- အအေးခံ၊ သိမ်းဆည်ခြင်း
- ပါကင်ထုတ်ပိုးခြင်း
- ပုန်းရည်ကြီးချက်လုပ်ရာတွင် ပထမဦးစွာ ပဲပိစပ်ကိုရေဖြင့် သေချာစွာစင်ကြယ် အောင် အထပ်ထပ်ဆေးကြော သန့်စင်ရသည်။
၄
- ဆေးကြောသန့်စင်၍ ရသောပဲများကို ဖျဉ်အိုး၊ ဒန်အိုး၊ ဒယ်အိုးများတွင်ထည့်ကာ ပြုတ်ရသည်။ ပဲအမျိုးအစား အပေါ်မူတည်၍ ၂ နာရီခွဲမှ ၃ နာရီအထိပြုတ်ရသည်။
- ပဲပြုတ်ပြီးပါက ပဲပြုတ်ရည်ကိုခွဲထုတ်ပြီး စဉ့်အိုးအတွင်း သိုလှောင်ထားရှိကာ အချဉ်ဖောက်ရသည်။ ပဲပြုတ်ရည်မှာ ကိုယ်လိုသည့်အရသာ (အချဉ်၊အစိမ့်)ပေါ်မူ တည်၍ ရက်အလိုက်ထားရှိပြီး ကျိုချက်ရကြောင်းသိရသည်။
- ဤသို့အချဉ်ပေါက်လာသော ပဲရည်များကို တဖန် ဖျဉ်းအိုး၊ ဒယ်အိုး၊ ဒန်အိုး တွင်ထည့်ကာ ကျိုရသည် ပဲရေပွတ်လာပြီး ပျစ်စပြုလာသည့်အခါ ဇကာနှင့်စစ်ချပြီး ရရှိလာသော ပဲအနှစ်ကိုမီးအေးအေးဖြင့် အိုးမကပ်အောင် ရေခမ်းသည်အထိ ယောက်မနှင့်မပြတ်မွှေပေးရသည်။ အမွှေမညီပါက ကျဲသည့်နေရာကျဲ၍ ခဲသည့် နေရာခဲတတ်သည်။ (၈း၃၀)ခန့် ကျိုချက်ပြီးမှ ကောင်းမွန်သော ပုန်းရည်ကြီးကို ရရှိလေသည်။
- ကျိုချက်၍ ရရှိလာသော ပုန်းရည်ကြီးများကို ဇကာတွင်ထည့်ကာ(၁)ညအိပ် အအေးခံသိမ်းဆည်းထားရပါသည်။
- အအေးခံပြီး ပုန်းရည်ကြီးများကို သတ်မှတ်အလေးချိန် ချိန်တွယ်ပြီး အိတ်ထဲထည့် ရသည်။ ထို့နောက် လေထုတ် စက်ဖြင့် လေထုတ်ပြီးချုပ်ရသည်။
- ဆက်လက်၍ တံဆိတ်ပါအိတ်များဖြင့် ထပ်မံချုပ်ပြီးနောက် ငါးထုတ်ပါအိတ်များ၊ ဆယ်ထုတ်ပါ အိပ်များ၊ ဗူးများ စသည်ဖြင့် ဈေးကွက်တင်ပို့ရန် ပါကင်ထုတ်ရ ပါသည်။
- ပုန်းရည်ကြီးအခြောက်မှုန့်ထုတ်လုပ်ရန်အတွက် ပုန်းရည်ကြီးအစိုများကို ဖျာကြမ်း ပေါ်တွင် ခပ်ပါးပါးသုတ်လိမ်းကာ အပြင်ဘက်နေပူစင်ပေါ်တွင် (၃)ရက်ခန့်နေလှန်း အခြောက်ခံကာ အမှုန့်ကြိတ်ရပါသည်။ ပုန်းရည်ကြီးအခြောက်မှုန့် ထွက်ရှိမှုအနေ ဖြင့် ပုန်းရည်ကြီးအစို တစ်ပိဿာကြိတ်လျှင် ပုန်းရည်ကြီးအခြောက်မှုန့် ၃၅ ကျပ် သားခန့် ရရှိပါသည်။
- ပုန်ရည်ကြီးအစိုသည် (၃)လနှင့် ပုန်းရည်ကြီးအခြောက်မှုန့်သည် (၁)နှစ် အထိ စားသုံး၍ရရှိကြောင်းသိရပါသည်။
ကုန်ချောအမှတ်တံဆိပ်
ပုဂံညောင်ဦးဒေသတွင် ရောင်းဝယ်ဖောက်ကားနေသော ပုန်းရည်ကြီး အမှတ်တံဆိပ် များမှာ - ဇီးကွက်၊ မြင်းပျံ၊ ရွှေဥဩ၊ ပုဂံမြို့သူ၊ မြနှင်းဆီ၊ ရွှေနန်းတော်၊ မဏိစန္ဒာ၊ မြင်းနက်၊ မြင်းကျား၊ မြိန်၊ ငွေနဂါး၊ ရွှေယမင်း၊ ဆင်မြင်း၊ ရွှေရိုး၊ ဆင်ဖြူတော်၊ စွန်ပျံ၊ နဂါးနီ၊ ရွှေတမာ၊ ရွှေမင်းဂံ၊ ရွှေရစ်မင်း၊ မြဇင်ယော်၊ ဇင်ယော်မေ၊ ဝမ်းဘဲတံဆိပ်၊ ရွှေဥဒေါင်း၊ သိန်းကမ္ဘာ၊
၅
ဇာမဏီ၊ ရွှေကရဝိတ်၊ ပြည့်ဝသူ၊ ကြောင်နက်၊ မြနန်းတော် စသည့် အမှတ်တံဆိပ်အမျိုးမျိုး ဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ပုန်းရည်ကြီးလုပ်ငန်းကို ညောင်ဦးမြို့နှင့် ငါ့သရောက်မြို့တို့တွင် အများဆုံး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
ကုန်ချောထွက်ရှိမှု
- သာမန်အားဖြင့် ပဲ(၁)တင်းကျိုလျှင် ပုန်းရည်ကြီးကောင်းကောင်း (၃)ပိဿာခန့် ရရှိသည်။
- အလတ်တန်းစားကျိုလျှင် (၄)ပိဿာခန့်ရ၍ အညံ့စားကျိုလျှင် (၅)ပိဿာ ခန့်ရသော်လည်း ကျဲသည်။
အကောင်းဆုံးပုန်းရည်ကြီးသည် အချဉ်လွန်သဖြင့် လူကြိုက်မများပေ။ အချဉ်လွန်သော် လည်း စား၍ကောင်းသည်။
- အလတ်တန်းစားပုံးရည်ကြီးသည် ချဉ်ပြီးဆိမ့်သည်။
- ပုန်းရည်ကို လေသလပ်ထားလျှင် အပေါ်ယံမှိုတက်လာတက်သဖြင့် နှမ်းဆီ(သို့)ပဲဆီကို အပေါ်မှ လောင်းထည့် ထားရသည်။
ကုန်ချောဈေးနှုန်းအခြေအနေ
|
စဉ် |
အရွယ်အစား |
ဈေးနှုန်း |
အမှတ်တံဆိပ် |
သက်တမ်း |
|
၁ |
အထုပ်သေး (၅)ထုပ်ပါ ၁ ပါကင် |
၁၀၀၀ |
မြင်းနက်ပုန်းရည်ကြီး |
၃ လ |
|
၂ |
အထုပ်သေး (၁၀)ထုပ်ပါ ၁ ပါကင် |
၂၀၀၀ |
။ |
၃ လ |
|
၃ |
အထုပ်သေး (၅)ထုပ်ပါ ၁ ပါကင်(ထူးရှယ်) |
၂၅၀၀ |
။ |
၁ နှစ် |
|
၄ |
အထုပ်သေး(၁၀)ထုပ်ပါ ၁ ပါကင် |
၂၅၀၀ |
မြင်းပျံပုန်းရည်ကြီး |
၃ လ |
|
၅ |
အထုပ်ကြီး(၂၅)ကျပ်သား ၁ ထုပ် |
၂၅၀၀ |
။ |
၃ လ |
|
၆ |
အစို(၁)ပိဿာထုပ် |
၁၂၀၀၀ မှ ၁၄၀၀၀ |
၃ လ |
၆
ဈေးကွက်အခြေအနေ
- ညောင်ဦးမြို့နယ်အတွင်း ပုန်းရည်ကြီးလုပ်ငန်း(၂၅)ကျော်ရှိပြီး (၁)ရက်ပျမ်းမျှ ပုန်းရည်ကြီး (၁၀၀၀)ပိဿာခန့် ထုတ်လုပ်လျက်ရှိပါသည်။
- စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများဖြစ်သည့်အတွက် လုပ်ငန်းများလုံးဝ ရပ်နားရ ခြင်း မရှိဘဲ ခရီးသွား နည်းပါးသည့် ကာလများ၌ ရက်ခြားလည်ပတ်ကြရပါသည်။
- ကုန်ချောပုန်းရည်ကြီးများအား ဒေသသို့လာရောက်သည့် ခရီးသွားများအား ရောင်းချခြင်း များအပြင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေး၊ မြစ်ကြီးနား၊ မြဝတီ၊ ကျိုင်းတုံ၊နေပြည်တော် စသည့် မြန်မာနိုင်ငံအနှံ့ရှိမြို့များသို့လည်း ဆက်သွယ်ဖြန့်ဖြူး ရောင်းချကြပါသည်။
ကုန်ချောဈေးနှုန်းအခြေအနေ
နိဂုံ
- ယနေ့ခေတ်သည် ခေတ်မီဖွံ့ဖြို့တိုးတက်လာသည်နှင့်အညီ ပုန်းရည်ကြီးလုပ်ငန်းရှင်များ သည် မိမိတို့၏ကုန်ပစ္စည်းကို အရည်အသွေးကောင်းမွန်လာစေရန် ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်လာသည်ကို မြင်တွေ့ရသည်မှာ ဝမ်းမြောက်ဖွယ်ပင်ဖြစ်သည်။
- ကုန်ထုတ်လုပ်မှုသည် ယခင်ကထက် ပိုမိုအရည်အသွေးပြည့်ဝလာသည့်အပြင် နိုင်ငံတော်မှ သက်မှတ်သည့် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်လာနိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ် သည့်အပြင် စိတ်ချယုံကြည်ရသည့် ပြည်တွင်းကုန်သွယ်မှုမှတဆင့် ပြည်ပကုန်သွယ်မှုသို့ အရောက်လှမ်းနိုင်မည့် ခြေလှမ်းသစ်ဟု ယူဆနိုင်ပါသည်။
- ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ ပုဂံဒေသထွက် ပုန်းရည်ကြီး လုပ်ငန်းများသည်လည်း တိုက်ရိုက်မှီတင်းလျက်ရှိသည်။
- ပုဂံဒေသထွက်ပုန်းရည်ကြီးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ထုတ်လုပ်နိုင်ဖို့အတွက် ခရီးသွားကဏ္ဍသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
- DOCA(မန္တလေး)
