Main menu

မြန်မာလက်မှုပညာ စကျင်ကျောက်များ

Powered by Drupal
Fri, 09/11/2026 - 12:13 -- consumer_admin

                မန္တလေးမြို့မြောက်ဘက်မိုင် ၂ဝ တွင် စကျင်တောင်ဟူ၍ရှိသည်။ ထိုစကျင်တောင်မှ ကျောက် သည် ကျောက်ရုပ်တုများထုလုပ်ရန်ကောင်းမွန်သဖြင့် ထိုကျောက်ကို တူးယူ၍ စစ်ကိုင်း၊ မန္တလေးမြို့များ သို့ ပို့ပြီးလျှင်ဘုရားရုပ်တုတော်များ၊ သိမ်တိုင်များ၊ ကျောက်စာချပ်များ ထုလုပ်ကြသည်။ မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်ရှိ စကျင်တောင်သည် မြန်မာနိုင်ငံ၏ စကျင်ကျောက်လုပ်ငန်းနှင့် ရုပ်ထု ထုလုပ်ခြင်းတို့အတွက် အဓိကမူလအစနေရာဖြစ်သည်။ မတ္တရာမြို့နယ် စကျင်ရွာတွင် ရွာသူ ရွာသား အများစုသည်ပန်းတမော့လုပ်ငန်းကိုလုပ်ကိုင်ကြသည်။ စကျင်ကျောက်ရုပ်တုများ သည် မြန်မာ့ရိုးရာ ပန်းတမော့ ပညာရပ်၏ အထွတ်အထိပ်လက်ရာများဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်ရှိ စကျင်တောင်တန်းမှ ထွက်ရှိသော အရည်အသွေးမြင့် စကျင်ကျောက်ဖြူများကို အခြေခံ၍ ထုလုပ်ကြ သည်။ မြန်မာနိုင်ငံတွင် ရုပ်ပွားတော်များ (ဆင်းတုတော်များ) ကို အဓိကထုလုပ်ပြီး ပြည်တွင်းသာမက ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချကြသည်။         မန္တလေးမြို့တွင် (အထူးသဖြင့် [မဟာမုနိ ဘုရားကြီး] အနောက်ဘက်မုခ်တန်း) မန္တလေးအခေါ် ကျောက်စစ်တန်းတွင် အဓိကထုလုပ် ရောင်းချကြသည်။ ရှေးခေတ်မြန်မာမင်းများ လက်ထက်ကတည်းက ကျောက်သားကို အသုံးပြု၍ ဘုရားဆင်း တုတော်များ ထုလုပ်ကိုးကွယ်ခဲ့ကြကြောင်း၊ အိမ်ဘုရားစင်များတွင် ကိုးကွယ်ရန်အတွက် အရွယ်အစားအမျိုးမျိုးဖြင့် လက်ရာမြောက်စွာထုလုပ်ထားသောစကျင်ကျောက်ဆင်းတုငယ်များကိုအများ စု အလေးအမြတ်ထား ကိုးကွယ်ကြသည်။ စကျင်တောင် မှ စကျင်ကျောက်များ ကိုမန္တလေးမြို့ရှိ ကျောက်ဆစ်တန်းများသို့ တင်ပို့ကာ ဘုရားဆင်းတုတော်များ ထုလုပ်ကြသည့်အပြင် ကျောက်ဆင်း တုတော်များကို ပုံစံ အမျိုးမျိုး (ဥပမာ- မာရ်အောင်မြင်၊ ငြိမ်းချမ်းရေး ကိုယ်ဟန်)ဖြင့် ကျွမ်းကျင်ပညာရှင်များက လက်ရာ မြောက်စွာ ထုဆစ်ကြသည်။ စကျင်ကျောက်အနေဖြင့်  ထူးခြားချက်နှင့်အားသာချက် အနေဖြင့် ရာသီဥတု ဒဏ်ကို ခံနိုင်ပြီး နှစ်ပေါင်းကြာရှည်စွာတည်တံ့နိုင်ခြင်း ၊စကျင်ကျောက်၏ သဘာဝ အဖြူရောင်သည် ကြည်ညို သပ္ပာယ်မှုကို တိုးပွားစေခြင်း၊ မြန်မာ့ပန်းတမော့ပညာရှင်များ၏ လက်ရာဖြင့် မျက်နှာတော်အမူ အရာကို သပ္ပာယ်ကြည်လင်စွာထုဆစ်ထားခြင်းများဖြစ်ပါသည်။နေပြည်တော်ရှိမာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ် ကြီးသည် စကျင်တောင် လုပ်ကွက်မှပင် တူးဖော်အသုံးပြုခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံးနှင့်အလေးချိန် အများဆုံးထုဆစ်ထားသော ထိုင်တော်မူစကျင်ကျောက်ရုပ်ပွားတော် ဆင်းတု တော်ကြီး တစ်ဆူအဖြစ် တည်ထား ကိုးကွယ်လျက်ရှိကြောင်းသိရပါသည်။မြန်မာနိုင်ငံမှ စကျင်ကျောက် တုံးနှင့် စကျင်ကျောက် ရုပ်ထုများကို တရုတ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ အဓိက တင်ပို့ ရောင်းချလျက်ရှိကြောင်းသိရသည်။ စကျင်ကျောက်ဘုရားများ၏ ဈေးနှုန်းသည် ဉာဏ်တော်အမြင့်၊ လက်ရာအဆင်အပြင်၊ ကျောက်သားအရည်အသွေးနှင့်ပုလ္လင်ပါရှိမှုတို့အပေါ် မူတည်ပြီးကျပ်ငွေ သောင်းဂဏန်းမှ သိန်းရာဂဏန်း အထိ ကွာခြားတတ်ပါသည်။ ဥပမာအားဖြင့် ဉာဏ်တော် ၁၅ လက်မခန့်ရှိ ပုလ္လင်ပါ စကျင်ကျောက် ဆင်းတုတော်တစ်ဆူလျှင် ကျပ် ၆၀၀၀၀၀/- ခန့် မှစတင်ရှိနိုင်ပြီး အရွယ်အစားကြီးမားမှုနှင့် လက်ရာ အနုစိတ်မှုအပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုများ ရှိတတ်ပါသည်။ အငယ်စား (ဉာဏ်တော် ၁ ပေမှ ၁ပေခွဲခန့်) - ပုလ္လင်ပါ၊ လက်ရာသာမန်ဆိုလျှင် ကျပ် ခြောက်သိန်းဝန်းကျင်မှ စတင်တတ်ပါသည်။ အလတ်စားနှင့် အကြီးစား (ဉာဏ်တော် ၂ ပေနှင့်အထက်) - ကျောက်သားအမျိုးအစားနှင့် ပုံစံအလိုက် ဈေးနှုန်းများမြင့်တက်သွားပါသည်။အလွန်လက်ရာမြောက်ပြီး ဉာဏ်တော်အလွန်ကြီးသော ဘုရားကြီး များမှာမူ မှာယူသည့် ပုံစံနှင့် ကျောက်သား အရွယ်အစားပေါ် မူတည်ကာ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)