Main menu

အင်ဒိုနီးရှားမှ တရုတ်နိုင်ငံသို့ စားအုန်းဆီတင်ပို့မှု မြင့်တက်

Powered by Drupal

      စားအုန်းဆီ ထုတ်လုပ်သူအုပ်စု၏ စာရင်းဇယားများအရ အင်ဒိုနီးရှားသည် အဓိကကုန် သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ စားအုန်းဆီတင်ပို့မှုသည် ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ဂဏန်း နှစ်လုံးအထိ မြင့်တက်ခဲ့ပြီး ပုံမှန်ဈေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံသို့ တင်ပို့မှုမှာ ၁၀၀ ရာခိုင်နှုန်း ကျော် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ အင်ဒိုနီးရှားစားအုန်းဆီအသင်း (Gapki) ၏ အချက် အလက်များအရ အင်ဒိုနီးရှားသည် ဇွန်လတစ်လတည်းတွင် ပြည်ပဈေးကွက်များသို့ တန်ချိန် ၃.၃ သန်းနီးပါး ရောင်းချခဲ့ရပြီး ၂၀၂၆ခုနှစ်၊ ပထမနှစ်ဝက်တွင် တင်ပို့မှု ၁၆.၆ သန်းနီးပါး ရှိလာ ခဲ့ကြောင်း၊ စားအုန်းဆီ အများစုကို တရုတ်ဖောက်သည်များထံ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

      တရုတ်သို့ စားအုန်းဆီတင်ပို့မှုသည် ယခင်လဖြစ်သည့် မေလနှင့်နှိုင်းယှဉ်ပါက ဇွန်လ တွင် ၆၇% မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက်တွင် တရုတ်သို့တင်ပို့မှုသည် နှစ်စဉ် ၃၁% မြင့်တက်ခဲ့ကြောင်း၊ Gapkiမှ အမှုဆောင်ဒါရိုက်တာ Mukti Sardjono က ဩဂုတ်လ ၂၆ ရက်နေ့ထုတ် ကြေညာချက်တွင် ပြောကြားခဲ့သည်။ Mukti သည် ဘေဂျင်းမှ စုစုပေါင်းလက်ခံရရှိ ခြင်း အပါအဝင် တရုတ်နိုင်ငံက မည်သည့် စားအုန်းဆီအမျိုးအစားကို အဓိကဝယ်ယူခဲ့သည်ကို အသေးစိတ်ပြောကြားခြင်းမရှိကြောင်း၊ သို့သော်လည်း အင်ဒိုနီးရှားဆိပ်ကမ်းများမှ ထွက်ခွာခဲ့ သည့် စားအုန်းဆီအမြောက်အမြားကို ဇွန်လတွင် တန်ချိန် ၂.၃ သန်းခန့် ထုတ်ယူပြီးဖြစ်ကြောင်း၊ အလုံးစုံပြုပြင်ထုတ်လုပ်ထားသော စားအုန်းဆီ (Processed Palm Oil) တင်ပို့မှုသည် ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက်တွင် တန်ချိန် ၁၁.၈ သန်းနီးပါးရှိခဲ့ကြောင်း သိရှိရပါသည်။
      တရုတ်နိုင်ငံသည် စားအုန်းဆီများကို အဓိကအားဖြင့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်းအတွက် ပြည်ပမှ ဝယ်ယူလျက်ရှိသည်။ ဂျကာတာ၏ ကုန်သွယ်မှု လိုငွေပြမှုသည် ဆက်လက်ရှိနေသဖြင့် နှစ်နိုင်ငံစလုံးသည် မျှတသောကုန်သွယ်မှုကို အားပေးရန် သဘောတူခဲ့ကြောင်း ဂျကာတာသို့ မကြာသေးမီက လာရောက်လည်ပတ်စဉ် တရုတ်နိုင်ငံခြား ရေးဝန်ကြီး Wang Yi ကပြောကြားခဲ့သည်။ အင်ဒိုနီးရှားအနေဖြင့် တရုတ်ပြည်မကြီးနှင့် ပထမ နှစ်ဝက်တွင် ကုန်သွယ်မှုလိုငွေပြမှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် အကြမ်းဖျင်းအားဖြင့် ၄၀% မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁၃.၈ ဘီလီယံ အထိ ရှိလာခဲ့ကြောင်း သိရှိရသည်။
      Gapki၏ အချက်အလက်များအရ အိန္ဒိယသည် အင်ဒိုနီးရှား၏ စားအုန်းဆီအဓိက ဝယ် ယူသူအဖြစ် လက်ရှိအနေအထားကို ဆက်လက်ထိန်းသိမ်းထားကြောင်း ပြသခဲ့သည်။ အင်ဒိုနီးရှား ၏ လစဉ်ပို့ကုန်တင်ပို့မှုသည် ၃၉၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သော်လည်း မြင့်တက်လာရ သည့်အကြောင်းအရင်းကို ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။ သို့သော် အိန္ဒိယနိုင်ငံ၊ နယူးဒေလီသို့ နှစ်စဉ်တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် ၂၀၂၆ ခုနှစ် ပထမ ၆ လတွင် ၇% ကျဆင်းသွားခဲ့ ကြောင်း၊၊ ဇွန်လတွင် အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှု စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံရှိကြောင်း၊ နှစ်စဉ်တင်ပို့မှုစုစုပေါင်းမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၉.၄ ဘီလီယံရှိ ကြောင်း သိရှိရပါသည်။
Source: Jakarta Globe, 26 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)