Main menu

လက်ဖက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Mon, 08/24/2026 - 13:54 -- consumer_admin

            ရှမ်းပြည်နယ်တောင်ပိုင်းသည် မြန်မာနိုင်ငံ၏ အရေးပါသော လက်ဖက်စိုက်ပျိုး ထုတ်လုပ်ရာဒေသများအနက် တစ်ခုဖြစ်သည်။ တောင်တန်းဒေသ၏ အေးမြသောရာသီဥတု၊ မြင့်မားသောမြေပြင်နှင့် မြေဆီလွှာအခြေအနေများကြောင့် လက်ဖက်ပင်များ စိုက်ပျိုးရန် သင့်တော်သော ပတ်ဝန်းကျင်ရှိသည်။ တောင်ပိုင်းရှမ်းပြည်နယ်တွင် ပင်လောင်း၊ ပင်းတယ၊ ရွာငံနှင့် ရပ်စောက်  စသည့်ဒေသများ၌ လက်ဖက်ကို အဓိကစိုက်ပျိုးကြသည်။ အဆိုပါဒေသများ တွင်တောင်ကုန်းတောင်စောင်းများနှင့် ရာသီဥတုအေးမြသည့် မြေပြင်များကို အသုံးပြု၍ လက်ဖက်စိုက်ခင်းများ စိုက်ပျိုးထားကြသည်။ လက်ဖက်သည် ဒေသခံတောင်သူများအတွက် အရေးကြီးသော အသက်မွေးဝမ်းကျောင်းသီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။  

         လက်ဖက်သည် မြန်မာလူမျိုးတို့၏ နေ့စဉ်စားသုံးမှုနှင့် ရိုးရာယဉ်ကျေးမှုတွင် အရေးပါသော အစားအစာတစ်မျိုးဖြစ်ပါသည်။ လက်ဖက်ကို အစားအစာအဖြစ်သာမက လက်ဖက်သုပ်၊ လက်ဖက်ရည်စသည့်ပုံစံများဖြင့်လည်း စားသုံးကြသည်။လက်ဖက်တွင် အမျှင်ဓာတ်နှင့် အပင်မှ ရရှိသော antioxidant ဓာတ်များ ပါဝင်သောကြောင့် အစာချေစနစ်အတွက် အထောက်အကူ ဖြစ်နိုင်သည်။ ထို့အပြင် လက်ဖက်ရွက်တွင်ပါဝင်သည့် အချို့သော အပင်ဓာတ်များသည် ခန္ဓာကိုယ်၏ ဆဲလ်များကို oxidative stress မှ ကာကွယ်ရာတွင် အထောက်အကူပြုနိုင်သည်။

          သို့သော် လက်ဖက်သုပ်ပြုလုပ်ရာတွင် ဆီ၊ ဆားနှင့် အခြားအဆီများသော အစားအစာများကို အလွန်အကျွံထည့်သွင်းစားသုံးပါက ကျန်းမာရေးအတွက် မသင့်လျော်နိုင်ပါ။ ထို့ကြောင့် လက်ဖက်ကို သင့်တင့်မျှတစွာ စားသုံးခြင်းက ပိုမိုကောင်းမွန်သည်။ မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် လက်ဖက်သည် အရသာကောင်းမွန်သည့်အပြင် သင့်တင့်မျှတစွာ စားသုံးပါက အာဟာရပိုင်းဆိုင်ရာ အကျိုးကျေးဇူးအချို့လည်း ရရှိနိုင်သော အစားအစာတစ်မျိုးဖြစ်သည်။

DOCA(ရှမ်း)