Main menu

အင်းသား၊အင်းသူများ မြတ်နိုးတန်ဖိုးထားသည့် ဈေးကွက်ဝင် အင်းရိုးရာဝတ်စုံများအကြောင်း

Powered by Drupal
Mon, 08/24/2026 - 13:31 -- consumer_admin

            မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် တည်ရှိသော အင်းလေးကန် သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂,၉၀၀ ခန့်အမြင့်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးရေချိုကန်ဖြစ်ကာ တစ်ပင်တိုင် ခြေထောက်တစ်ဖက်ဖြင့် လှေလှော်သည့် အင်းသားတို့ ၏ ထူးခြားသော ရိုးရာဓလေ့၊ ရေပေါ်ဥယျာဉ်ကျွန်းမျောများနှင့် ဖောင်တော်ဦး ဘုရားပွဲတော် တို့ကြောင့် အလွန်ထင်ရှားသည်။ အင်းလေးကန်သည် သဘာဝအလှအပများ၊ ယဉ်ကျေးမှုအမွေ အနှစ်များနှင့် တိုင်းရင်းသားရိုးရာဓလေ့ထုံတမ်းများ ကြွယ်ဝစွာတည်ရှိသည့် ဒေသတစ်ခုဖြစ်သည်။ ထိုယဉ်ကျေးမှု အမွေအနှစ်များအနက် အင်းတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများနှင့် လက်ခတ် အင်းလေးဇင်းမယ် ထမိန်များမှာ အထူးပင်ထင်ရှားပြီးဒေသ၏ ကိုယ်ပိုင်အမှတ်အသား တစ်ခု အဖြစ် ရပ်တည်လျက် ရှိသည်။

            ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးကန်အတွင်းရှိ ယက္ကန်းရုံ(အင်းလေးရိုးရာအထည် ဆိုင်) ဆိုင်များတွင် အင်းတိုင်းရင်းသားရိုးရာအမျိုးသားဝတ်စုံ၊ အမျိုးသမီးဝတ်စုံ၊ ရိုးရာရှပ် အင်္ကျီ၊ ခါးစည်း၊ ပဝါ၊ လက်ရက်အထည်များ၊ လက်ကိုင်အိတ်များ၊ အင်းလေးဇင်းမယ်ထမိန်များ၊  အခြား ရိုးရာအသုံး အဆောင်များကို အရောင်အသွေးစုံလင်စွာ ရောင်းချလျက်ရှိသည်။ အင်းရိုးရာ လက်လုပ်နည်းဖြင့် ထုတ်လုပ်ထားသည့် အထည်များသည် အရည်အသွေးကောင်မွန်ပြီး အင်းရိုးရာအနုပညာလက်ရာများ ပါဝင်သောကြောင့် ပြည်တွင်း၊ ပြည်ပ စားသုံးသူများ၏ စိတ်ဝင် စားမှုကိုရရှိသည်။ ယခုအခါ ပြည်တွင်း သာမက ပြည်ပအထိပါ ဖြန့်ဖြူး‌‌ရောင်းချလျက်ရှိပါသည်။ အင်းသားရိုးရာပွဲတော်များ၊ အင်းသားအမျိုး သားနေ့အခမ်းအနားများ၊ ဘာသာရေးအခမ်းအနား များနှင့် ယဉ်ကျေးမှုပွဲများတွင် ရိုးရာဝတ်စုံများကို ဝတ်ဆင်လိုသူများလာသဖြင့် ဈေးကွက်လိုအပ် ချက်များလည်း တိုးတက်လျက်ရှိသည်။ ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်းလေးဒေသသို့ လာရောက်လည်ပတ်သည့် ပြည်တွင်းနှင့်ပြည်ပ ခရီးသွားဧည့်သည်များသည်ဒေသ၏ ယဉ်ကျေးမှု အမှတ်တရအဖြစ် ရိုးရာလက်ရက်အထည်များ၊ ရိုးရာဝတ်စုံများနှင့် လက်မှုပစ္စည်းများကို အမှတ် တရလက်ဆောင်အဖြစ် ဝယ်ယူလေ့ရှိကြသည်။ အထူးသဖြင့် နှစ်သစ်ကူးပွဲတော်၊ သင်္ကြန်ပွဲတော် နှင့် ဒေသဆိုင်ရာဘုရားပွဲတော်များကဲ့သို့ ခရီးသွားဧည့်သည်များ များပြားလာသည့်ကာလများ တွင် ရောင်းအားသိသိသာသာ မြင့်တက်လေ့ရှိပြီး ဒေသခံလုပ်ငန်းရှင်များအတွက် ဝင်ငွေတိုးပွား စေသည့် အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်စေပါသည်။

            ယနေ့ခေတ်တွင် လူမှုကွန်ရက်များနှင့် အွန်လိုင်းဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာခြင်း ကြောင့် Facebook၊ Tiktok၊ Messenger နှင့် အခြားအွန်လိုင်းပလပ်ဖောင်းများမှတစ်ဆင့် ပြည်တွင်း ဖောက်သည်များ၏ မှာယူမှုများဆက်တိုက်တိုးလာလျက်ရှိသည်။ ထို့ပြင်မြန်မာနိုင်ငံ ပြင်ပတွင်နေထိုင်ကြသည့် အင်းသားတိုင်းရင်းသားများကလည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းလိုသည့် ရည်ရွယ်ချက်ဖြင့် ရိုးရာဝတ်စုံများကို ဝတ်ဆင်ကြသဖြင့် ရောင်းအားလည်း ပိုမိုတိုးတက်လာနေသည်။ ထို့ကဲသို့ဝယ်လိုအားများတိုးလာခြင်းသည် အင်းရိုးရာလက်ရက် အထည်များနှင့် ရိုးရာဝတ်စုံများအတွက် နိုင်ငံတာကာဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အခွင့် အလမ်းကောင်းတစ်ရပ်ဖြစ်သည်။ အရည်အသွေးစံချိန်စံညွှန်းများကို ထိန်းသိမ်းခြင်း၊ ဒီဇိုင်းပိုင်းကို ခေတ်မီစွာဖန်တီးခြင်း၊ အရောင်အသွေးနှင့် အရွယ်အစားများကို နိုင်ငံတာကာဈေးကွက်နှင့် ကိုက်ညီအောင်ထုတ်လုပ်နိုင်ပါက ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မားလာမည် ဖြစ်သည်။ ထို့ပြင်နိုင်ငံတာကာပြပွဲများ၊ ကုန်စည်ပြပွဲများနှင့် ယဉ်ကျေးမှုပြပွဲများတွင် ပါဝင်ပြသ ခြင်း၊ အွန်လိုင်းရောင်းချမှုစနစ်များ တို့ချဲ့အသုံးပြုခြင်း၊ အမှတ်တံဆိပ် (Brand) တည်ဆောက် ခြင်းနှင့်ထုတ်ကုန်ထုပ်ပိုးမှုပုံစံများကိုအရည်အသွေးမြင့်မားစွာပြင်ဆင်နိုင်ပါက ပြည်ပဖောက်သည် များ၏ ယုံကြည်မှုကို ပိုမိုရရှိ နိုင်မည်ဖြစ်ပါသည်။ အင်းရိုးရာလက်ယက္ကန်းသည် ရိုးရာယဉ်ကျေးမှု ကိုထိန်းသိမ်းစောင့်ရှောက်ပေးသည့် လုပ်ငန်းတစ်ခုသာမက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးသည့်လုပ်ငန်းတစ်ခုလည်းဖြစ်သည်။ လက်ယက်လုပ်ငန်း တွင် အမျိုးသမီးများနှင့်ဒေသခံအိမ်ထောင်စုများစွာ ပါဝင်လုပ်ကိုင်နေကြပြီး မိသားစုဝင်ငွေ တိုးတက်လာစေရန် အထောက်အကူပြုလျက်ရှိသည်။

          အနာဂတ်တွင် အရည်အသွေးကောင်းမွန်သော လက်ယက္ကန်း (အင်းရိုးရာဝတ်စုံ)များကို နိုင်ငံတကာစံနှုန်းများ နှင့်အညီထုတ်လုပ်နိုင်ခြင်း၊ ဒစ်ဂျစ်တယ်ဈေးကွက်များကို ထိရောက်စွာ အသုံးချနိုင်ခြင်းနှင့် ခရီသွားလုပ်ငန်းနှင့်ချိတ်ဆက်မြှင့်တင်နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်းလေးဒေသရှိ အင်းရိုးရာလက်ရက်ထည်လုပ်ငန်းသည် ပြည်တွင်း ဈေးကွက်တွင်သာမက ပြည်ပဈေးကွက်တွင်လည်း အောင်မြင်စွာရပ်တည်နိုင်မည့် အလားလာ ကောင်းများရှိနေသည်။ ထို့ကြောင့် အင်းရိုးရာဝတ်စုံများနှင့် လက်ရက်အထည်များသည် ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးသည့် တန်ဖိုးမြှင့်ထုန်ကုန်များဖြစ်သကဲ့သို့ ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ပြည်တွင်းနှင့် ပြည်ပ ဈေးကွက် ချဲ့ထွင်ရေးတို့အတွက် အရေးပါသော စီးပွားရေးအင်အားစုတစ်ရပ်အဖြစ် ဆက်လက်ဖွံ့ဖြိုး တိုးတက်လာနိုင်မည် ဖြစ်ကြောင်းတွေ့မြင်ရသည်။

DOCA(ရှမ်း)