Main menu

ထောပတ်သီးသီးနှံ၏ အဟာရတန်ဖိုး၊ အသုံးဝင်မှုနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Tue, 08/18/2026 - 14:04 -- consumer_admin

          ထောပတ်သီးသည် အရသာနူးညံ့ကောင်းမွန်ပြီး အဟာဓါတ်များစွာပါဝင်သော သီးနှံတစ်မျိုး ဖြစ်သည်။ ယနေ့ခေတ်တွင် ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများကို စိတ်ဝင်စားမှုမြင့်တက် လာခြင်းနှင့်အတူ ထောပတ်သီးသည်လည်း လူကြိုက်များလာသော အသီးအနှံတစ်မျိုးဖြစ်လာသည်။ အစားအစာအဖြစ်သာမက အလှကုန်နှင့်အစားအသောက်ထုတ်လုပ်ရေးကဏ္ဍများတွင်ပါအသုံးဝင်မှု ရှိသည့်အတွက် စီးပွားရေးအရလည်းတန်ဖိုးရှိသော သီးနှံတစ်မျိုးဖြစ်သည်။

          ထောပတ်သီး၏ သိပ္ပံအမည်မှာ Persea Americana ဖြစ်ပြီး Lauraceae မျိုးရင်းဝင်ဖြစ်သည်။ အပူပိုင်းနှင့် အပူလျော့ပိုင်းရာသီဥတုများတွင် ကောင်းစွာဖြစ်ထွန်းနိုင်ပြီး အသီးအတွင်းပိုင်တွင် ကောင်းစွာဖြစ်ထွန်းနိုင်ပြီး အသီးအတွင်းပိုင်းတွင် နူးညံ့ပြီး ဆီပြန်သော အသားများပါဝင်သည်။ ထိုအ သားသည် သဘာဝအတိုင်းစားသုံးနိုင်သကဲ့သို့ ဖျော်ရည်၊ အသုပ်၊ ပေါင်မုန့်နှင့် အစားအစာအမျိုးမျိုး တွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။ထောပတ်သီးတွင် ကျန်မာရေးနှင့်ညီညွတ်သော မပြည့်ဝဆီ၊ အမျှင်ဓါတ်၊ ပိုတက်ဆီယမ် ၁၄%၊ ဖောလိတ် 20%၊ ဗီတာမင်စီ ၁၇%၊ ဗီတာမင်အီး ၁၀%၊ ဗီတာမင် ကေ ၂၆%၊ ဗီတာမင်ဘီ(၅) ၁၇%၊ ဗီတာမင်ဘီ(၆) ၁၃%၊ စသည့် အဟာဓါတ်များပါဝင်သည်။ ထူးခြား ချက်မှာ သဘာဝအတိုင်း အဆီဓါတ်ပါဝင်သော်လည်း အများစုမှာ monounsaturated fat ဖြစ်ခြင်း ကြောင့် အစားအသောက်တွင် အဆီအရင်းအမြစ်တစ်ခုအဖြစ် ထည့်သွင်းစားသုံးနိုင်ခြင်းဖြစ်သည်။ ထောပတ်သီးတွင်ပါဝင်သော အမျှင်ဓါတ်သည် အစာခြေစနစ်ပုံမှန်လည်ပတ်ရေးကို အထောက် အကူပြုနိုင်ပြီး ဗိုက်ပြည့်ဝမှုကိုလည်း ပိုမိုခံစားစေနိုင်သည်။ ပိုတက်ဆီယမ်နှင့် အခြားဗီတာမင်၊ သတ္တုဓါတ်များသည် ခန္ဓာကိုယ်၏ပုံမှန်လုပ်ငန်းဆောင်တာများ အတွက် အရေးပါသည်။ ထို့အပြင် amtioxidant ဓါတ်များပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်း oxidative stress ကို လျော့နည်းစေရန် အထောက်အကူပြုနိုင်သည်။ ထောပတ်သီး၏အသုံးဝင်မှုမှာလည်းများပြားသည်။ လတ်ဆက်စွာ စားသုံးခြင်းအပြင် ဖျော်ရည်နှင့်အသုတ်များပြုလုပ်နိုင်သလို အစားအစာထုတ်လုပ်ရေးအတွက်လည်း အသုံးပြုနိုင်သည်။ ထောပတ်သီးမှထုတ်ယူရရှိသောဆီကို အစားအသောက်နှင့်အလှကုန် ထုတ်လုပ် ရေးကဏ္ဍများတွင် အသုံးချနိုင်သဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ်နိုင်သည့် အလားအလာ ရှိသည်။

ထို့ကြောင့် ထောပတ်သီးသည် အဟာရတန်ဖိုးမြင့်မားခြင်း၊ ကျန်မာရေးအတွက် အကျိုးပြုနိုင် ခြင်းနှင့် အသုံးချနိုင်သည့် ကဏ္ဍများပြားခြင်းတို့ကြောင့် တန်ဖိုးရှိသော သီးနှံတစ်မျိုးဖြစ်သည်။ စိုက် ပျိုးထုတ်လုပ်သူများအနေဖြင့် အရည်အသွေးကောင်းမွန်သော ထုတ်ပတ်သီးများထုတ်လုပ်နိုင်ပါက ပြည်တွင်းစားသုံးမှုသာမက တန်ဖိုးမြှင့်ထုတ်ကုန်များနှင့်ပြည်ပဈေးကွက်အတွက်ပါ အလားအလာ ကောင်းသော သီးနှံတစ်မျိုးအဖြစ်ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည်။  

DOCA( ကရင်)