Main menu

စနစ်တကျစိုက်ပျိုး နေကြာအထွက်တိုး

Powered by Drupal
Thu, 08/13/2026 - 16:04 -- consumer_admin

 

          နိုင်ငံတစ်နိုင်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူတစ်ဦးချင်းစီ၊ မိသားစု တစ်စုခြင်းစီ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာရန်အတွက် အဓိကအားဖြင့် အရည်အသွေး မှီသော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်လျှက်ရှိပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော ဈေးကွက် စီးပွားရေးစနစ်ဖြင့် လူမှုစီးပွားရေးဘဝကို လည်ပတ် နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။

          ကလေးခရိုင်သည် စိုက်ပျိုးရေးကို အဓိကထား စိုက်ပျိုးသော ခရိုင်တစ်ခုဖြစ်ပါသည်။ အဓိကစိုက်ပျိုးသီးနှံများမှာ နွေစပါး၊ မိုးစပါး၊ အစေ့ထုတ်ပြောင်း ( မိုး၊ ဆောင်း ) မြေပဲ ( မိုး၊ ဆောင်း ) နှမ်း ( နွေ၊ မိုး၊ ဆောင်း ) စသည်ဖြင့် အဓိက သီးနှံ ( ၁ ) အဖြစ် စိုက်ပျိုးကြပြီး နေကြာ ( မိုး၊ ဆောင်း )၊ မတ်ပဲ ( မိုး၊ ဆောင်း ) စသည်ဖြင့် အဓိက သီးနှံ ( ၂ ) အဖြစ် စိုက်ပျိုးကြပြီး ဈေးကွက်ဝင်သီးနှံပင်စိုက်ပျိုးခြင်းနှင့် နှစ်ရှည်ပင်သီးနှံပင်များ ဟူ၍ စိုက်ပျိုးလေ့ရှိကြပါသည်။

          နေကြာပန်းသည် သိပ္ပံအမည် (elianthus annuus ) အမေရိကမှ ဆင်းသက်လာသည့် အပွင့်ကြီးသော ပန်းပွင့်သည့် အပင်ဖြစ်သည်။ နေကြာပန်း၏ အပွင့်သည် နေဘက်သို့ အမြဲ မျက်နှာမူ၍ ပွင့်သော ပန်းတစ်မျိုးဖြစ်သည်။ နေကြာပင်သည် မြန်မာနိုင်ငံတွင် တတိယ အများဆုံး စိုက်ပျိုးသောဆီထွက်သီးနှံဖြစ်ပြီး တစ်နှစ်ခံသီးနှံပင် (Annual Crop) အမျိုးအစား ဖြစ်ပါသည်။ နေကြာပင်သည် အအေးဒဏ်နှင့်အပူဒဏ်ကို အခြားအပင်များထက် ခံနိုင်ရည်ရှိခြင်းသည် ဒေသအမျိုးမျိုး၊ ရာသီ အမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော အပင် တစ်မျိုးပင်ဖြစ်ပါသည်။

          ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်၊ သီးညှပ် ပုံစံ အမျိုးမျိုးဖြင့် မိုး၊ ဆောင်း ရာသီမရွေး၊ မျိုးစေ့ဈေးနှုန်းသက်သာစွာ စိုက်ပျိုးနိုင်သော သီးနှံ တစ်မျိုးဖြစ်ပါသည်။ တစ်ဧက ပန်းတိုင် အထွက်နှုန်းအနေဖြင့် တင်း ( ၅၀ ) နှင့် အထက် ထွက်ရှိစေရန် အထူးအထွက်တိုး နေကြာမျိုးများဖြင့် မျိုးပြောင်းလဲ စိုက်ပျိုးလေ့ ရှိကြပြီး ယခုအခါတွင် တောင်သူကြီးများမှ သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးရုံးများနှင့် ချိတ်ဆက်၍ မျိုးများ၊ စိုက်ပျိုးရေးနည်းစနစ်များကို လိုက်နာဆောင်ရွက်လာကြပါသည်။

 

မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်း

          နေကြာပင်သည် မြေချဉ်ငံဓါတ် ( . ) အတွင်းရှိသော အစိုဓါတ်ထိန်းနိုင်သည့် နုန်းဆန်မြေ၊ သဲနုန်းမြေများတွင် ဖြစ်ထွန်းပြီး မြေဆီထက်သန်သော မြေမျိုးကို နှစ်သက်ပါသည်။ ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ပြုပြင်ခြင်း၊ စိုက်ခင်းမြေ မျက်နှာပြင် ညီညာစေရေးကို အလေးထားဆောင်ရွက်ရန် အရေးကြီးပါသည်။

မျိုး

          နေကြာမျိုးအနေဖြင့် မိမိတို့ဒေသနှင့် ကိုက်ညီဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းစေသည့် မျိုးစေ့များကို ရွေးချယ်အသုံးပြုရန် လိုအပ်ပါသည်။ မျိုးစေ့ အမျိုးစား အနေဖြင့် ရေဆင်းစပ်မျိုး ( ) ဆင်းရွှေကြာ ဆင်းရွှေကြာ ) အမျိုးအစားကိုသာ ရွေးချယ်စိုက်ပျိုးမှ မိမိဒေသနှင့် ရေမြေသဘာဝအရ ထူးခြားချက်များမှာ အထွက်နှုန်းကောင်း၊ ရွက်ခြောက်ရောဂါဒဏ်ခံနိုင်သည့် မျိုးစေ့များဖြစ်ပါသည်။

စိုက်ချိန်

          ကလေးဒေသတွင် နေကြာသီးနှံစိုက်ပျိုးချိန်အနေဖြင့် မိုးနေကြာများကို မေလနှင့် ဇွန်လတွင် စိုက်ပျိုးကြပြီး ဆောင်းနေကြာများကို စက်တင်ဘာလနှင့် အောက်တိုဘာလ များတွင် စိုက်ပျိုးကြပါသည်။

စိုက်ပျိုးနည်းစနစ်

          နေကြာစိုက်ပျိုးနည်းစနစ်များမှာ ကလေးဒေသတွင် တစ်ဧကသတ်မှတ် အပင်ရေ အဖြစ် ( ၂၉၀၀၀၀ ) ဝင်ဆန့်စေရန်အတွက် ပင်ကြား ( ) လက်မ၊ တန်းကြား ( ) ပေဖြင့် တစ်ကျင်းလျင် မျိုးစေ့ ( ) စေ့နှုန်း စိုက်ပျိုးကြပါသည်။

စိုက်ကြောင်းအတိမ်အနက်

          အပင်ပေါက်များ သေချာစေရန်အတွက် မြေတွင်း အစိုဓါတ် လုံလောက်ချိန်တွင် မျိုးစေ့နှင့် မြေမှုန့်ထိကပ်စေပြီး မြေတွင်းအနက် ( . ) လက်မထက် မနက်စေဘဲ စနစ်တကျစိုက်ပျိုးကြပါသည်။

သွင်းအားစုထည့်သွင်းအသုံးပြုခြင်း

          သွင်းအားစုအနေဖြင့် နေကြာတစ်ဧကလျင် နွားချေး ( သို့ ) မြေဆွေး လှည်း ( ၅−၁၀ ) စီး၊ ယူရီးယား ( ၁၁၂ ) ပေါင်၊ တီစူပါ ( ၅၆ ) ပေါင်နှင့် ပိုတက်ရှ် ( ၅၆ ) ပေါင်နှုန်းကို စိုက်ထယ်ရေးပြင်ချိန်တွင်ထည့်ပါ။  အဖူးဝင်ချိန်တွင် တစ်ဧကလျှင် ယူရီးယား ( ၅၆ ) ပေါင်နှုန်း ထပ်မံထည့်သွင်းစိုက်ပျိုးပါက ပိုမိုဖြစ်ထွန်း အောင်မြင်နိုင်ပါသည်။

အပင်ပြုစုစောင့်ရှောက်ခြင်း

          အပင်သက်တမ်း ( ၁၅ ) ရက် ( သို့ ) အရွက် ( ၄−၆ ) ရွက်ရှိချိန်တွင် တစ်ကျင်းလျှင် သန်စွမ်းသော တစ်ပင်ချန်၍ သားခွဲခြင်းလုပ်ငန်းများ အပြီးဆောင်ရွက်ကြပြီး အပင် ငယ်စဉ်တွင် ပေါင်းမြက်များနှင့် ယှဉ်ပြိုင်နိုင်မှု အားနည်းခြင်းကြောင့် အပင်သက်တမ်း ( ၄၀ ) ရက် သားအတွင်း ကြားထွန်လိုက်ခြင်း၊ ပေါင်းရှင်းခြင်း လုပ်ငန်းများကို လုပ်ဆောင်ကြ ပါသည်။ အပင်ယိုင်လဲမှု မဖြစ်စေရေးအတွက် အဖူးစတင်ဝင်ချိန် ယူရီးယားမြေဩဇာထည့်ပြီး ဘောင်တင်ပေးပါသည်။ အစိုဓါတ်လိုအပ်ပါက အဖူး ( ၇၅ ) ရာနှုန်းနှင့် ပန်း ( ၇၅ ) ရာနှုန်း အပွင့်ပွင့်ချိန်များတွင် ရေသွင်း၍ ရေမဝပ်အောင် အထူး ဂရုစိုက်ကြရပါမည်။

ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း

          နေကြာပင်များ စိုက်ပျိုးချိန်တွင် ရောဂါပိုးမွှားများကျရောက်ဖျက်ဆီးမှုမှ အထူး ကာကွယ်နိုင်ရန် မျိုးစေ့များကို သင့်တော်သည့် မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုး ရန်လိုအပ်ပါသည်။ မြေတွင်းပိုးသတ်ဆေး တစ်မျိုးမျိုးကို သတ်မှတ် နှုန်းထားများအတိုင်း နေကြာစိုက်ချိန်တွင် စိုက်ကြောင်းအတွင်း ညီညာစွာထည့်ပေးရပါသည်။ ပန်းမပွင့်မီ ပိုးမွှားရောဂါများကို စနစ်တကျ ကာကွယ်နှိမ်နင်းရပါသည်။ ပန်းပွင့်ချိန်တွင် ပိုးသတ်ဆေးဖျန်းပါက ဝတ်မှုန်ကူးမည့် ပျားများကို ထိခိုက်စေနိုင်သည့်အတွက် ပိုးမွှားရောဂါကာကွယ်နှိမ်းနင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် အထူးဂရုပြု၍စိုက်ရပါသည်။

စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်း

          နေကြာများ အလေအလွင့်နည်းပါးရေးအတွက် နေကြာပွင့်၏ ပွင့်ခေါင်းနောက်ပိုင်း ဝါလာပြီး ပွင့်ခံရွက်အုံ အညိုရောင် သမ်းလာသော အချိန်တွင် ရိတ်သိမ်းကြပါသည်။ ရိတ်သိမ်းပြီးသော နေကြာပန်းပွင့်များအား တစ်ပွင့်နှင့် တစ်ပွင့် မထပ်စေဘဲ တလင်းတွင် ( ၂ ) ရက် မှ ( ၃ ) ရက်ခန့် နေလှန်းပြီး အခြောက်ခံရပါသည်။ နေကြာပွင့်များကို တစ်ရက် တစ်ကြိမ် အထက်အောက်လှန်၍ နေလှန်းပေးရပါသည်။ နေကြာပွင့်များကို စက်ဖြင့် ရိုက်၍  ခြွေပါသည်။ နေကြာမျိုးအဖြစ် အသုံးပြုမည်ဆိုပါက လက်ဖြင့်သော်လည်းကောင်း စက်ဖြင့်သော် လည်းကောင်း ခြွေပြီး နေကြာစေ့အတွင်း အစိုဓါတ် ( ၅−၆ ) ရာခိုင်နှုန်းထိ ရရှိအောင် အခြောက်ခံ၍ လေလုံစွာ သိုလှောင်ပြီး စနစ်တကျ သိမ်းဆည်းရပါသည်။

ကလေးခရိုင်၏ နေကြာစိုက်ဧကပေါင်း

          ၂၀၂၅−၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကလေးခရိုင်အနေဖြင့် နေကြာသီးနှံသည် အဓိက သီးနှံစိုက်ပျိုးမှု ( ၂ ) တွင် ပါဝင်ပြီး နေကြာ ( မိုး ) စိုက်ဧကအနေဖြင့် ကလေးမြို့တွင် ( ၄၈၄၄၃ ) ဧက စိုက်ပျိုးပြီး အထွက် ( တင်း ) အနေဖြင့် ( ၁၃၅၆၄၀၄ ) တင်း စိုက်ပျိုးထွက်ရှိပါသည်။  ကလေးဝမြို့တွင် ( ၆၇၅၃ ) ဧက စိုက်ပျိုးပြီး အထွက် ( တင်း ) အနေဖြင့် ( ၂၀၂၅၉၀ ) တင်း စိုက်ပျိုးထွက်ရှိပါသည်။ မင်းကင်းမြို့တွင် ( ၁၆၃၃၅ ) ဧက  စိုက်ပျိုးပြီး အထွက် ( တင်း ) အနေဖြင့် ( ၄၇၃၇၁၅ ) တင်း စိုက်ပျိုးထွက်ရှိပါသည်။

နေကြာ ( ဆောင်း ) စိုက်ဧကအနေဖြင့် ကလေးမြို့တွင် ( ၄၈၄၆၉ ) ဧက စိုက်ပျိုးပြီး အထွက် ( တင်း ) အနေဖြင့် ( ၁၃၈၃၂၁၈ ) တင်း စိုက်ပျိုးထွက်ရှိပါသည်။  ကလေးဝမြို့တွင် ( ၆၇၅၃ ) ဧက စိုက်ပျိုးပြီး အထွက် ( တင်း ) အနေဖြင့် ( ၂၀၄၂၇၈ ) တင်း စိုက်ပျိုးထွက်ရှိပါသည်။ မင်းကင်းမြို့တွင် ( ၁၆၃၃၇ ) ဧက  စိုက်ပျိုးပြီး အထွက် ( တင်း ) အနေဖြင့် ( ၄၉၁၂၅၄ ) တင်း စိုက်ပျိုးထွက်ရှိပါသည်။

ကုန်ချောထွက်ရှိမှုအခြေအနေ

          ကလေးခရိုင်မှ ထွက်ရှိသည့် နေကြာများသည် နေကြာဆီအဖြစ်သာ စားသုံးကြပြီး ကုန်ချောအနေဖြင့် နေကြာဆီသန့်နှင့် တိရိစ္ဆာန်အစာဖြစ်သည့် နေကြာဖတ်များသာ ထွက်ရှိပါသည်။ နေကြာစေ့တစ်တင်းလျှင် ( ၆၅၀၀၀ ) ကျပ်နှုန်းဖြင့် ရောင်းချရပါသည်။ နေကြာစေ့ တစ်တင်း ကြိတ်လျှင် နေကြာဆီ ( ၆ ) ပိဿာထွက်ရှိပြီး ရရှိလာသည့် နေကြာဆီ တစ်ပိဿာလျှင် ( ၁၉၀၀၀ ) ကျပ်နှင့် နေကြာဖတ် ( တိရိစ္ဆာန်အစာ ) တစ်ပိဿာလျှင် ( ၃၃၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းချရပါသည်။

ကုန်ချောဖြစ်သည့် နေကြာဆီ သမိုင်းကြောင်း

နေကြာဆီ၏ မူရင်းဒေသမှာ မြောက်အမေရိကတိုက်ဖြစ်ပြီး ဘီစီ ၃၀၀၀ ခန့်ကတည်းက ရှေးဦးတိုင်းရင်းသားများ စတင်အသုံးပြုခဲ့ကြသည်ဟု လေ့လာသိရှိရပါသည်။ ၎င်းတို့သည် နေကြာစေ့မှ အဆီကို ထုတ်ယူကာ အစားအစာချက်ပြုတ်ခြင်း၊ ဆေးဝါးနှင့် အသားအရေ အကာအကွယ်အတွက် အသုံးပြုခဲ့ကြပြီး ၁၆ ရာစုတွင် စပိန်လူမျိုးတို့သည်  ရေကြောင်းခရီးရာမှ ၁၅၁၀ ခုနှစ်ခန့်တွင် နေကြာကို ဥရောပသို့ သယ်ဆောင် လာကြသည့်အတွက် ဥရောပနှင့် ကမ္ဘာ့အနှံ့သို့ ပျံ့နှံ့လာခဲ့ခြင်းသည်ဟု ဖတ်ရှုမှတ်သား ဖူးပါသည်။

ရုရှားနိုင်ငံတွင် နေကြာကို အကြီးစား စိုက်ပျိုးထုတ်လုပ်လာကြပြီး ဆီထုတ်လုပ်မှု တိုးတက်လာခဲ့သည်။ ရုရှားနိုင်ငံတော် အသင်းအဖွဲ့များ၏ မျိုးရွေးချယ်စိုက်ပျိုးမှုကြောင့် နေကြာစေ့အတွင်း ဆီထွက်နှုန်း ပိုမိုကောင်းမွန်လာခဲ့ပါသည်။ ယခုအခါတွင် စက်မှုလက်မှု ဆီကြိတ်စက်များ ပေါ်ပေါက်လာသဖြင့် နေကြာဆီသည် ကမ္ဘာ့စားသုံးဆီ ဈေးကွက်တွင် အရေးပါသောနေရာသို့ ရောက်ရှိလာခဲ့သည်။ ယခုအခါတွင် နေကြာဆီသည် ကျန်းမာရေးနှင့် ညီညွတ်သော မပြည့်ဝဆီနှင့် ဗီတာမင်အီး ကြွယ်ဝသည့် ဆီတစ်မျိုးအဖြစ် ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် စားသုံးလျက်ရှိကြပါသည်။

တစ်ဧကအကျိုးအမြတ်

          နေကြာစိုက်ပျိုးခြင်းအားဖြင့် တစ်ဧက အကျိုးအမြတ်အနေဖြင့် နေကြာစိုက်ပျိုးသူ တောင်သူ တစ်ဦး၏ တစ်ဧက ကုန်ကျစရိတ်တွက်ချက်ရာတွင် မျိုးနေကြာအနေဖြင့် တစ်ဧကလျှင် ( ၃ ) ပြည်သာ ထည့်သွင်း စိုက်ပျိုးရသည့်အတွက် မျိုးစေ့ဝယ်ယူ ကုန်ကျစရိတ် အတွက် ( ၁၅၀၀၀၀ ) ကျပ်သာ ကုန်ကျပါသည်။ မျိုးစေ့ဝယ်ယူခြင်း၊ သွင်းအားစုများ၊ မြေယာပြုပြင်ခြင်း၊ စိုက်ပျိုးကုန်ကျစရိတ်၊ ပိုးသတ်ဆေးများစသည့်ဖြင့် တစ်ဧက စိုက်ပျိုးရာတွင် စုစုပေါင်းကုန်ကျစရိတ်  ( ၁၂၉၀၀၀၀ ) ကျပ် ကုန်ကျစရိတ်ရှိပြီး တစ်ဧကလျင် ( ၂၈ ) တင်းထွက်ရှိပြီး နေကြာတစ်တင်းလျင် ( ၇၅၀၀၀ ) ကျပ်ဖြင့် ရောင်းချရသည့်အတွက် ( ၂၁၀၀၀၀၀ ) ရရှိပြီး တစ်ဧက အကျိုးအမြတ်အနေဖြင့် ( ၈၁၀၀၀၀ ) ရရှိပါသည်။ ကုန်ကျစရိတ်နှင့် ရငွေအချိုးအနေဖြင့် ( ၁:၁.၅ ) ဖြစ်ကြောင်း သိရှိရပါသည်။

ဈေးကွက်ဖြန့်ဖြူးရောင်းချသည့် ဒေသများ

          ကလေး၊ ကလေးဝ၊ မင်းကင်းမြို့များမှ ထွက်ရှိလာသည့် နေကြာဆီသန့်များသည် ဒေသတွင်း သုံးစွဲမှုများပြီး ပိုလျှံသည့် နေကြာဆီများကို အောက်ပိုင်းဒေသဖြစ်သည့် မုံရွာ၊ မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချရပြီး တမူးမြို့၊ ချင်းတောင်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)