Main menu

ပေါက်ပန်းဖြူ၏အသုံးဝင်ပုံနှင့်ကျန်းမာရေးကောင်းကျိုးများ

Powered by Drupal
Thu, 08/06/2026 - 10:55 -- consumer_admin

                       ပေါက်ပန်းဖြူရွက်သည်ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရှိပြီး သွေးဖိအားကိုကျစေခြင်း၊ သွေးကြောများကိုပြေလျော့စေခြင်း၊ ခုခံအားကောင်းစေခြင်းစသည့်ကောင်းကျိုးများစွာ ကိုရရှိစေနိုင် ပါသည်။ ပေါက်ပန်းဖြူရွက်ကိုထမင်းစားသည့်အခါအတို့အမြှုပ်အနေဖြင့်စားသုံးကြသလို ပေါက်ပန်းဖြူ ကို သုပ်စားခြင်း၊ ကင်ပွန်းရွက်၊ မန်ကျည်းရွက်ဟင်းချိုချက်ရာ၌ ပေါက်ပန်းဖြူကိုထည့်၍ ချက်လေ့ ရှိကြပါသည်။ ပေါက်ပန်းဖြူအပင်မှာ အရွက်သာမက အပွင့် ၊ အစေ့ ၊ အခေါက်၊ အစေး၊ ဥ၊ အမြစ် စသည့်အစိတ်အပိုင်းများသည်လည်းအသုံးဝင်ပါသည်။ ပေါက်ပန်းဖြူ၏အသုံးဝင်ပုံများမှာ အပွင့်ကို အရည်ညှစ်၍ မျက်စိ၌ခတ်ပေးခြင်းဖြင့် မျက်စိမှုန်ခြင်း၊ မျက်စိဝေခြင်းများကိုသက်သာစေနိုင်ခြင်း၊ ပြုတ်၍စားသုံးပါက ကြက်မျက်သင့်ရောဂါကိုပျောက်ကင်းစေနိုင်ခြင်း၊ ဆီးချုပ်၊ ဆီးအိမ်ရောင်ခြင်း ဖြစ်ပါက ပေါက်ပန်းဖြူပွင့်ကိုရေနှင့်ကျိုပြီးချက်မှာအုံပေးလျှင် သက်သာပျောက်ကင်းစေနိုင်ခြင်း၊ အပွင့်ခြောက်ကို ရေနွေးထဲတွင်ထည့်သောက်သုံးပါက အမောပန်းပြေစေပြီး သွေးသားကို သန့်စင်စေနိုင်ခြင်း၊ တုပ်ကွေး(သို့မဟုတ်)ရိုးရိုးဖျားပါက ပေါက်ပန်းဖြူကိုကြက်သွန်နီများများဖြင့် ကြော်စားပေးပါက သက်သာစေနိုင်ခြင်း၊ ပေါက်ပန်းဖြူအပင်၏အစေးကိုလိမ်းပေးပါက အနာ၊ အဖု၊အပိန့်များကိုပျောက်ကင်းစေနိုင်ခြင်း၊ ပေါက်ပန်းဖြူဉကိုအမှုန့်ပြုလုပ်၍ပျားရည်နှင့်စားပါက အင်အားပြည့်ဖြိုးပြီး အသက်ရှည်စေနိုင်ပါကြောင်း ပေါက်ပန်းဖြူ၏အစွမ်းထက်ပုံများကို ဆေးပညာ စာပေများမှလေ့လာသိရှိရပါသည်။ DOCA(မန္တလေး)