Main menu

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Powered by Drupal
Mon, 08/03/2026 - 14:23 -- consumer_admin

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ အလုံမော်တော်ယာဉ်ဝင်းရှိ ၂ ထပ်ရုံး(၄၅'x၁၄')၊ ယာဉ်ရပ် နားရုံ-၁/၂(၇၇'x ၇၂')၊ ယာဉ်ရပ်နားရုံ-၁/၃(၃၁'x ၆၁')၊ ယာဉ်စက်ပြင်အလုပ်ရုံ(၇၀'x၈၇')၊ အဆောက်အဦ ၁ လုံး (၃၆.၅'x ၈၇') စုစုပေါင်း အဆောက်အဦ ၅ လုံးနှင့်ဆက်စပ်မြေကွက်လွတ် ၆၅၇ စတုရန်းမီတာတို့အား ၃ နှစ်သက်တမ်း စာချုပ် ချုပ်ဆို၍ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

(က) တင်ဒါပုံစံရောင်းချမည့်ရက်   -၃-၈-၂၀၂ရက်မှ ၁၆-၈-၂၀၂၆ ရက်ထိ

() တင်ဒါပိတ်မည့်နေ့/ အချိန်    - ၁၆-၈-၂၀၂ရက် ညနေ(၁၆:၀၀)နာရီ

() တင်ဒါယှဉ်ပြိုင်ရမည့်ရက်/    -သတင်းစာတွင် ထပ်မံ ကြေညာမည်မဟုတ်ဘဲ တင်ဒါ

        အချိန်                                ပုံစံဝယ်ယူထားသူများထံသို့ သီးခြား အကြောင်းကြား

                                                သွားမည် ဖြစ်ပါသည်

(ဃ) တင်ဒါစည်းကမ်းချက်များ     -ရုံးအမှတ်(၅၂)၊ နေပြည်တော်

        ရှင်းလင်းမည့်နေရာ၊ အချိန်    တင်ဒါယှဥ်ပြိုင်ရမည့်နေ့ရက်၏ နံနက်(၁၀း၃၀)နာရီ

() စာရင်းပေးသွင်းရမည့်နေရာ  - ရုံးအမှတ်(၅၂)၊ နေပြည်တော်

() တင်ဒါတင်သွင်းရမည့်နေရာ  -စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊                                      ရုံးအမှတ်(၃)၊ နေပြည်တော်။

        () တင်ဒါပုံစံရောင်းချမည့်နေရာ -စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊      ရန်ကုန်မြို့။

( ဇ ) စပေါ်ငွေပေးသွင်းနိုင်သည့်ဘဏ်-တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင်ဖော်ပြပြီးဖြစ်                                                                  ပါသည်။

၂။           စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ အလုံမော်တော်ယာဉ်ဝင်းရှိ အဆောက်အဦ ၅ လုံးနှင့်ဆက်စပ်မြေကွက်လွတ် ၆၅၇ စတုရန်းမီတာတို့အား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက တင်ဒါ ပုံစံဝယ်ယူရမည့် နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

 

 

                                                                                       တင်ဒါစိစစ်ရေးအဖွဲ့