Main menu

အာဟာရများစွာကြွယ်ဝသောကန်စွန်းဥ

Powered by Drupal
Thu, 07/23/2026 - 14:36 -- consumer_admin

          ကန်စွန်းဥသည် အရသာရှိရုံသာမက အာဟာရဓာတ်များပြည့်ဝစွာပါရှိသောကြောင့် ကျန်းမာရေး ကိုများစွာတိုးတက်ကောင်းမွန် အောင်ကူညီပေးနိုင်ပါသည်။ ခရမ်းရောင် ကန်စွန်းဥတွင် သဘာဝအရ အမြင်အာရုံ တွင်ဆွဲဆောင်မှုရှိပြီး အစားအသာက်နှင့် အဖျော်ယမကာလုပ်ငန်း တွင်ကျယ်ပြန့်စွာအ သုံးပြုသည်။ ခရမ်းရောင်ကန်စွန်းဥ ကိုအဖျော်ယမကာများ၊ မုန့်များ၊ နို့ထွက်ပစ္စည်းများနှင့် မုန့်ဖုတ် ပစ္စည်းများတွင် တွေ့သည်။ ယင်း၏သဘာဝမူလနှင့် တက်ကြွသောအရောင်ကြောင့် ကန်စွန်းဥအမှုန့်ကို အလှကုန်နှင့် တစ်ကိုယ်ရည်ထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်ပစ္စည်းများတွင် ပိုမိုအသုံးပြုကြသည်။ အ သားအရေ ထိမ်းသိမ်းမှုအမျိုးမျိုးနှင့် ဆံပင်ထိမ်းသိမ်းမှုဖော်မြူလာများ တွင်တွေ့ရှိနိုင်ပြီး ဓာတုဆိုး ဆေးများ၏ သဘာဝအတိုင်း အစားထိုးဆောင်ရွက်နိုင်သည်။ ဆေးဝါးနှင့် အာဟာရဆိုင်ရာ လုပ်ငန်း များအနေဖြင့် ကန်စွန်းဥအမှုန့်ကို ဆေးတောင့်များ၊ ဆေးပြားများနှင့် ကျန်းမာရေး ဖြည့်စွက်စာများ တွင် ထည့်သွင်းအသုံးပြုလေ့ရှိသည်။ ခရမ်းရောင်ကန်စွန်းဥသည် အရောင်အစွမ်းထက် Antioxidant များအဖြစ်လုပ်ဆောင်ပေးသော Anthcyanins ကြွယ်ဝသည်။

          ထိုဒြပ်ပေါင်းများသည်ခန္ဓာကိုယ်အတွင်းရှိ ဖရီးရယ်ဒီကယ်များကို ချေဖျက်ပေးနိုင်ပြီး Oxidative Stress နှင့်ရောင်ရမ်းမှုကိုလျော့ချပေးသည်။ ထိုဓာတ်တိုးဆန့်ကျင်ပစ္စည်း၏ လုပ်ဆောင်ချက်သည် ကျန်းမာရေးကိုအထောက်အကူပြုသည်။ ခရမ်းရောင်ကန်စွန်းဥ၏ ကျန်းမာရေး အကျိုးကျေးဇူးများနှင့် အတူ စွယ်စုံရသဘာဝဆေးအဖြစ်ထွက်ပေါ်လာပြီး သဘာဝပါဝင်ပစ္စည်းများကိုနှစ်သက်သဘောကျ သော ဈေးကွက်လမ်းကြောင်းများနှင့်အတူ စက်မှုလုပ်ငန်းခွင်အမျိုးမျိုးတွင် ကျယ်ပြန့်စွာအသုံးချမှုများကြောင့် ကမ္ဘာ့စျေးကွက်တွင် Key Player အဖြစ် နေရာယူထားကြောင်း မှတ်သားရသည်။ ကန်စွန်းဥ စားသုံးခြင်းဖြင့် ဉီးနှောက်၏လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေနိုင်သကဲ့သို့ မှတ်ဉာဏ်ကိုလည်း တိုးစေနိုင်သည်။ ကန်စွန်းဥ သည်အာဟာရကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်အာနိသင် (Antioxidant) လည်းကြွယ်ဝသည့် စားစရာတစ်မျိုး ဖြစ်သဖြင့် အသက်အရွယ်ကြောင့်ဖြစ်သော မှတ်ဉာဏ်ယုတ်လျော ့မှုကိုလည်း လျော့ပါးစေနိုင်သည်။ ဗီတာမင် A ကြွယ်ဝသည့် ကန်စွန်းဥသည် ဆေးလိပ်သောက်ခြင်း ကြောင့် ဖြစ်တတ်‌သော အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကို ပြေလျော့စေသည်။ ကန်စွန်းဥ သည် ကိုယ်ခံအားကောင်းစေရုံသာမက ဗီတာမင် A ကြွယ်ဝသည့်အတွက် အမြင်အာရုံကိုပါကောင်းမွန် စေနိုင်သည်။ ဗီတာမင် A ချို့တဲ့မှုကြောင့်ဖြစ်သည့် မျက်စိ‌ခြောက်ခြင်း၊  ညဘက်တွင် အမြင်အာရုံဝေဝါး ခြင်း၊ အသက်အရွယ်ကြောင့်ဖြစ်သည့် အမြင်အာရုံချို့ယွင်းမှုများနှင့် အမြင်အာရုံဆုံးရှုံးမှုများကို ကာကွယ် ပေးနိုင်သည်။ ကန်စွန်းဥသည် အဆာခံနိုင်ပြီး  အစားစားချင်စိတ်ကို လျှော့ချပေးနိုင်သောကြောင့် ကိုယ်   

အလေးချိန် လျှော့ချလိုသူများ စားသုံးပေးသင့်သည်။ ထို့အပြင် ကန်စွန်းဥစားသုံးခြင်းဖြင့် ရင်သားကင် ဆာဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်သည်။ ကန်စွန်းဥတွင်ပါဝင်သည့် အမျှင်ဓာတ်သည် အစာချေစ နစ်ကိုကောင်းမွန်စေနိုင်သကဲ့သို့ အူများ၏ လှုပ်ရှားမှုကိုလည်း ပိုမိုကောင်းမွန်စေပါသည်။ ထို့အပြင် ဗီတာမင် B အုပ်စု၊ ဗီတာမင် C အုပ်စု၊ ဘီတာကယ်လိုတင်း၊ ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်ပါဝင်မှု ကြောင့် အစာအိမ်အနာများကို သက်သာစေနိုင်သည်။ ဝမ်းချုပ်မှုကင်းဝေးပြီး အစာအိမ်အတွင်း အက်စစ် ဖြစ်ပေါ်မှု နည်းစေသဖြင့် အစာအိမ်အနာ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်သည်။

          ထို့ကြောင့်ကန်စွန်းဥသည် စိတ်ကြိုက်စားသုံး၍ရသော အစားအစာတစ်မျိုးဖြစ်သော်လည်း အ လွန်အကျွံမစားမိရန်လိုအပ်သည်။ အထူးသဖြင့် ပိုးသတ်ဆေးမပါဘဲစိုက်ပျိုးထားသော ကန်စွန်းဥမျိုးကို ‌‌ရွေးချယ်ဝယ်ယူစားသုံးရန်လိုအပ်သည်။ လတ်ဆတ်သော ကန်စွန်းဥ၏ အပေါ်ယံအခွံသည် ပြောင် တင်းနေပြီး အစိမ်းရောင်သန်းနေပါက အဆိပ်အတောက်ဖြစ်စေနိုင်၍ လုံးဝမစားသင့်ပေ။ ကန်စွန်းဥကို အထူးတလည် ထုပ်ပိုးဖုံးဖိထားစရာမလိုဘဲ အေး၍ခြောက်သွေ့‌သောနေရာ၌ ၁၀ ရက်ခန့်ကြာသည် အထိထားနိုင်သော်လည်း ကန်စွန်းဥကို ရေခဲသေတ္တာအတွင်းထည့်ထားခြင်း၊ ပလတ်စတစ်အိတ်နှင့် ထုပ်ပိုးထားခြင်းတို့ကို ပြုလုပ်ပါက အာနိသင်ပျက် ပြယ်တတ်သည်။ ကန်စွန်းဥကို ကိုလက်စထရော များသူများမှလွဲ၍ တခြားသများမှာ အတိုင်းအတာ ပမာဏတစ်ခုအထိစားသုံးနိုင်သည်။ ကန်စွန်းဥသည် အော်ဂဲနစ်အက်စစ် အမျိုးအစားဖြစ်သည့် Oxalate ဓာတ်မြင့်မားသောကြောင့် ဆီးကျောက်တည်ရော ဂါခံစားနေရသည့်အချိန်တွင် များများစားမည်ဆိုပါက ပြဿနာဖြစ်လာနိုင်သည်။ Oxalate ဓာတ်မြင့်မား သောကြောင့် ဆီးကျောက်တည်တတ်သူများရှောင်သင့်ပြီး ရံဖန်ရံခါမှသာ စားသုံးသင့် သည်။

          အချုပ်အားဖြင့်ဆိုသော် ဤကဲ့သို့ အာဟာရပြည့်ဝသောကန်စွန်းဥကို ကိုယ်အလေးချိန်ကျလိုသူ များ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာရှိသများနှင့် အဆစ်ရောင်ရောဂါ ဖြစ်သူများကို စားသုံးရန် ထောက်ခံပေးထားသည်။ အများအတွက် ကန်စွန်းဥသည် စားသုံးရန် ဘေးကင်းသော်လည်း တချို့သော သူများစားသုံးသည့်အခါ အနည်းငယ် ဂရုစိုက်ပေးရန်လိုအပ်ပါသည်။ ကန်စွန်းဥကို မီးဖုတ်စားခြင်းထက် ပြုတ်စားခြင်းသို့မဟုတ် ချက်စားခြင်းကအာဟာရဓာတ်ပိုမိုရရှိကာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ အပြည့်အဝရရှိမည်ဖြစ်သည်။  

DOCA(ကယား)