မင်းကွတ်သီးသည် အရှေ့တောင်အာရှဒေသများတွင် ပေါက်ရောက်လေ့ရှိသောအပင်တစ်မျိုး ဖြစ်ပြီး အပူပိုင်းဒေသများတွင်ပေါက်ရောက်သော အပင်တစ်မျိုးဖြစ်သည်။ အာဟာရပြည့်ဝ၍အရ သာမှာ ချို၍ရင်ကိုအေးမြစေပါသည်။ မင်းကွတ်သီးတွင် Xanthone ဟုခေါ်သည့် အစွမ်းထက် အင်တီအောက်ဆီဒင့် တစ်မျိုးပါဝင်သည်ဟုသိရပြီး နောက်ပိုင်းတွင်လူကြိုက်များလာခဲ့ပါသည်။ မင်း ကွတ်သီး၏ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများကိုလေ့လာပြီးနောက် ORAC ဟုအမည်ရသည့်ဓာတ်ခွဲ ခန်းလေ့လာစမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့သောအခါ မင်းကွတ်သီးတွင် “Free Redical များကိုချေဖျက် နိုင်သည့်အစွမ်းထက်အာနိသင်” များကိုတွေ့ရှိရပါသည်။
မင်းကွတ်သီးသည် ရောင်ရမ်းမှုလျော့ကျ စေသည့်အာနိသင်များကြောင့် အာရုံကြောနာကျင် မှုကိုသက်သာစေပါသည်။ မင်းကွတ်သီးတွင် ကင်ဆာဆန့်ကျင်နိုင်သောဂုဏ်သတ္တိလည်းရှိပါသည်။ Garcinone E ဟုခေါ်သည့် ဒြပ်ပေါင်းတစ်မျိုးပါဝင်ပါသည်။ ထိုဒြပ်ပေါင်းသည် မင်းကွတ်သီး တစ် မျိုးတည်းတွင်တွေ့ရပါသည်။ မင်းကွတ်သီးတွင် ကယ်လိုရီပါဝင်မှုအလွန်နည်းပါးပါသည်။ မင်းကွတ် သီး ၁၀၀ ဂရမ်တွင် ၆၃ ကယ်လိုရီပါဝင်ပါသည်။ ခန္ဓာကိုယ်အလေးချိန် လျော့ကျနေသူများ အတွက် မင်းကွတ်သီးကိုစားသုံးပေးနိုင်ပါသည်။ မင်းကွတ်သီးစားသုံးခြင်းသည် အမျိုးသမီးများအတွက်အ ထူးသင့်တော်ပါသည်။ အမျိုးသမီးများ၏ကျန်းမာရေးဖြစ်သော ဓမ္မတာပုံမှန်လာစေရန် ကူညီပေးပြီး ဓမ္မတာမလာခင်တွင် ခံစားရသော ဗိုက်အောင့်ခြင်း၊ စိတ်တိုလွယ်ခြင်း စသည့်ဝေဒနာများကို သက်သာစေနိုင်ပါသည်။ ထို့ကြောင့် မင်းကွတ်သီးကို အမျိုးသမီးများ စားသုံးပေးသင့်သော အသီးတစ်မျိုး ဖြစ်ပါသည်။
မင်းကွတ်သီးသည် သွေးခဲဖြစ်စဉ်များကိုအဟန့်အတားမဖြစ်စေဘဲ အစာအိမ်နာခြင်းကိုလည်း သက်သာစေပါသည်။ မင်းကွတ်သီးသည် သွေးတွင်း သကြားဓာတ်များကိုလည်း ထိန်းညှိပေး သောကြောင့် ဆီးချိုတက်ခြင်းကိုလည်းကာကွယ်ပေးသည်။ မင်းကွတ်သီးတွင် ဘက်တီးရီးယားများ ကိုဆန့် ကျင်ပေးနိုင်သောဂုဏ်သတ္တိများစွာပါဝင်ပါသည်။ ထို့ကြောင့် ဝက်ခြံ၊ အသားအရေမညီညာ လွန်းခြင်း၊ အဆီပြန်လွန်းခြင်းနှင့် အသားအရည်ခြောက်သွေ့ခြင်း စသည့်အသားအရည်ပြဿနာ များကို မင်းကွတ်သီးစားခြင်းဖြင့်ကုသပေးနိုင်ပါသည်။
ထို့ကြောင့်မင်းကွတ်သီးသည် ကျန်းမာရေးအတွက်အလွန်ကောင်းမွန်ပြီး စားသုံးရန်သင့်သော အသီးတစ်မျိုးဖြစ်ပါသည်။ တန်ဆေးလွန်ဘေးဟူသည့်စကားအတိုင်း မင်းကွတ်သီးကို စားသုံးတတ် လျှင် ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါသည်။
DOCA(ကယား)
