Main menu

ကျန်းမာသောခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ “နဂါးမောက်သီး” စားကြစို့

Powered by Drupal
Thu, 07/09/2026 - 13:07 -- consumer_admin

    နဂါးမောက်သီးသည် ထူးခြားသောအသွင်အပြင်နှင့် အလားအလာရှိသော ကျန်းမာရေး အကျိုးကျေးဇူးများစွာရှိသည့် အပူပိုင်းဒေသ သစ်သီးတစ်မျိုးဖြစ်သည်။ ပူအိုက်ပြီး မိုးရေများ သောပြည်နယ်များတွင် ရေငတ်ခံ ၊အကြမ်းခံ စိုက်ပျိုးနိုင်သည့် Cactus ရှားစောင်းမျိုးအနွယ် ဝင်ပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်ပင်သည် အမြင့်ပေ ၂၀ခန့်အထိ မြင့်တက်ကြီးထွားနိုင် သည်။ နဂါးမောက်သီးတွင် ပန်းရောင်၊ အနီရောင်၊ အဖြူရောင် သို့မဟုတ် အဝါရောင် အသား အရည်နှင့် အနက်ရောင် အစေ့ သေးသေးလေးများဖြင့် အစက်ချထားသော အဖြူ သို့မဟုတ် အနီ အသားသည် မည်သည့် အစားအစာတွက်မဆို ဆွဲဆောင်မှုဖြစ်စေနိုင်သော အသီးတစ်မျိုး ဖြစ်သည်။

     နဂါးမောက်သီးသည် အာဟာရဓာတ်၊ အရသာကြွယ်ဝကာ ကျန်းမာရေးအကျိုးကျေးဇူး များပါရှိပါသည်။ နဂါးမောက်သီးတွင် ကယ်လိုရီနည်းသော်လည်း ဗီတာမင်၊ သတ္တုဓာတ်များ၊ အမျှင်ဓာတ်နှင့် အန်တီအောက်ဆီးဒင့်များစွမ်းဆောင်မှုကြောင့် အာဟာရပြည့်ဝဆုံး superfruit တစ်မျိုးဖြစ်ပြီး အစာခြေ၊ ကိုယ်ခံအား၊ နှလုံးကျန်းမာရေးနှင့် အသားအရေကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပါသည်။ နဂါးမောက်သီးတွင် ဗီတာမင် C ပြည့်ဝမှုကြောင့် ကိုယ်ခံအား ကောင်းစေခြင်းကို ထောက်ပံ့ပေးပြီး ရောဂါပိုးများနှင့် အခြားထပ်တိုးရောဂါ များမဖြစ်စေရန် လျော့ချပေးနိုင်သည်။ ထို့အပြင်ဗီတာမင် သည်ကော်လဂျင်ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ် ပြီး ကျန်းမာနုပျိုသော အသားအရေကိုမြှင့်တင်ပေးနိုင်သည်။ သစ်သီးတွင်ပါဝင်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းနှင့် ရေဓာတ်ပါဝင်မှုများသောကြောင့်  အသားအရေကို ရေဓာတ်ထိန်းသိမ်းပေး ပြီး အရေးအကြောင်းနှင့် အသားအရေတင်းခြင်းတို့ကြောင့်  အိုမင်းရင့်ရော်ခြင်း လက္ခဏာများ ကိုလျှော့ကျစေပါသည်။ နဂါးမောက်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အသားအရေကို သဘာဝအ တိုင်းတောက်ပလာစေနိုင်ပါသည်။ အမျှင်ဓာတ်များနှင့် prebiotics ပါဝင်မှုကြောင့် အူလမ်း ကြောင်းကို ရှင်းလင်းပေးပြီး ဝမ်းချုပ်ခြင်းနှင့် အစာမကြေခြင်းကိုကာကွယ်နိုင်သည်။ ကယ်လိုရီ ပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်ပါဝင်မှု မြင့်မားသောကြောင့် နဂါးမောက်သီးသည်   ကိုယ်အလေး ချိန်ထိန်းလိုသူများအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေနိုင်သည်။ အမျှင်ဓာတ်သည် အချိန်ကြာကြာ ဗိုက်ပြည့်စေရန်ကူညီပေးပြီး အစားအစာများနှင့် အခြားသော မုန့်သရေစာများ စားချင်စိတ်ကို လျှော့ချပေးသည်။ နဂါးမောက်သီးကို မျှတသောအစားအသောက် များနှင့်အတူ စားသုံးပေးခြင်းအားဖြင့် ကိုယ်အလေးချိန်လျှော့ချရာတွင် အထောက်အကူပြုနိုင်ပါသည်။

          နဂါးမောက်သီးတွင် ကိုလက်စထရောအဆင့်ကို လျှော့ချပေးနိုင်ပြီး နှလုံးကျန်းမာရေးကို ထိန်းသိမ်းရာမှာ အရေးပါပါသည်။ ၎င်း၏ ဖိုက်ဘာပါဝင်မှု၊ အိုမီဂါ-၃ နှင့် အိုမီဂါ-၉ အဆီဖက် တစ်များ ပါဝင်သောအစေ့များကြောင့် (Low Density Lipoprotein) LDL (မကောင်းသော) ကိုလက်စထရောကို လျော့ချရန်နှင့် (High Definition Language ) HDL (ကောင်းသော) ကိုလက်ထစရောကိုတိုးစေနိုင်ပြီး နှလုံးသွေးကြော ဆိုင်ရာရောဂါ အန္တရာယ်ကို လျော့ချပေးနိုင် သည်။ ဒါပြင် နဂါးမောက်သီးတွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွင် ကိုလက်စထရော ဓာတ်တိုးခြင်းကို တားဆီးပေးပြီး နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပါသည်။ နဂါးမောက်သီးတွင် အမျှင်ဓာတ် များပါဝင်မှုကြောင့် သွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်အောင် ထိန်းညှိနှိုင်ပြီး သွေးကြောထဲရှိ သကြားဓာတ်စုတ်ယူမှုကို နှေးကွေးစေနိုင်ပါသည်။ ထိုပြင် ၎င်း၏ သဘာဝ ဒြပ်ပေါင်းများသည် အင်ဆူလင်၏ အာရုံခံနိုင်စွမ်းကို တိုးတက်စေနိုင်ပြီး ဆီးချိုရောဂါခံစား နေသူများအတွက် အကျိုးရှိစေသည်။ ထို့ကြောင့် ဆီးချို‌ရောဂါခံစားနေသူများအတွက် နဂါး မောက်သီးသည် အလွန်အသုံးဝင်သော သစ်သီးတစ်မျိုးဖြစ်သည်။ ကယ်ဆီလ်ယမ်နှင့် မဂ္ဂနီဆီ ယမ်ကဲ့သို့ မရှိမဖြစ်လိုအပ် သောသတ္တုဓာတ်များပါဝင်သောကြောင့် အရိုးနှင့် သွားများကို သန်မာကြံ့ခိုင်စေပါသည်။ သတ္တုဓာတ်များသည် အရိုးသိပ်သည်းဆကို ပံ့ပိုးပေးကာ အရိုးပွ ရောဂါဖြစ်နိုင်ခြင်းကို လျှော့ချပေးပြီး ကြွက်သားများ လုပ်ဆောင်မှုကို အထောက်အကူပြုနိုင် သည်။ နဂါးမောက်သီးကို ယေဘူယျအားဖြင့် စားသုံးရန်ဘေးကင်းသော်လည်း ပမာဏများပြား စွာစားသုံးပါက အပျော့စားဘေးထွက် ဆိုးကျိုးများကိုခံစားရစေနိုင်ပါသည်။ ထို့ကြောင့် ချင့်ချိန် ၍ အသင့်အသင့်သာ စားသုံးပေးပါက လိုအပ်သော အာဟာရဓာတ်များကြွယ်ဝပြီး ကျန်းမာသန် စွမ်းသော ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

DOCA(ကယား)