
ပင်စိမ်းပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင်ပေါက်ရောက်တတ်ပြီးသဘာဝအတိုင်းပေါ်ရောက် တတ်သလို ကိုယ်တိုင်စိုက်ပျိုးခြင်းများလည်းရှိပါသည်။ မျိုးစေ့မှအလွယ်တကူစိုက်ပျိုးနိုင်ပြီး မြေဩ ဇာအထူးမလိုအပ်သောအပင်လည်းဖြစ်ပါသည်။ ပင်စိမ်းပင်သည် အပင်ငယ်တစ်မျိုးဖြစ်ပြီး အရွက်မှာ သေးပြီးနူးညံ့ပါသည်။ တပေါင်း၊ တန်ခူးလတွင် အပွင့်ဖြူလေးများပွင့် လေ့ရှိပါသည်။ အရသာမှာ ပူစပ် စပ်ဖြစ်ပြီး ဟင်းချက်သည့်အခါအသုံးပြုကြပါသည်။ ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်း ညို၊ ပင်စိမ်းကြီး ဟူ၍ပင်စိမ်းအမျိုးမျိုးရှိပါသည်။ ပင်စိမ်းကိုဆေးဖော်စပ်ရာတွင် အရွက်နှင့် အစေ့ ကို အသုံးပြုပါသည်။ မြန်မာဆေးကျမ်းများထဲတွင် ပင်စိမ်းသည်ပူစပ်၍ အရသာ ခါးသောကြောင့် သလိပ် ကိုပျော်စေခြင်း၊ ရင်ကြပ်ခြင်း၊ အစာမကြေခြင်း၊ ချွဲကြပ်ခြင်းများကိုသက်သာစေကြောင်းဖော်ပြ ထားပါ သည်။ ပင်စိမ်းအရွက်နှင့်အစေ့ ကို မြန်မာဆေးဝါးအဖြစ်လည်းအသုံးပြု နိုင်သည်။ ခေါင်းတခြမ်း ကိုက် လျှင် ပင်စိမ်းသတ္ထုရည်ကို ယူပြီး နားထင်နှင့်နဖူးကိုလိမ်းပေးခြင်း၊ ပွေးနာ၊ ယားနာများအတွက် ပင်စိမ်း ရွက်ကို သံပုရာရည် နှင့်ရောပြီး ညက်နေအောင်ထောင်းကာ ရလာသောအရည်ကို အနာကိုပွတ် တိုက် လိမ်းပေးနိုင်ခြင်း၊ အစာမကြေ၊ ဝမ်းကိုက်ခြင်းများအတွက် ပင်စိမ်းသတ္ထုရည် ကိုသောက်ပေးခြင်း၊ ပင် စိမ်းရွက်ကိုပြုတ်၍သောက်ပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။ ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်း ဖြင့် ထည့်ပြီးမီးအပူပေးကာ ရလာသောအရည်နွေးနွေးလေးကို နှစ်စက်သုံးစက် ခန့်နားထဲထည့် ပေးပါက နားအူ၊ နားကိုက်၊ နားပြည်ယိုခြင်းများကို သက်သာစေနိုင်သည်။ လေငန်း လေဖြတ်၊ အဆစ်ရောင်ရော ဂါ များအတွက် ပင်စိမ်းပဥ္စငါးပါးကို ရေနွေးဖျော၍အငွေ့ရှူပေးခြင်း၊ ဆီး အောင့်ခြင်းများအတွက် ပင် စိမ်းစေ့ကိုသကြားရည်နှင့် ဖျော်ရည်အဖြင့်လည်း သောက်သုံးပေးခြင်းဖြင့် လည်းသက်သာစေ ပါ သည်။ အစာအိမ်လေနာ၊ ဝမ်းနာခြင်း ၊ အစားသောက်ပျက်ခြင်းများအတွက် ပင်စိမ်းရွက်ကို ထောင်းပြီး သောက် သုံးပေးနိုင်ပါသည်။ ကင်းမြီးကောက်ကိုက်ခံရလျှင်ပင်စိမ်းရွက်ကိုကြိတ် ၍အုံပေးခြင်းဖြင့် သက်သာစေ နိုင်ပါသည်။ ပင်စိမ်းရွက် အစိုကိုသုံးခွက်တစ်ခွက်တင်ကျိုပြီး ပူပူလေးသောက်ပေးပါက အအေး မိ၊နှာ စေး၊ချောင်းဆိုးခြင်းနှင့် တုပ်ကွေးရောဂါ များကိုလည်းသက်သာစေနိုင် ပါသည်။ ထိုသို့ အကျိုး ကျေးဇူး များသောပင်စိမ်းကို အမှတ်တမဲ့ဖြင့် အဖိုးတန်သည်ဟုမထင်ရသော်လည်း ကျန်းမာရေး အတွက်အလွန် အကျိုးရှိကြောင်းဖတ်ရှု့လေ့လာမှတ်သားသိရှိရပါသည်။ပင်စိမ်းပင်ကို မြင်းခြံမြို့၊ အေးမြသီတာဈေးတွင်ဇွန်လတတိယပတ်တစ်စီးလျှင်(၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူတစ်ဦးထံ မှသိရှိရသည်။
DOCA(မန္တလေး)
