Main menu

ငှက်ပျောသီး၏ အာဟာရတန်ဖိုးနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Tue, 06/30/2026 - 10:49 -- consumer_admin

           ငှက်ပျောသီးသည် ကမ္ဘာတစ်ဝန်းတွင် လူကြိုက်များသော အသီးအနှံတစ်မျိုးဖြစ်ပြီး အရှေ့တောင် အာရှဒေသမှ စတင်ပေါက်ဖွားလာခဲ့သည်ဟု ယူဆကြသည်။ အရသာချိုမြိန်ပြီး အာဟာရဓာတ်များစွာ ပါဝင်သောကြောင့် ကလေးလူကြီးမရွေး စားသုံးကြသည်။ မြန်မာနို်ငငံအပါအဝင် အပူပိုင်းဒေသများတွင် အလွယ်တကူ စိုက်ပျိုးနိုင်ပြီး ဈေးနှုန်းသက်သာသော အသီးလည်းဖြစ်သည်။

          ငှက်ပျောသီးတွင် ပိုတက်ဆီယမ်၊ ဗီတာမင် C ၊ ဗီတာမင် B6 ၊ အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ပါဝင်သည်။ အရွယ်အလတ်စား ငှက်ပျောသီးတစ်လုံးတွင် ကယ်လိုရီ (၁၀၀)ခန့်၊ ပိုတက်စီယမ် (၄၀၀)မီလီဂရမ်ကျော်နှင့် အမျှင်ဓာတ်(၃)ဂရမ်ခန့် ပါဝင်ကြောင်း အာဟာရဆိုင်ရာလေ့လာချက်များတွင် ဖော်ပြထားသည်။

          ငှက်ပျောသီး၏ အရေးကြီးဆုံး အကျိုးကျေးဇူးတစ်ခုမှာ နှလုံးကျန်းမာရေးကို အထောက်အကူပြု ခြင်းဖြစ်သည်။ ပိုတက်စီယမ်ဓာတ်သည် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးနှင့်သွေးကြောစနစ်ကို ကောင်းမွန်စေသည်။ ထို့အပြင် အမျှင်ဓာတ်ပါဝင်မှုကြောင့် အစာခြေစနစ်ကို ကောင်းမွန်ကာ ဝမ်းမှန်စေ သည်။

          အားကစားသမားများနှင့် ကိုယ်လက်လှုပ်ရှားမှုများသော သူများအတွက်လည်း ငှက်ပျောသီးသည် သဘာဝစွမ်းအင် အရင်းအမြစ်ကောင်းတစ်ခု ဖြစ်သည်။ ကာဗိုဟိုက်ဒရိတ်များ ပါဝင်သောကြောင့် လေ့ကျင့်ခန်း မပြုမီ (သို့မဟုတ်) ပြုလုပ်ပြီးနောက် စားသုံးပါက စွမ်းအင်ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ ထို့အပြင် ငှက်ပျောသီးတွင် ပါဝင်သော ဗီတာမင် C နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ကိုယ်ခံအား စနစ်ကို အားကောင်းစေပြီး ခန္ဓာကိုယ်ဆဲလ်များကို ထိခိုက်ပျက်စီးမှုမှ ကာကွယ်ပေးနိုင်သည်။

          နိဂုံးချုပ်အားဖြင့် ငှက်ပျောသီးသည် အရသာကောင်းမွန်ရုံ သာမက ကျန်းမာရေးအတွက် များစွာ အကျိုးပြုသော အသီးတစ်မျိုးဖြစ်သည်။ နေ့စဉ် အစားအစာထဲတွင် သင့်တင့်မျှတစွာ ထည့်သွင်းစားသုံး ခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

DOCA(ရှမ်း)