Main menu

အမေရိကန်နိုင်ငံသို့ ဗီယက်နမ် ဂဏန်းတင်ပို့မှု အဆမတန် မြင့်တက်လာ

Powered by Drupal

          ယခုနှစ် ပထမလေးလပတ်အတွင်း အမေရိကန်နိုင်ငံသည် ဗီယက်နမ် ဂဏန်းတင်ပို့မှု၏ အဓိကဈေးကွက်ဖြစ်ခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၅ ဆနီးပါးအထိ တိုးတက်လာခဲ့သည်။

           ဗီယက်နမ် ရေထွက်ကုန်ပစ္စည်း ပြုပြင်မွမ်းမံရေးနှင့် တင်ပို့ရောင်းချသူများအသင်း (VASEP) ၏ အဆိုအရ ယခုနှစ် ပထမလေးလပတ်တွင် ဗီယက်နမ်နိုင်ငံ၏ ကမ္ဘာ့ ဈေးကွက်အသီးသီးသို့ ဂဏန်းတင်ပို့မှုသည် ဒေါ်လာ ၂၃ သန်းနီးပါး ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

          အမေရိကန်ဈေးကွက်တစ်ခုတည်းတွင်ပင် ပထမလေးလပတ်အတွင်း ဗီယက်နမ်ဂဏန်း တင်ပို့မှုမှာ ဒေါ်လာ ၁၉ သန်းအထိရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၄၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ လက်ရှိတွင် ၎င်းသည် ဗီယက်နမ်ဂဏန်း စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၈၂ ရာခိုင်နှုန်းအထိ အချိုးအစားရှိနေသဖြင့် အဓိကအကျဆုံး ဈေးကွက်ကြီးဖြစ်နေသည်။

         အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ဂဏန်း (အထူးသဖြင့် အေးခဲဂဏန်း ထုတ်ကုန်များ) ကို အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံဖိုးခန့် တင်သွင်းနေသည်။ ဤပမာဏသည် အိမ်နီးချင်းဈေးကွက်များဖြစ်ကြသော ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့ထက် များစွာသာလွန်နေသည်။

           အထူးသဖြင့် Blue crabs နှင့် ပတ်သက်၍ အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား အပေါ် သိသာထင်ရှားသော လွှမ်းမိုးမှုရှိပြီး ၎င်းတို့ကို အာရှနိုင်ငံများမှ အဓိက တင်သွင်း လေ့ရှိသည်။ ဗီယက်နမ်နိုင်ငံအတွက်မူ အမေရိကန်စားသုံးသူများသည် အသားဂဏန်းနှင့် ပြုပြင်မွမ်းမံထားသော ဂဏန်းများကို ပိုမိုနှစ်သက်ကြပြီး အထူးသဖြင့် လက်လီအရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် အသင့်စား စားသောက်ကုန်ဆိုင်များတွင် ရောင်းချသော ထုတ်ကုန်များ ကို ပိုမိုဝယ်ယူကြသည်။

        VASEP ၏ အဆိုအရ ဗီယက်နမ်နိုင်ငံ၏ ဂဏန်းလုပ်ငန်းသည် အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထု စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (NOAA) ၏ ပင်လယ်ရေနေ နို့တိုက်သတ္တဝါများ ကာကွယ်ရေးအက်ဥပဒေ (MMPA) နှင့် ကိုက်ညီမှုရှိကြောင်း အသိအမှတ်ပြုခြင်း ခံထားရသဖြင့် တည်ငြိမ်သော စားသုံးမှုဈေးကွက်ကို ပိုမိုဖန်တီးပေးနိုင်ခဲ့သည်။

         ဂဏန်းထုတ်ကုန်များသည် အမေရိကန်ဈေးကွက်အပေါ် မှီခိုနေရခြင်းမှာ အသစ်အဆန်း မဟုတ်ကြောင်း VASEP က ဝန်ခံထားသည်။ သို့သော်လည်း အနာဂတ်တိုးတက်မှုသည် ကုန်ကြမ်းရရှိမည့် အရင်းအမြစ်များကို ထိန်းချုပ်နိုင်စွမ်း၊ ဇစ်မြစ်ကို ခြေရာခံနိုင်စွမ်း (Traceability) နှင့် ရေရှည်တည်တံ့သော ဖမ်းဆီးမှု စံနှုန်းများကို ထိန်းသိမ်းထားနိုင်မှုအပေါ်တွင် ပိုမိုမူတည်နေမည် ဖြစ်သည်။

        ကမ္ဘာ့ရေထွက်ကုန် ကုန်သွယ်မှုသည် ကုန်ကျစရိတ် မြင့်တက်လာခြင်း၊ စားသုံးသူများ၏ ဝယ်လိုအား သတိကြီးစွာ ရှိနေခြင်းနှင့် ပိုမိုတင်းကျပ်လာသော နည်းပညာဆိုင်ရာ သတ်မှတ်ချက်များကြောင့် ဖိအားပေးခံနေရသော်လည်း ဂဏန်းတင်ပို့မှုမှာ တစ်လထက်တစ်လ တသမတ်တ ည်း တိုးတက်လာနေခြင်းသည် ကောင်းမွန်သော လက္ခဏာတစ်ရပ် ဖြစ်သည်။

       ယေဘုယျအားဖြင့် အမေရိကန်သို့ ရေထွက်ကုန်တင်ပို့မှုအပေါ် ဖိအားများရှိနေသည့် ကြားမှ ဂဏန်းတင်ပို့မှုသည် အလားအလာ အကောင်းဆုံး ဖြစ်နေသည်။ အကောက်ခွန် ဦးစီးဌာန၏ အဆိုအရ ယခုနှစ် ပထမငါးလအတွင်း ဤဈေးကွက်သို့ ရေထွက်ကုန် တင်ပို့မှုတန်ဖိုးသည် ဒေါ်လာ ၇၀၂ သန်း ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)