Main menu

တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင်ရုံးပတီစိုက်‌တောင်သူများအကျိုးအမြတ်ရရှိ

Powered by Drupal
Mon, 06/22/2026 - 16:21 -- consumer_admin

                ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ရာသီပေါ်သီးနှံနှင့်ပဲမျိုးစုံတို့ကို စိုက်ပျိုးကြပြီး ရုံးပတီသီးများကို  မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိ ကြောင်းသိရသည်။

           ရုံးပတီသီးကို တစ်ဧက စိုက်ပျိုးလျှင် ဒေသမျိုးစေ့ နို့ဆီဗူး (၁၀)ဗူးခန့် ကုန်ကျပြီး ဒေသ မျိုးစေ့(၁)ဗူးလျှင် ၁၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ဧပြီလအလယ်တွင် စတင်စိုက်ပျိုးရပြီး စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ၍ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၄ သိန်းကျော်ခန့် ကုန်ကျပါကြောင်း၊ စိုက်ပျိုးပြီးတစ်လခွဲအကျော်တွင် စတင်ခူးဆွတ်နိုင်ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ရုံးပတီသီး အရေအတွက် ပိဿာ(၄၀၀) ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှု အပေါ် မူတည်၍ သီးနှံအထွက်နှုန်းများကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ရုံးပတီသီး (၁)ပိဿာလျှင် လက်ကားဈေး (၂၈၀၀)ကျပ်ဖြင့် ရောင်းချရပြီး လက်လီရောင်းချသူများသည် ရုံးပတီသီး (၁)ပိဿာ လျှင်  (၃၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကာ ကုန်ကျစရိတ်နုတ်ပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၈ သိန်းခန့် ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် တောင်ငူမြို့ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ ရောင်းချလျက်ရှိပြီးရုံးပတီသီး စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေ‌ ချေောမွေ့စွာ လုပ်ကိုင်လျက်ရှိကြောင်း ရုံပတီးစိုက်ပျိုးသူ တောင်သူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)