Main menu

“မိုးစပါးများစတင်ပျိုးထောင်”

Powered by Drupal
Tue, 06/16/2026 - 11:30 -- consumer_admin

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသ တစ်ခုဖြစ်သော ကြောင့် မိုးစပါးစိုက်ပျိုးရန်အတွက် ပျိုးများစတင်ထောင်နိုင်ရန်အတွက် ပျိုးကြဲရေများ လွတ်ပေး လျက်ရှိရာ မိုးစပါးများစိုက်ပျိုးရန် တောင်သူဦးကြီးများမှ ပျိူးများစတင် ထောင်လျက်ရှိပါသည် ။ နွေစပါးတစ်ဧက စိုက်ပျိုးရန်အတွက် မျိူးစပါး(၂)တင်း အသုံးပြုရကြောင်း ၊ မျိုးအနေဖြင့် ဧရာပဒေသာမျိုး နှင့် သုခမျိုးများကို စိုက်ပျိုးကြကြောင်း ၊ အများဆုံးစိုက်ပျိုးသောမျိုးမှာ သုခမျိုး ဖြစ်ကြောင်း၊ ယခု ဇွန်လ ပထမအပတ်မှ စတင်၍ပျိုးများထောင်လျက်ရှိကြောင်း၊ မျိုးစပါး ပေါက်ဈေးအနေဖြင့်ဧရာပဒေသာ(၁)တင်းလျှင်(၄၀၀၀၀)ကျပ်၊ဈေးဝယ်ယူရကြောင်း ပျိုးထောင်ရန် အတွက် ထယ်ရေးပြင်ရာတွင် နွားချေးနှင့်ဖွဲပြာ အောက်ခံထားပြီး ပျိုးထောင်ပါက ပျိုးပင် ဖြစ်ထွန်းမှုအားကောင်းကြောင်း ပျိုးပင် တစ်လသားအရွယ်တွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်ကြောင်း ၊ တောင်သူအနည်းငယ်သာ ၊ ပျိုးနုတ် လယ်ထွန်၊ ကောက်စိုက်စရိတ် သက်သာစေရန် တိုက်ရိုက် အစေ့ချ ၊ ပတ်ကြဲစနစ်ကို အများဆုံး စိုက်ပျိုးလာကြကြောင်း ၊ တိုက်ရိုက်အစေ့ချ စိုက်ပျိုးမှုတွင် စိုက်ပျိုးပြီး (၁)လကျော်အချိန်တွင် သမန်းနှိုးပေးရကြောင်း ၊ သမန်းနှိုးသည့်အနေဖြင့် နွားထွန်ဖြင့် သမန်းနှိုးပြီး ဓာတ်မြေဩဇာထည့်သွင်းပတ်ကြဲပေးရကြောင်း၊ တောင်သူများ အနေဖြင့် ပျိုးထောင်ပြီး ရွှေ့ပြောင်းစိုက်ပျိုးသည့် စနစ်ကိုအသုံးပြုမှုနည်းကြောင်း ၊ စိုက်ပျိုးစရိတ် သက်သာစေရန်အတွက် တိုက်ရိုက်အစေ့ချ ပတ်ကြဲစနစ်ကိုသာ အသုံးပြုမှုပိုမိုများပြားလာကြောင်း ၊ တစ်ဧကစိုက်ပျိုးရန် အတွက် ပျိုးထောင်စရိတ်အနေဖြင့် ထွန်ယက်မြေပြင် ၊ ပျိုးစပါး ၊ လုပ်သားခ စုစုပေါင်း (၁၅၀၀၀၀)ကျပ် ဝန်းကျင်ကုန်ကျကြောင်း၊စပါးပျိုးထောင်သော တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)