
ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျှက်ရှိရာ စားဖို ဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ၊ငရုတ်တို့အပြင် ဘူးပင်များကိုစီးပွားဖြစ် စိုက်ပျိုးလာကြပါ ကြောင်း၊ ဘူးပင်ကို ကျောက်ဆည်မြို့နယ် ၊ ပင်တလည်ကျေးရွာနှင့် ပေါင်လောင်ကျေးရွာများ၌ မြစ်ဘေး တလျှောက်တွင် စိုက်ပျိုးကြပါကြောင်း၊ စိုက်ပျိုးမည်ဆိုပါက မြေဆွေး၊မြေဆီများကို သမ အောင်ရောမွှေပြီး စိုက်ဘောင်ပြုလုပ်၍ စိုက်ပျိုးရပါကြောင်း၊ အများဆုံး စိုက်ပျိုးသည့် ဘူးမျိုးများ မှာဘူးသပိတ်၊ဘူးလည်လှ၊ဘူးရှည် မျိုးများကိုစိုက်ပျိုးကြကြောင်း၊ ဘူးပင်သည်နှစ်ပတ်လည် စိုက်ပျိုး ၍ရသောအပင်ဖြစ်ပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သား အပါအဝင် စုစုပေါင်း (၉၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ ဘူးပင်စိုက်ပျိုးပြီး (၇၅-၉၀)ရက်အကြာတွင် အသီးများစတင်ခူးဆွတ်၍ရကြောင်း၊ ဘူးသီးကို မနုမရင့်အနေတော် အနေအထားတွင် ခူးဆွတ်ကြ ပါသည်။ ဘူး(၁)ဧက အထွက်နှုန်းအနေဖြင့်(၃၀၀၀-၃၅၀၀)လုံးခန့်ထွက်ရှိကြောင်း၊ ဘူးသီးစျေးနှုန်း အနေဖြင့် ဘူးသီးအနေအထားပေါ်မူတည်၍ လက်ကားစျေးအနေဖြင့် တစ်လုံးလျှင် (၈၀၀-၁၀၀၀) ကျပ်အထိရောင်းချရကြောင်း၊ လက်လီစျေးအနေဖြင့် ဘူးသီးတစ်လုံးလျှင်(၁၃၀၀-၁၅၀၀) ကျပ် စျေးနှုန်းများရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁၆၀၀၀၀၀/-)ဝန်းကျင်ခန့်မြတ်ကြောင်း၊ ကုန်စိမ်း ပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှ ဘူးသီးများကို ခရီးသည် တင်ကားများဖြင့် ရန်ကုန်၊ မော်လမြိုင် နှင့် မန္တလေးမြို့ရှိစျေးများသို့ ပို့ဆောင်ရောင်းချကြကြောင်း ၊ ဘူးသီးစိုက်ပျိုးခြင်းဖြင့် ဘူးညွန့်ပါရောင်းချရကြောင်း၊ ဘူးညွန့်တစ်စည်းလျှင် (၅၀၀/-) ကျပ် စျေးနှုန်းဖြင့်ရောင်းချရပါကြောင်း၊ ဘူးသီး၊ ဘူးရွက်၊ ဘူးညွန့်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက် ကြပါကြောင်း၊ ဘူးသီးအသားကိုလှီး၍ ဆန့်မှုန့်၊ ပဲမှုန့်၊ ရွှေခြည်တို့ဖြင့် ကြော်သော ဘူးသီးကြော်သည် မြန်မာတို့၏ နာမည်ကျော် သရေစာ တစ်မျိုးဖြစ်ပါကြောင်း၊ ဘူးသီးအသားကို လှီး၍ အခြောက်လှန်း ပြီးနောက် ရာသီကုန်သည့်အခါ ယင်းကို ရေနွေးဖျော်၍ သုတ်စားချက်စားကြ ပါကြောင်း၊ ဘူးပင်စိုက်ပျိုးရာတွင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရရှိ စေရုံသာမက စိုက်ပျိုးသော တောင်သူများအတွက်လည်း စျေးကောင်းရသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ် များစွာရရှိစေနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)
