Main menu

မြန်မာ့ဟင်းတစ်ခွက်  စာငှက်စွေ့မှို (ခေါ်) ငှက်ကျွေစာမှို အကြောင်း တစ်စေ့တစ်စောင်း

Powered by Drupal
Mon, 06/15/2026 - 14:38 -- consumer_admin

            မြန်မာနိုင်ငံတွင် သဘာဝအလျောက် ပေါက်လျက်ရှိသော စာငှက်စွေ့မှို (ခေါ်) ငှက်ကျွေစာမှို သည် အလွန်အရသာရှိပြီး စားသုံးမှုနည်းစနစ်မမှန်ကန်ပါက ဆိုးကျိုးများနှင့် အန္တရာယ်ကို ဖြစ်စေပါသည်။ ဒေသအလိုက် တောင်ပို့မှိုဟုလည်းခေါ်ကြပါသည်။ နှစ်တစ်နှစ်၏ မိုးဦးကျကာလ မေလ နောက်ဆုံး ဇွန်လအစပိုင်းတို့သည်  ငှက်စွေ့မှို စတင်ထွက်ရှိချိန်ဖြစ်ပါသည်။ ယခုကဲ့သို့ မိုးဦးကျချိန်တွင် ဈေးကွက်၌ ဝယ်လိုအားမြင့်၍ ဈေးအကောင်းဆုံးရနိုင်သောမှိုတစ်မျိုးဖြစ်သည်။ ၎င်းမှိုသည် တောင်ယာမြေဘေးရှိ သစ်ပင်ကြီးများ၏ အရိပ်ရ မြေဆွေးများရှိသောနေရာများ၊ တောင်ပို့များနှင့် တောင်ကုန်း မြေစောင်းများတွင်လည်း ပေါက်လျက်ရှိပါသည်။ မိုးဦးကျကာလ ဖြစ်၍ မြေအောက်ရှိအပူရှိန်နဲ့ မိုး‌ရေငွေ့တို့ ပေါင်းစပ်ပြီးခြတောင်ပို့အနီးတစ်ဝိုက် သို့မဟုတ် ခြအုံဟောင်းများရှိရာ မြေကြီးထဲမှနေ၍ အုပ်စုလိုက်ရုတ်တရက် ရုံးထွက်ပေါက် ရောက်တတ်ပါ သည်။ အညာဒေသတွင် ကုန်းပေါ်၌ ပေါက်သော မှိုသည် အရွယ်အစားကြီးမားပြီး ထီးသဏ္ဍာန် အပွင့်ကြီး အသားပိုထူ၍ အရသာပိုချိုသည်။မှိုအရောင်သည် ကောက်ရိုးမှိုအရောင် သို့မဟုတ် ညိုမှိုင်းမှိုင်း အရောင်ရှိတတ်သည်။ အပွင့်ငုံနေချိန်တွင် ငှက်ဦးခေါင်းသဏ္ဍာန်နှင့်တူသောကြောင့် ငှက်စွေ့မှို ဟု ခေါ်ကြသည်။ မြေအောက်နက်နက်မှ ရုန်းထွက်ရသဖြင့် ခြေတံ ရှည်၍  ရိုးတံမှာ ပွပွနှင့် တုတ်တုတ်ဖြစ်သည်။ သဘာဝအတိုင်းပေါက်ရောက်သော မှိုဖြစ်သဖြင့် ဓာတု‌ဗေဒ ပိုးသတ်ဆေးနှင့် မြေသြဇာအန္တရာယ်လုံးဝမရှိဘဲ အာဟာရများကြွယ်ဝစွာ ပါဝင်ပါသည်။   အသားဓာတ်ကြွယ် ဝခြင်း၊ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ခြင်း၊ ဗီတာမင် ဘီအုပ်စု   B12- B6- ဗီတာ မင် C ပိုတက်စီယမ်၊ ဖော့စဖရပ်နှင့် သံဓာတ်တို့ပါဝင်သဖြင့် ခန္ဓာကိုယ်ခုခံအား ကောင်းမွန်စေခြင်း၊ အမျှင်ဓာတ်ပါဝင်တာကြောင့် အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ဆီးချို၊ သွေးတိုး သမားများအတွက် သင့်တော်သည်။  မှိုကို မန်ကျည်းသီးမှည့်နှင့် သော်လည်ကောင်း၊ ခရမ်းချဉ်သီးနှင့် သော်လည်ကောင်း၊ ချဉ်ပေါင်ရွက်နှင့်သော်လည်းကောင်း ရော၍ အချဉ်ချက်စား ကြသလို ငရုတ်သီးစပ်စပ်  မှိုကန်စွန်းဖြင့် အချိုစပ်ချက်လည်း ချက်ပြုတ်စားသောက်ကြသည်။ အစပ် ၊ အချဉ်တို့သည်  အဆိပ်အတောက်ပြေစေသည်။ ပုဇွန်ခြောက် သို့မဟုတ် ငါးခြောက်၊ မျှစ်၊ ကန်စွန်းရွက်တို့ ရောကာ မိုးအေးအေးလေးဖြင့် ဟင်းခါးချက်သောက်ပါက အလွန်ခံတွင်းမြိန်စေ ပါသည်။ အမိုး ဦးကာလတွင် ငှက်စွေ့မှိုနှင့် အလားသဏ္ဍာန်တူသော အဆိပ်ရှိမှိုများသည်လည်း တစ်ပြိုင်တည်းထွက်ပေါ်သောကြောင့် မိမိတို့အနေဖြင့် ခွဲခြားတတ် ဖို့လည်းလိုအပ်ပါတယ်။ အဆိပ်ရှိသောမှိုများ စားသုံးမိပါက အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ မူးဝေခြင်း များဖြစ်တဲ့အပြင် အသက်အန္တရာယ် ပါထိခိုက်စေနိုင်ပါသည်။ ငှက်စွေ့မှို တွင်မှိုဆဲလ်နံရံအမျှင်ဓာတ်များ ပါဝင် သဖြင့် အစာခြေစနစ်အားနည်းသူများ  သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အလွန် အကျွံ့ စားသုံးပါကအန္တရာယ်ဖြစ်စေသည့်အတွက် ချင့်ချိန်စားသုံးသင့်ပါသည်။ လွိုင်ကော်မြို့နယ် လောပိတကျေးရွာ၊ လောကထူး၊ လေးမိုင်စံပြ၊ မိုင်ကန်း၊ မထောခူစသော ကျေးရွာများတွင် နေထိုင်သော ကျေးလက်နေပြည်သူများသည် မှိုများကို တောတောင်များ၌သွား၍ ရှာဖွေကြ သည်။ ရှာဖွေရရှိ သောမှိုများအား လွိုင်ကော် မြို့သီရိမင်္ဂလာဈေး၌ ပြန်လည်ရောင်းချကြသည်။ ထို့ကြောင့်မိသား စုဝင်ငွေအဖြစ် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါသည်။

DOCA(ကယား)