မြင်းခွာရွက်ပင်သည် မြေကြီးပေါ်တွင် တွားသွားသောပင်စည်ပျော့မျိုးဖြစ်သည်။ မြင်းခွာ ရွက်ပင်သည်အခြားအပင်များကဲ့သို့ အထက်သို့တည့်တည့်မတ်မတ်မပေါက်နိုင်ဘဲ မြေကြီး တစ်လျောက် သာလျှောက်၍ပေါက်တက်သည်။မြင်းခွာပုံသဏ္ဍာန်ရှိသောကြောင့် မြင်းခွာရွက် ဟုခေါ်ဆိုရခြင်း ဖြစ်ပါသည်။ အဆစ်များမှ အမြစ်မျှင်များထွက်လာပြီးလျှင် မြေကြီးကိုကုတ် ထားသောကြောင့် ရေနှင့်ဓာတ်ဆားရည်များကို လိုသလောက်ရရှိနိုင်သည်။ ထို့ကြောင့်မြေဩဇာ ကောင်းသည်ဖြစ် စေ၊မကောင်းသည်ဖြစ်စေ နေရာမရွေးပေါက်နိုင်သဖြင့် အခြားအပင်များထက် မျိုးဆက်ပိုမို ပြန့်ပွားနိုင်လေဖြစ်သည်။ ပင်မှအမြစ်မှပျက်သွားစေကာမူ သေမသွားပဲ အပင် သစ်တစ်ပင် ပြန်လည်ဖြစ်ထွန်းလာနိုင်သည်။ မြင်းခွာရွက်တွင် အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် B2 တို့ ပါ ဝင်ပါ သည်။ မြင်းခွာရွက်သည် အလေ့ကျပေါက်ရောက်သောအပင်ဖြစ်သော်လည်း အချို့မှာစီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ မြင်းခွာ ပင်သည် တစ်နှစ်ခံပင် (သို့မဟုတ်) နှစ်ကြာ ခံပင်မျိုး ဖြစ်၍ ယင်းကို မြန်မာနိုင်ငံ နေရာ ဒေသ အနှံ့အပြား တွေ့ရှိနိုင်ပါသည်။
မြင်းခွာရွက်ကိုသုပ်စားခြင်း၊ တို့မြှုတ်စရာ၊ ဟင်းချိုဟင်းခါးတို့အဖြစ် စားသုံးလေ့ ရှိကြ သည်။ ကျန်းမာရေးအတွက် မြင်းခွာရွက်ဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးနိုင်ပါသည်။ သုတေ သနတွေ့ရှိချက်များအရ မြင်းခွာရွက်တွင်ပါဝင်သော tritetpenoids ဒြပ်ပေါင်းများသည် တစ် သျှူးဖြစ်ပေါ်စေသော ကိုလာဂျင်ထုတ်လုပ်ရာတွင်အားပေးသည်။ ပျက်စီးသွားသော တစ် သျှူး များကိုပြန်လည်ကောင်းမွန်စေသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ စုဝေးရောက်ရှိစေခြင်း ကြောင့်အနာကျက်မှုကိုမြန်ဆန်စေပြီး အမာရွတ်ဖြစ်ပေါ်မှုကို သေးငယ်စေသည်။ စိတ်ဖီးစီးမှု ကြောင့်ဖြစ်သော အစာအိမ်နာရောဂါဝေဒနာရှင်များကို မြင်းခွာရွက်ဆေးအနှစ်သည် ပျောက် ကင်းစေနိုင်ကြောင်းဖော်ပြထားပါသည်။ မြင်းခွာရွက်သည် စိတ်ကိုငြိမ်သက်စေပြီး အိပ်ပျော် စေ တက်သောအာနိသင်နှင့် စိတ်ဖိစီးမှုကို လျော့ပါးစေသောအာနိသင်၊ မျက်စိကိုအား ကောင်းစေခြင်း၊ မှတ်ဉာဏ်နှင့် ဉာဏ်ရည် မြင့်မားစေနိုင်သော အာနိသင်များ ရှိကြောင်း သိရပါသည်။
မြင်းခွာရွက်ကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့် အသက်အရွယ်ကြီးရင့်၍ အရိုးအဆစ် များပွကာရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်သည်။ သွေးတိုးရောဂါကို ကျဆင်းစေနိုင်သည်။ မြင်းခွာရွက်တစ်ရွက်ခြင်းစီးကိုလည်း ဝါးစားခြင်း၊ ဖျော်ရည်ကို ဆေးတစ် ခွက်စာပမာဏ ဟင်းစားစတီးဇွန်းနှင့် ၃ ဇွန်းကို သောက်ပေးနိုင်ပါသည်။ သွေးတွင်းအဆိပ် အတောက်များကို ဖယ်ရှားပေးနိုင်ပါသည်။ သွေးတွင်းသကြားဓာတ်ပမာဏကို ကျဆင်းနိုင်ခြင်း ကြောင့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်စေပါသည်။ သွေးစီးဆင်းမှု ကောင်းစေနိုင်သော ကြောင့် နှလုံးကျန်းမာစေဖိုလည်း အထောက်အကူပေးနိုင်ပါသည်။သွေးကြောထဲတွင် အဆီ များကို လျော့ပါးစေဖို့ လုပ်ဆောင်ပေးသောကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက်နှ လုံးရပ်ခြင်း မဖြစ်စေရန် အထောက်အကူပြုသည်။ လေဖြတ်ခြင်းမှလည်း ကာကွယ်ပေး နိုင် သည်။
ထိုသို့ကျန်းမာရေးအကျိုးကျေးဇူးများစွာဖြင့် မြင်းခွာရွက်ကို စိုက်ပျိုးခြင်းလည်းလွယ်ကူ၊ ဈေးလည်းသက်သာ၊ ဝယ်ယူရသည်မှာလည်းမခက်၊ အာဟာရဓာတ်များလည်း မြင့်မားသည့်အတွက်ကြောင့် စားသုံးပေးသင့်ပါသည်။
DOCA(ကယား)
