Main menu

ကြက်မောက်သီး၏အကျိုးကျေးဇူးများ

Powered by Drupal
Fri, 06/12/2026 - 13:13 -- consumer_admin

     ကြက်မောက်သီး၏ ရုက္ခဗေဒအမည်မှာ Nephelium Lappaceum ဖြစ်ပြီး အပူပိုင်းဒေသတွင် အဓိကပေါက်ရောက်ပါသည်။ ကြက်မောက်သီးကို အရှေ့တောင်အာရှတွင် စတင်တွေ့ရှိခဲ့ပါသည်။ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတွင် အမြောက်အများ စိုက်ပျိုးကြပါသည်။ ကြက်မောက်သီး သည် အာဟာရ ကြွယ်၍ ကျန်းမာရေးကို အကျိုးပြုသော အသီးအနှံဖြစ်သည်။ ကြက်မောက်သီးတွင် ဗီတာမင်၊ သတ္တုဓာတ်နှင့် အခြားအကျိုးပြုဓာတ်များစွာ ပါဝင်ပါသည်။ ကြက်မောက်သီး ၁၀၀ ဂရမ်တွင် အမျှင်ဓာတ် ၂ ဂရမ်ထိပါဝင်ပါသည်။ ဗီတာမင်စီ ကြွယ်ဝသောကြောင့် အစာမှတဆင့် ရရှိ သည့် သံဓာတ်ကို ပိုမိုစုပ်ယူနိုင်အောင် အထောက်အကူ ပြုပါသည်။ ကိုယ်ခံစွမ်းအားကိုလည်း မြှင့် တင်ပေးပြီး ကျန်းမာရေးကိုလည်းပိုမိုကောင်းမွန်စေပါသည်။ ကြက်မောက်သီးကို တစ်ရက်လျှင် ၅ လုံးခန့်စားသုံးလျင် ဗီတာမင် စီ တစ်ရက်တာလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကို ရရှိစေပါသည်။ ထို့အပြင် ကြက်မောက်သီးတွင် မန်ဂနိစ်၊ ဖော့စဖောရပ်စ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်စသည့် သတ္တုဓာတ်များလည်းပါဝင်ပါသည်။

     ကြက်မောက်သီးတွင် ပါဝင်သည့် အမျှင်ဓာတ်သည် အစာချေနှုန်းကို နှေးစေပါသည်။ ဗိုက် ပြည့်စေသည့် ခံစားချက်ကိုပေးပြီး ကယ်လိုရီမြင့်မားသည့်အစားအစာ စားသုံးခြင်းကို နည်းပါးစေ သည့်အတွက်ကြောင့် ကိုယ်အလေးချိန်လျော့ချနိုင်ရန် အထောက်အကူပြုပါသည်။ ကြက်မောက် သီးသည် ရောဂါပိုးများ ကူးစက်ခံရခြင်းမှလည်း ကာကွယ်ပေးပါသည်။ ကြက်မောက်သီးတွင် ဗီတာ မင် စီ ကြွယ်ဝပြီး သွေးဖြူဥများထုတ်လုပ်ခြင်းကိုအားပေးသောကြောင့် ကိုယ်ခံစွမ်းအားတိုးမြှင့် ပေး ပြီး ရောဂါပိုးများဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရှေးယခင်တည်းက ကြက်မောက် သီး အခွံကို ရောဂါပိုးကူးစက်ခံရမှုများကို ကာကွယ်သည့် ဆေးဝါး များအနေဖြင့်အသုံးပြုကြပါသည်။

          သုတေသနအချို့အရ ကိုလက်စထေရောနှင့် Triglyceride ကိုကျဆင်းစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါသည်။ အင်ဆူလင် အာရုံခံနိုင်စွမ်းကိုလည်း မြင့်တက်စေပြီး ဆီးချို ကိုထိန်းနိုင်အောင်လည်း အထောက်အကူပြုပါသည်။ ကြက်မောက်သီးသည် သတိပြုနိုင်ရန်အချက် များလည်းရှိပါသေးသည်။ ကြက်မောက်သီးအစေ့သည် အဆိပ်သင့်နိုင်ချေရှိသည်ဟု သုတေသိအ ချို့က ဆိုကြပါသည်။ ထို့ကြောင့် အစေ့ကိုစားသုံးခြင်းသည် အန္တရာယ်များစေသည့်အတွက် စား သုံးရန်မသင့်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ကယား)